ရွှေပိုးနန်းတော် အဆင့်မြင့်ပိုးထည်နှင့် ချည်ထည်ဆိုင်ခွဲဖွင့်လှစ်

မြန်မာနိုင်ငံဂီတ အစည်းအရုံး၏ စည်းရုံးရေးမှူးနှင့် မူပိုင်ခွင့်ချိုးဖောက်မှု ကာကွယ်တားဆီးရေး
ကော်မတီ အတွင်းရေးမှူးဖြစ်သူ ကိုသားစိုးမှ "ရွှေပိုးနန်းတော်" အမည်ရှိ ပိုးထည်နှင့် ချည်ထည်ဆိုင်
ခွဲကို အမှတ် ၈/ဃ ၊ မိုး ကောင်းလမ်းသွယ်၊ မိုးကောင်းလမ်းမကြီး၊ ရန်ကင်းမြို့နယ်တွင် မတ်လ ၂၃
ရက်နေ့၌ ဖွင့်လှစ်လိုက်ပြီဖြစ်သည်။

"ရွှေပိုးနန်းတော် ဆိုင်ခွဲဖွင့်လှစ်ရတဲ့ ရည်ရွယ်ချက်ကတော့ customer တွေက အားပေးတဲ့အတွက်
ကြောင့်ပါ၊ ဘောက်ထော်၊ ရန်ကင်း၊ တောင်ဥက္ကလာ က customer တွေ အလွယ်တကူကားရပ်ပြီး
ဝယ်လို့ရအောင် ဖွင့်ဖြစ်တာပါ၊ ဒါက ဒုတိယဆိုင်ခွဲပါ၊ ပထမဆိုင်ခွဲက မြို့ထဲ၊ ရွှေတောင်တန်းလမ်း
မှာပါ"ဟု ကိုသားစိုး က ဆိုင်ဖွင့်ပွဲနေ့တွင် ပြောသည်။

ဆိုင်ဖွင့်ပွဲအထိမ်းအမှတ်အနေဖြင့် ၁၀ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းအထိ ဈေးလျှော့၍ မတ်လ ၂၃
ရက်နေ့မှ ဧပြီလ ၁၀ ရက်နေ့အထိ ရောင်းချပေးသွားမည်ဟုလည်း ၎င်းကပြောသည်။

ဆိုင်ခွဲဖွင့်လှစ်ခြင်း အထိမ်းအမှတ်အဖြစ် အမျိုးသားများအတွက် ချည်ပုဆိုး၊ အဆင့်မြင့်တိုက်ပုံ
လည်ကတုံး၊ အမျိုးသမီးအတွက် ချည်ချိတ်အကောင်း စားတစ်ထည်၊ ချည်ပိုးအင်္ကျီတစ်ကိုက်စ၊
ပ၀ါစသည့် အမျိုးအစားခြောက်မျိုး စုစုပေါင်းကို ကျပ် ၅,၅၀၀၀ ဖြင့် ရောင်းချပေးခဲ့ကြောင်းလည်း
သိရသည်။

ထို့ပြင် ၂၀၁၂ ဇူလိုင်မှ ၂၀၁၂ ဒီဇင်ဘာ ၃၀ ရက်မတိုင်ခင် "ရွှေပိုးနန်းတော်" မှ ၀ယ်ယူခဲ့သည့်
customer ၁၃၉ ဦးကိုလည်း ဗလာမပါကံစမ်းမဲဖောက်ပေးခဲ့ကြောင်းလည်း သိရသည်။

"လောလောဆယ်မှာ ခိုးကူးခွေတွေ နှိမ်နင်းဖို့ လုပ်နေပါတယ်၊ ကျွန်တော်တို့ အနေနဲ့ တော်တော်
ဖမ်းပါတယ်၊ လမ်းပေါ်မှာ အရင်တုန်းကလို ခိုးကူးခွေတွေ အရမ်းကြီးမရှိတော့ပါဘူး၊ ဒါကျွန်တော်
တို့အဖွဲ့ မြန်မာနိုင်ငံ ဂီတအစည်းအရုံး ရဲ့ ကြိုးပမ်းမှုပါပဲ"ဟု ကိုသားစိုးက မြန်မာတိုင်း(မ်)ကို
ပြောသည်။

မူပိုင်ခွင့်ချိုးဖောက်မှုကာကွယ် တားဆီးရေးကော်မတီအဖွဲ့တွင် အတွင်းရေးမှူးအဖြစ် ဆောင်ရွက်နေ
သည်မှာ သုံးလရှိနေပြီဖြစ်ပြီး အဆိုပါသုံးလအတွင်း တွင် ခိုးကူးခွေအမှုပေါင်း ၃၂ မှု ဖမ်းဆီး နိုင်ခဲ့
ကြောင်းလည်း ၎င်းကပြောသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - အိမ်ခြံမြေကဏ္ဍ