တည်ဆောက်ပုံသပ်ရပ်ခန့်ညားပြီး မြင်သူတွေနှစ်သက်မယ့် ရွှေပင်လုံအိမ်ရာကလုံးချင်းအိမ်

ဒီတစ်ပတ်ရဲ့ စိတ်ကြိုက်လုံးချင်းအိမ် ဓာတ်ပုံ - သီရိမာလာလူဒီတစ်ပတ်ရဲ့ စိတ်ကြိုက်လုံးချင်းအိမ် ဓာတ်ပုံ - သီရိမာလာလူ

တည်နေရာ - ရွှေပင်လုံအိမ်ရာ၊ မြောက်ဒဂုံမြို့နယ်။ ဖုန်း-၀၉ ၄၃၁၂၇၂၈၈။
ဈေးနှုန်း - ကျပ် ၁၅ သိန်း(အငှား)၊ ကျပ်သိန်း ၅,၅၀၀ အရောင်း။
ဆက်သွယ်ရန် - (မြ)ပန်းသခင်အိမ်၊ ခြံ၊ မြေ အကျိုးဆောင်လုပ်ငန်း။

ဒီတစ်ပတ်ရဲ့ စိတ်ကြိုက်အိမ်လေး ကတော့ စည်ကားလှတဲ့ မြို့ပြနဲ့ အလှမ်း ကွာတဲ့ နေရာမှာရှိတဲ့
ရွှေပင်လုံအိမ်ရာ ထဲက လုံးချင်းတိုက်အိမ်လေးပါ။

ရွှေပင်လုံ အိမ်ရာဆိုတာကလည်း အိမ်ကောင်းအိမ်သန့်တွေ စုစုဝေးဝေး ရှိတဲ့ အိမ်ရာတစ်ခုလို့
စာဖတ်သူတွေ သိပြီးသား ဖြစ်နေမှာပါ။လူသူ ပြတ်လပ် ပေမယ့်လည်း လုံခြုံစိတ်ချရတဲ့ နေရာ
တစ်ခုလို့လည်း သိထားရပါတယ်။ ဒီလိုအိမ်ရာထဲက တိတ်တိတ်ဆိတ်ဆိတ်နဲ့ အေးအေးဆေး
ဆေးရှိလှတဲ့ အိမ်မှာ နေချင်သူတွေအတွက် ဖော်ပြပေး လိုက်ပါတယ်။

ဒီခြံရဲ့ အကျယ်အ၀န်းကတော့ စတု ရန်းပေ ၆,၄၀၀ ကျယ်ဝန်းပါတယ်။ ဒီအိမ် ကို ဆောက်လုပ်
ပြီးစီးတာ သိပ်မကြာ လှသေးတဲ့အပြင် ဒီအိမ်မှာ နေထားဖူး သေးတဲ့ သူမရှိတဲ့အတွက် အသစ်
စက်စက် အိမ်ကောင်းအိမ်သန့်ပါ။ မြို့ပြ ကနေ ခွဲထွက်ပြီး နားနားနေနေ စိတ်အပန်းဖြေလိုသူတွေ
အတွက် ဒီအိမ်လေးကို တစ်ခေါက်လောက် သွား ရောက် ကြည့်ရှုနိုင်ပါတယ်။

ဒီအိမ်လေးက အရောင်းရော အငှား ပါ ပြုလုပ်မယ်လို့ သိရပါတယ်။ အငှား ဆိုရင်တော့ အရန်သင့်
တက်နေနိုင်တဲ့ အထိ အိမ်ထောင်ပရိဘောဂတွေ များ များ စားစားတော့ မပါပါဘူး။ ဒါပေမဲ့ အိမ်
သစ်မို့ ပြန်လည်ပြုပြင်စရာ မလိုဘဲ ကိုယ့်စိတ်ကြိုက်အိမ်တွင်းအလှပြင် ဆင်ပြီး နေနိုင်မှာပါ။

အိမ်အပြင်ပိုင်းရဲ့ ဒီဇိုင်းကိုတော့ မရိုး မဆန်း တည်ဆောက်ထားပါတယ်။အိမ် အရောင် အသုံးပြု
ထားပုံမှာ လည်း ကြည်လင်လှပါတယ်။ ဒီအိမ်တည်ရှိရာ မြေကွက်က ထောင့်ကွက်ဖြစ်တဲ့အတွက်
အိမ်ရဲ့ မျက်နှာစာကို နှစ်ခုပြုလုပ်ထား တာက ဒီအိမ်ရဲ့ ထူးခြားချက်ပါ။

အိမ်ထဲမ၀င်ခင်မှာတော့ လှပတဲ့ အိမ် မျက်နှာစာက ဆီးကြိုနေမှာတော့ သေချာပါ တယ်။ မျက်နှာ
စာ ပတ်လည်မှာ ပန်းပင် တွေ စိုက်ထားတာကလည်း စိတ်ကို ကြည်နူး စေပါတယ်။ အထဲကို ၀င်
ရင်တော့ သန့်ရှင်းသပ်ရပ်တဲ့ အိမ်တွင်း ပြင်ဆင်မှု တွေက အရန်သင့်ရှိနေပါတယ်။

အခန်းတွေကို စနစ်တကျ ဖွဲ့စည်း ထားပြီး ဧည့်ခန်း၊ အိပ်ခန်း ၊ထမင်းစား ခန်းနဲ့ မီးဖိုချောင်တွေကို
မရော ထားဘဲ သီးသန့်အခန်းလေးတွေ ဖြစ်အောင် ဖန်တီးထားပါတယ်။ မီးဖိုခန်းကတော့ အိမ်ရဲ့
အနောက်ဘက်မှာ အပိုတစ်ခု ပါရှိတာကိုလည်း တွေ့ရပါသေးတယ်။

အပေါ်ထပ်ကို တက်ကြည့်ရင်တော့ ဘုရားစင်ပါ အပြီးပါဝင်တဲ့ ဘုရားခန်းကို တွေ့ရပါတယ်။
ရေချိုးခန်းအိမ်သာ တွဲရက်ပါ အိပ်ခန်းကျယ် သုံးခန်းရှိပြီး အိပ်ခန်းတွေက ကျယ်ဝန်းတာကိုလည်း
သတိထားမိခဲ့ပါတယ်။ အပေါ်မှာ ၀ရန်တာကျယ်တစ်ခုလည်း အိပ်ခန်း တစ်ခုမှာ ပြုလုပ်ထားတာ
ကို တွေ့ရပါ တယ်။

ဒီအိမ်မှာ အခန်းတွေ များတာကို တွေ့ရတဲ့အတွက် မိသားစု များများ နေထိုင်လို့ရမယ့် အိမ်လို့
ကောက်ချက် ချနိုင်ပါတယ်။ အိမ်ငှားနေလိုသူတွေ အတွက်ရော၊ ၀ယ်လိုသူတွေအတွက်ပါ အဆင်
သင့်ပါမယ့် အရာတွေကတော့ နံရံ ကပ် ဗီရိုကြီးတွေပါပဲ။ နောက်ပြီးအိမ်နဲ့ လိုက်ဖက်မယ့်လိုက်ကာ
လှလှကြီးတွေ ကလည်း အရောင်းရော၊ အငှားဈေးမှာ ပါဝင်ဦးမှာပါ။

ဒီအိမ်ရဲ့ ကြမ်းခင်းတွေကတော့ အပေါ်ထပ်နဲ့ အောက်ထပ် မတူညီဘဲ အောက်ထပ်ကို ကြွေပြား
ခင်းပြီး အပေါ် ကတော့ ကျွန်းပါကေး ခင်းကျင်းထား တာကို တွေ့ခဲ့ရပါတယ်။ လေအေးပေး စက်
က အိပ်ခန်းတိုင်းမှာ ပါဝင်ပါတယ်။ ရေမီးကတော့ ကိုယ်ပိုင်မီတာနဲ့ အ၀ီစိ ရေတို့ ဖြစ်ပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - အိမ်ခြံမြေကဏ္ဍ