အိမ်ရာနှင့် ကွန်ဒိုမီနီယံများတွင် ရေကူးကန် ထည့်သွင်းခြင်းများ ပိုမိုတွင်ကျယ်လာ

နေအိမ်များတွင် ထည့်သွင်းတည် ဆောက်ထားသော ခေတ်မီလှပသည့် အဆင့်မြင့်ရေကူးကန်များကို တွေ့ရစဉ်။ ဓာတ်ပုံ- Ngwe Sai International Co.,နေအိမ်များတွင် ထည့်သွင်းတည် ဆောက်ထားသော ခေတ်မီလှပသည့် အဆင့်မြင့်ရေကူးကန်များကို တွေ့ရစဉ်။ ဓာတ်ပုံ- Ngwe Sai International Co.,

တိုးတက်လာသော ခေတ်မီလူနေမှု စနစ်အရ ခေတ်မီရေကူးကန်များကို ပံ့ပိုးမှုအင်္ဂါရပ်တစ်ခုအဖြစ်
ထည့်သွင်း လာသည့် လူနေမှုစနစ်တွင်ကျယ်လာ သည်နှင့်အညီ ယခုအခါဟိုတယ်များ တွင်သာ
မက ကွန်ဒိုမီနီယံနေအိမ်များ တွင်ရေကူးကန် ထည့်သွင်းတည် ဆောက်မှုရာခိုင်နှုန်းသည် မြင့်
တက် လာသည်ဟု ရေကူးကန်တည်ဆောက် သူများက ပြောသည်။

ယခုနောက်ပိုင်းကွန်ဒိုမီနီယံများတွင် အင်တာနေရှင်နယ်လူနေမှုအဆင့် အ တန်းနှင့်အညီ Gym ၊
Fitness Centre များကို မပါမဖြစ် ထည့်သွင်းလာကြ သလို ရေကူးကန်ကိုလည်း ထည့်သွင်း
တည်ဆောက်လာကြပါသည်။

ထို့ပြင် ဗိသုကာပညာရှင်များက လည်း Residence များတွင်ခေတ်မီ လှပသော ရေကူးကန်ဒီဇိုင်း
များကိုထည့် သွင်းတည်ဆောက်ရန် recommend ပေးလာမှုများရှိကြောင်း Pool & Spa
Myanmar (Ngwe Sai International Co., Ltd) မှ Public Relations Manager ကိုဇင်ဝင်းမှ
မြန်မာတိုင်း(မ်) သို့ ယခုလို ပြောကြားခဲ့ပါသည်။

"ယခင်က ရေကူးကန်ဆောက်လုပ် မယ်ဆိုရင် သမရိုးကျဒီဇိုင်းကိုသာတည် ဆောက်ခဲ့ကြပေမယ့်
ယခုအခါ မိမိတို့နေ အိမ်နဲ့လိုက်လျောညီထွေရှိမယ့်ဒီဇိုင်း တွေကိုစဉ်းစာလာကြပါတယ်၊ ဒါ့ပြင် ရေ
ကူးကန်သာမက ကျန်းမာရေးရှုထောင့် နှင့်အညီ(Jacuzzi ၊ Sauna)တို့ကိုပါ ထည့်သွင်းလာတဲ့အ
ပြင် စိတ်အပန်းဖြေ မှု Water Feature, Weather Fall တွေကိုပါရေကူးကန်နဲ့အတူတွဲဖက်ပြီး
ထည့်သွင်းလာပါတယ်၊ ဒါကြောင့် ရေ ကန်တွေဟာ ပြောင်းလဲလာတဲ့လူနေမှု စနစ်အရ ရွေးချယ်
မှုတစ်ရပ်ဖြစ်လာခဲ့ သလို ကျန်းမာရေးရှုထောင့်အရလည်း ရေကူးခြင်းဖြင့် ကျန်းမာရေးနဲ့ဆိုင်တဲ့
အကျိုးကျေးဇူး (health benefit) တွေ တိုးတက်လာမယ်လို့ ခံယူလာကြတယ်"ဟု ကိုဇင်ဝင်းက
ရှင်းလင်းပြောကြားခဲ့ သည်။

ရေကူးခြင်းအားဖြင့်တစ်နေ့တာ စိတ် ပင်ပန်းနွမ်းနယ်မှုများကို ပြေပျောက် နိုင်ရုံသာမကကြွက်သား
တွေကို သန်စွမ်း စေပြီး အဆစ်အမြစ်ရောင်ရောဂါ (Arthritis)အစရှိသဖြင့် အရိုးနှင့်ဆိုင် သော
ရောဂါရပ်များကိုလည်းကြိုတင် ကာကွယ်နိုင်ခြင်းဆိုသည့် health issue များဖြင့် ကျန်းမာရေး
ရှုထောင့်အရထည့် သွင်းရန် စဉ်းစားလာကြသည်ဟုလည်း ၎င်းကပြောသည်။

ရေကူးကန်ထည့်သွင်းတည်ဆောက် မှုသည် ကြွယ်ဝချမ်းသာမှုဆိုသည်ထက် မိသားစုအားလပ်
ချိန်များတွင် စိတ် အပန်းဖြေမှုအတွက်၊မွေးနေ့၊ညစာစားပွဲ စသဖြင့်ပွဲလမ်းသဘင်ကျင်းပသည့် အခါ
တွင်လည်း ရေကူးကန်ဘေးတွင် ကျင်းပ ခြင်းအားဖြင့် စိတ်ချမ်းမြေ့မှုအတွက် လည်း စဉ်းစားလာ
ကြကြောင်း ၎င်းက ဆက်လက်ရှင်းပြခဲ့သည်။

"အခုနောက်ပိုင်းမှာအိမ်ရှင်တွေက ရေကူးကန်ထည့်သွင်းမယ်ဆိုပါက နေ ရာ အကျယ်အ၀န်း
ဘယ်လောက်ရှိတယ် ဆိုတာထက်သူတို့ရဲ့စိတ်ကျေနပ်မှု (Satisfaction) ကို ဦးစားပေးလာပြီး
ရှိတဲ့နေ ရာ အကျယ်အ၀န်းပေါ်မှာဘယ်လိုတည် ဆောက်လိုက်ရင်အကောင်းဆုံးဖြစ် မလဲ၊
အဓိကအိမ်နဲ့လိုက်ဖက်ဖို့အတွက် ခြံဝန်းထဲတွင်သာမက အိမ်ထဲ(Indoor Pool)၊ အိမ်အပေါ်ထပ်
တွေမှာပါ တည် ဆောက်လာကြပါတယ်"ဟုလည်း Pool & Spa Myanmar မှ ကိုဇင်ဝင်းက
ရှင်းပြခဲ့သည်။

ရေကူးကန်တည်ဆောက်တဲ့ ရာခိုင် နှုန်းက ခေတ်မီလူနေမှုလိုအပ်ချက်အရ ပိုမိုတွင်ကျယ်လာခဲ့ရာ
Pool& Spa Myanmar (Ngwe Sai International Co., Ltd) အနေဖြင့် Client Order ရရှိမှုမှာ
၂၀၁၁ နှောင်းပိုင်းမှစတင်၍ ပိုမိုများပြား လာခဲ့သည်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

Pool& Spa Myanmar (Ngwe Sai International Co., Ltd) မှ ရန်ကုန် မြို့အပြင် ပြည်၊ ပုဂံ၊
မော်လမြိုင်၊ မန္တလေး၊ ပြင်ဦးလွင်၊ တောင်ကြီး၊ မြစ်ကြီး နား၊ ငပလီ၊ ငွေဆောင်၊ ချောင်းသာ၊ ထား
ဝယ် စသည့်မြို့များရှိ နေအိမ်များ၊ ဟိုတယ်များ၊ အပန်းဖြေစခန်းများတွင် ပါ ရေကူးကန်စီမံကိန်း
များကို တည် ဆောက်ပေးလျက်ရှိကြောင်း သိရှိရ သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - အိမ်ခြံမြေကဏ္ဍ