ဂျပန် ကုန်စည်ပြပွဲ ၂၀၁၃ မတ်လ ၉ ရက်တွင် ဖွင့်လှစ်

Japan External Trade Organization(JETRO) က ကြီးမှူး ကျင်းပသော ဂျပန်ကုန်စည် ပြပွဲ
၂၀၁၃- (Japan Expo 2013) ဖွင့်ပွဲအခမ်းအနားကို မတ်လ ၉ ရက်နေ့တွင် မရမ်းကုန်းမြို့နယ်ရှိ
Myanmar Convention Centre-(MCC) ခန်းမ ၌ ကျင်းပပြုလုပ်ခဲ့သည်။

Japan Expo 2013 ဖွင့်ပွဲအခမ်း အနားကို ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေ၊ ရန်ကုန်
တိုင်းဒေသကြီး ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီး ဒေါ်စန်းစန်းနွယ်၊ ရန်ကုန်တိုင်းဒေသကြီး သစ်တောနှင့်
စွမ်းအင်ဝန်ကြီး ဦးကျော်စိုး၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးသံအမတ်ကြီး၊ JETRO Tokyo မှ
executive vice president၊ JETRO Yangon မှ executive managing director တို့က
အခမ်းအနားကို ဖဲကြိုး ဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

Japan Expo 2013 တွင် ကုမ္ပဏီ ပေါင်း ၁၀၆ ခုပါဝင်ပြသပြီး ဂျပန် နိုင်ငံမှ လျှပ်စစ်ပစ္စည်း၊ အလှ
ကုန်များ၊ စက်ကိရိယာများ၊ စားသောက်ကုန်၊ လူသုံးကုန် စသည့် လုပ်ငန်းအမျိုး အမည်ပေါင်းများ
စွာ ပါဝင်ပြသခဲ့သည်။

ဂျပန်ကုန်စည်ပြပွဲ ၂၀၁၃ ကို မတ်လ ၉ ရက်မှ ၁၁ ရက်ထိ သုံးရက်ကြာ ကျင်းပပြုလုပ်ခဲ့သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - အိမ်ခြံမြေကဏ္ဍ