လှည်းတန်းခုံးကျော်တံတား မေလ ပထမပတ်တွင် ဖွင့်ပွဲပြုလုပ်မည်ဟုသိရ၊ နာနတ်တောပွိုင့်အား ဖျက်သိမ်းပြီးဖြစ်

ရွှေတောင်ဖွံ့ဖြိုးတိုးတက်မှုကုမ္ပဏီမှ တာဝန်ယူတည်ဆောက်ခဲ့သည့် ကမာရွတ်မြို့နယ်၊ လှည်းတန်းလမ်းဆုံရှိ ရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်သော လှည်းတန်းခုံးကျော်တံတားကို မော်တော်ယာဉ်ဖြတ်သန်းသွားလာခွင့် စတင်ခွင့်ပြုပေးခဲ့သည့် ဧပြီလ ၁၀ ရက်နေ့က တွေ့ရစဉ်။ ဓာတ်ပုံ - လွင်ကိုတိတ်ရွှေတောင်ဖွံ့ဖြိုးတိုးတက်မှုကုမ္ပဏီမှ တာဝန်ယူတည်ဆောက်ခဲ့သည့် ကမာရွတ်မြို့နယ်၊ လှည်းတန်းလမ်းဆုံရှိ ရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်သော လှည်းတန်းခုံးကျော်တံတားကို မော်တော်ယာဉ်ဖြတ်သန်းသွားလာခွင့် စတင်ခွင့်ပြုပေးခဲ့သည့် ဧပြီလ ၁၀ ရက်နေ့က တွေ့ရစဉ်။ ဓာတ်ပုံ - လွင်ကိုတိတ်

ကမာရွတ်မြို့နယ်၊ လှည်းတန်းလမ်းဆုံ တွင်ရှိသော လှည်းတန်းခုံးကျော်တံတား ဖွင့်လှစ်ပွဲကို
မေလပထမပတ်တွင် ကျင်းပမည်ဖြစ်ကြောင်း ဧပြီ ၉ ရက် နေ့တွင် ကျင်းပသော လှည်းတန်း
ခုံးကျော်တံတား တည်ဆောက်ပြီးစီးမှု အခြေအနေများနှင့်ပတ်သက်၍ လမ်းပြ ယာဉ်ထိန်းရဲ
အရာရှိများက မီဒီယာများ နှင့် တွေ့ဆုံရှင်းလင်းပွဲအခမ်းအနားမှ သိရှိရသည်။

"လေးလမ်းသွား လှည်းတန်းခုံးကျော် တံတားကို ယာဉ်သွားလာမှု ကြန့်ကြာမှု မရှိဘဲ လွယ်
ကူချောမွေ့စေဖို့နဲ့ သင်္ကြန် မတိုင်မီ အသုံးပြုနိုင်ဖို့အတွက် ဧပြီ ၁၀ ရက်နေ့ကစပြီး အကြိုဖွင့်
လှစ်ပေးခဲ့ပါ တယ်။ တံတားဖွင့်ပွဲကိုတော့ မေလ ပထမ ပတ်ထဲမှာ ကျင်းပနိုင်လိမ့်မယ်လို့ ထင်
ပါတယ်"ဟု ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီ၊ လမ်းနှင့်တံတားဌာန မှ အဆင့်မြင့်
အရာရှိတစ်ဦးက မြန်မာတိုင်း(မ်)သို့ အဆိုပါနေ့တွင် ပြောကြားခဲ့သည်။

မီဒီယာများနှင့် တွေ့ဆုံရှင်းလင်းပွဲ အခမ်းအနားကို လှည်းတန်းလမ်းဆုံရှိ လှည်းတန်း ခုံးကျော်
တံတား တည်ဆောက်ရေးစီမံကိန်း ယာယီ ရှင်းလင်းဆောင်၌ ကျင်းပခဲ့ပြီး ရှင်းလင်း ပွဲအခမ်း
အနားသို့ ပြည်တွင်း၊ ပြည်ပ မီဒီယာများ၊ ရွှေတောင်ဖွံ့ဖြိုးတိုးတက်မှု ကုမ္ပဏီမှတာဝန်ရှိသူများ၊
ရန်ကုန် မြို့တော်စည်ပင်၊ လမ်းနှင့်တံတားဌာနမှ အဆင့်မြင့်အရာရှိများနှင့် ကမာရွတ် မြို့နယ်မှ
ယာဉ်ထိန်းရဲ အရာရှိများ တက်ရောက်ခဲ့ကြသည်။ အဆိုပါအခမ်းအနားတွင် ယာဉ်ထိန်း ရဲအရာ
ရှိတစ်ဦးက ခုံးကျော်တံတားပြီးစီး ချိန်တွင် ယာဉ်သွားလာမှုကြန့်ကြာချိန် လျော့နည်းစေရန်အ
တွက် နာနတ်တော မီးပွိုင့်အား ဖျက်သိမ်းသွားမည်ဖြစ် ကြောင်း အသိပေးရှင်းလင်းပြောကြားခဲ့
သည်။

"နာနတ်တောလမ်းနဲ့ ပြည်လမ်း ထောင့်မှာရှိတဲ့ နာနတ်တောမီးပွိုင့်ကို ဖျက်သိမ်းသွားမှာ
ဖြစ်ပါတယ်။ ဘာ ဖြစ် လို့လဲဆိုတော့ မီးပွိုင့်ရှိတဲ့အတွက် တံတားပေါ်က ဆင်းလာတဲ့ယာဉ်တွေ၊
တံတားပေါ်တက်မယ့် ယာဉ်တွေ အတွက် ယာဉ်ကြော ပိတ်ဆို့မှုတွေ ဖြစ်တယ်။ တံတားပေါ်မှာ
လည်း ယာဉ် ကြောတွေ တန့်နေနိုင်တယ်။ ဒီတော့ နာနတ်တောပွိုင့်ကို ဖျက်သိမ်းပြီး အဲဒီ့ နေရာ
မှာ မော်တော်ယာဉ်တွေ အရှိန် လျှော့မောင်းဖို့ အ၀ါရောင်အချက်ပြမီး တပ်ဆင်သွားမှာဖြစ်ပါတယ်။
နောက်ပြီး လမ်းသွားလမ်းလာတွေ အန္တရာယ် ကင်းအောင် ရပ်၊ ကြည့်၊ သွားဆိုတဲ့ အချက်ပြဆိုင်း
ဘုတ် တပ်ဆင်သွား မှာလည်း ဖြစ်ပါတယ်" ဟု လှည်းတန်း ခုံးကျော်တံတားဧရိယာတွင် တာဝန်
ကျ ယာဉ်ထိန်းရဲအရာရှိတစ်ဦးဖြစ်သူ ဦးဉာဏ်လင်းက ရှင်းလင်းတင်ပြခဲ့ သည်။

ယခင်နာနတ်တောမီးပွိုင့်ဟောင်း နေရာတွင် ပြောင်းလဲတပ်ဆင်မည့် အ၀ါ ရောင် အချက်ပြမီးနှင့်
ရပ်၊ကြည့်၊သွား အချက်ပြဆိုင်းဘုတ်တို့ကို စတင်စမ်း သပ်အသုံးပြုချိန်တွင် လှည်းတန်းလမ်း ဆုံရှိ
ယာဉ်စည်းကမ်းထိန်းသိမ်းရေးကြီး ကြပ်ကွပ်ကဲမှုအဖွဲ့မှ ယာဉ်အန္တရာယ် ကင်းရှင်းစေရန်အတွက်
အထူးကြပ် မတ် တာဝန်ယူဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း သိရသည်။

အ၀ါရောင်အချက်ပြမီးနှင့် ရပ်၊ ကြည့်၊ သွား အချက်ပြဆိုင်းဘုတ်တို့ကို စတင် စမ်းသပ်အသုံးပြု
ချိန်တွင် လှည်းတန်း ခုံးကျော်တံတားထိပ် နှစ်ဖက်တွင် တာဝန်ကျယာဉ်ထိန်းရဲသုံးဦးစီ(ရဲအရာ
ရှိတစ်ဦးနှင့် ယာဉ်ထိန်းရဲဝန်ထမ်းနှစ်ဦး) တို့က ခုံးကျော်တံတားအနီး ယာဉ်သွား လာမှုအန္တရာယ်
ကင်းရှင်းစေရန်နှင့် အဆင်ပြေ ချောမွေ့စေရန်အတွက် ဆောင်ရွက် ပေးသွားမည်ဟုလည်းသိရသည်။

"လှည်းတန်းလမ်းဆုံနေရာက ပြည် လမ်း၊ အင်းစိန်လမ်းတို့ဆုံရာဖြစ်ပြီး ယာဉ်ကြောအလွန်ရှုပ်
ထွေးတဲ့ နေရာ တစ်ခုဖြစ်ပါတယ်၊ ဒါပေမယ့် ခုံးကျော် တံတားကြီးပြီးစီးသွားတဲ့အချိန်မှာမြို့ထဲ
ဘက်ကနေ ရန်ကုန်-ပြည်လမ်းအတိုင်း လာမယ်ဆိုရင် ယာဉ်ကြောပိတ်ဆို့တာ တွေ အများကြီး
လျော့နည်းသွားတဲ့ အတွက် အချိန်ကုန် အများကြီးသက်သာ တယ်၊ ရန်ကုန်-ပြည်လမ်းအတိုင်း
မြို့ထဲ ကို ပြန်သွားမယ်ဆိုရင်လည်း ဒီလိုပဲ ပေါ့။ ပြုလုပ်ခဲ့တဲ့ ယာဉ်စည်းကမ်း ထိန်းသိမ်းရေးအ
စည်းအဝေးမှတ်တမ်း အရ နာနတ်တောမီးပွိုင့်ကို ဖျက်သိမ်း သွားမှာ ဖြစ်တယ်လို့လည်း သိရပါ
တယ်" ဟု ရွှေတောင်ဖွံ့ဖြိုးတိုးတက်မှုကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးကလည်း ပြောကြား ခဲ့သည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၊ လမ်းနှင့်တံတားဌာနမှ ဒုတိယဌာနမှူး ဦးမျိုးလွင်က
ဌာနမှ လှည်းတန်း ခုံးကျော်တံတားနေရာ တ၀ိုက်တွင် ယာဉ်သွားလာရေး လမ်းကြောင်းဆိုင်ရာ
အမှတ်အသား များကို ရေးဆွဲလျက်ရှိကြောင်းလည်း ဧပြီ ၉ ရက်နေ့တွင် ပြုလုပ်ခဲ့သော အခမ်း
အနားတွင် ပြောကြားခဲ့သည်။ "စည်ပင်(လမ်း/တံတားဌာန)ကနေ ယာဉ်လမ်းကြောင်းဆိုင်ရာ
သတ်မှတ် ချက် မျဉ်းဖြူအမှတ်အသားတွေကို ယာဉ်သွားလမ်းနှစ်လမ်းကနေ သုံးလမ်း ကို ပြောင်း
တဲ့နေရာတွေ၊ တစ်ခါသုံးလမ်း ကနေ နှစ်လမ်းပြန်ဖြစ်သွားတဲ့ နေရာ တွေမှာ စနစ်တကျရေးဆွဲ
လျက်ရှိပါ တယ်၊ ယာဉ်မောင်းသူတွေ တံတားပေါ် တက်ခါနီး ယာဉ်ကြောယူတဲ့အခါမှာ မှန်ကန်မှု
ရှိစေဖို့၊ ယာဉ်လမ်းကြောင်း မမှားစေဖို့အတွက် ဖြစ်ပါတယ်။

"ဒါတင်မကသေးပါဘူး၊ ကျွန်တော် တို့အနေနဲ့ မီးပွိုင့်တွေရဲ့ မီးပေးချိန်တွေ ကိုလည်း ပြန်လည်
ထိန်းညှိပေးသွားမှာ ဖြစ်ပါတယ်။ ဆိုလိုတာက ရန်ကုန်-ပြည် လမ်းအတွက် ခုံးကျော်တံတားပေါ်
က ဖြတ်သန်းသွားရမှာဖြစ်တဲ့အတွက် တံတားပေါ်မှာ မီးပွိုင့် ထားစရာ မလိုတာ ကြောင့် ရန်ကုန်
-အင်းစိန်လမ်းဘက်ကို မီးပွိုင့်အချက်ပြစနစ် ပိုမိုဦးစားပေးသွား နိုင်မှာ ဖြစ်ပါတယ်။

မီးပွိုင့်တွေကို စက္ကန့် ဘယ်လောက်ကြာကြာ အချက်ပြမီးပေး မယ်ဆိုတာတွေကိုတော့ ဂျပန်က
ပညာရှင်တွေနဲ့ ပူးပေါင်းညှိနှိုင်း ဆောင်ရွက်သွားမှာဖြစ်ပါတယ်"ဟု ဒုတိယဌာနမှူးဦးမျိုးလွင်က
ရှင်းလင်း ပြောကြားခဲ့သည်။

ပြောကြားချက်များအရ လှည်းတန်း ခုံးကျော်တံတား အောက်ဘက်ရှိနေရာ ကို ယာဉ်ရပ်နားနေရာ
အဖြစ် အသုံးပြု သွားမည်ဟုလည်း သိရပြီး ယာဉ်အစီးရေ အနည်းဆုံး ၆၀ ခန့် ရပ်နားနိုင်မည်ဟု
လည်း ရန်ကုန်မြို့တော်စည်ပင်မှ သိရှိ ရသည်။

ရန်ကုန်မြို့တော်စည်ပင်၊ လမ်းနှင့် တံတားဌာနမှ အဆင့်မြင့်အရာရှိတစ်ဦး ကလည်း ရန်ကုန်မြို့ရှိ
အချက်အချာ လမ်းဆုံနေရာများတွင် ခုံးကျော်တံတား များ ဆက်လက်တည်ဆောက်သွားရန်
ရှိပြီး အချက်အချာ လမ်းဆုံတစ်ခု ဖြစ်သော မရမ်းကုန်းမြို့နယ်ရှိ ၈ မိုင်လမ်း ဆုံနေရာနှင့် စမ်း
ချောင်းမြို့နယ် ရှိ မြေနီကုန်းလမ်းဆုံနေရာများတွင် ခုံးကျော်တံတားများ ယခုနှစ်အတွင်း စတင်
တည်ဆောက်နိုင်ရန် အကောင် အထည်ဖော်သွားမည်ဖြစ်ကြောင်း လည်း ဆက်လက်ရှင်းလင်း
တင်ပြခဲ့ သည်။

ကမာရွတ်မြို့နယ်၊လှည်းတန်းလမ်း ဆုံရှိ အရှည် ၂,၅၀၇ ပေရှိသော လှည်းတန်းခုံးကျော်တံတားကို
ရွှေ တောင်ဖွံ့ဖြိုးတိုးတက်မှု ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်ခဲ့ပြီး တည် ဆောက်ချိန် ၁၃ လကြာ
မြင့်ခဲ့သည်။ တံတားတည်ဆောက်မှု ကုန်ကျစရိတ် မှာ ကျပ် ၁၄ ဒသမ ၄၈၇ ဘီလျံဖြစ် သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - အိမ်ခြံမြေကဏ္ဍ