တရုတ်နိုင်ငံ အောဒေါ့စ်မြို့တွင် အရောင်းအ၀ယ်များ ကျဆင်းခဲ့

တရုတ်နိုင်ငံ Genghis Khan Square ရှိ အဆောက်အအုံတစ်ခုရှေ့တွင်တွေ့ရသော မြင်းရုပ်နှစ်ကောင်သင်္ကေတတစ်ခု။ ဓာတ်ပုံ - ဘလွန်းဘာ့ဂ်တရုတ်နိုင်ငံ Genghis Khan Square ရှိ အဆောက်အအုံတစ်ခုရှေ့တွင်တွေ့ရသော မြင်းရုပ်နှစ်ကောင်သင်္ကေတတစ်ခု။ ဓာတ်ပုံ - ဘလွန်းဘာ့ဂ်

လုပ်ငန်းရပ်ဆိုင်း ထားရတဲ့အတွက် တစ်ဝက်တစ်ပျက် ဆောက်လက်စ အဆောက်အအုံတွေရဲ့
ရှေ့မှာ ကရိန်း တွေ ငုတ်တုတ်ဖြစ်နေပြီး နေထိုင်သူ မရှိတဲ့အတွက် အလုပ်သမားတန်းလျား က
တံခါးချပ်တွေ လေတိုက်တိုင်း တကျွိကျွိမြည်နေတဲ့ တရုတ်နိုင်ငံ မြောက်ပိုင်း အောဒေါ့စ် (Ordos)
မြို့ က မင်းတုပ်ချ ပိတ်ထားတဲ့ ဆိုင်တွေ မှာ ကံကောင်းစေဖို့အတွက် တရုတ်စာလုံးတွေနဲ့ ရေး
ထားတဲ့ ပိုစတာတွေ ကပ်ထားပါတယ်။

ဒီမှာတော့ အိမ်ခန်းရောင်းအား ဟာ လုံးဝမရှိသလောက်နီးပါးဖြစ်နေတယ်လို့ အိမ်ခြံမြေ အကျိုး
ဆောင် ကျန်းဝေ (Zhang Wei )က ပြောပါတယ်။ မြို့တော် အုပ်ချုပ်ရေးအဖွဲ့ရဲ့ ၀င်ငွေ ကျဆင်း
နေပေမယ့်လည်း တရုတ်အစိုးရက ချေးငွေတွေ စံချိန် တင် တိုးမြှင့်ပေးခဲ့တဲ့ကာလအတွင်းမှာ အိမ်
ရာဆောက်လုပ်မှုတွေ တစ်ဟုန်ထိုး တက်လာတာတွေ့ခဲ့ရတဲ့ မွန်ဂိုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသက
မြို့တစ်ခုဖြစ်တဲ့ အောဒေါ့စ်ဟာ အခုတော့ ၀န်ကြီးချုပ် လီခဲချာန် (Li Keqiang) က ထိန်းချုပ် ဖို့
ကြိုးစားနေတဲ့ ဘဏ်လုပ်ငန်းဆိုင်ရာ ခန့်မှန်း ပြောဆိုမှုတွေအတွက် သင်္ကေတတစ်ခု ဖြစ်နေပါ
တယ်။

"ပြီးခဲ့တဲ့ သုံးလေးနှစ်ကဆိုရင် ဒီမှာ ကျောက်မီးသွေးတွေ အများကြီးရှိတဲ့အတွက် တစ်နိုင်ငံလုံးက
လူတွေ လာကြ ပါတယ်" လို့ တစ်ပတ်ရစ် ဆောက်လုပ် ရေးသုံး စက်ကိရိယာတွေ ရောင်းတဲ့ ရုံး
ခန်းတစ်ခုမှာ ၀ယ်သူမရှိတဲ့အတွက် ဆေးလိပ်ထိုင်သောက်နေတဲ့ အသက် ၃၀ အရွယ် ကောင်းဝေ
(Gao Wei) ပြောပါတယ်။" အခုတော့ အဲဒီလုပ်ငန်း လည်း ပျက်သွားပြီး။ သူတို့အားလုံး လည်း
ပြန်သွားကြပြီ" လို့ သူက ပြော ပါတယ်။

ပေကျင်းမြို့ အနောက်ဘက် မိုင် ၇၅၀ အကွာမှာရှိတဲ့ အောဒေါ့စ် မြို့ရဲ့ စီးပွားရေးပြိုလဲမှုဟာ ပြီးခဲ့
တဲ့အပတ် မှာ အစိုးရကထုတ်ပြန်ခဲ့တဲ့ ဒီသုံးလ ပတ်အတွင်း အဆိုးဝါးဆုံး ဖြစ်နိုင် တဲ့ အစီရင်ခံစာ
ရဲ့ နိုင်ငံတွင်း စီးပွားရေး ကျဆင်းမှု အများဆုံးမြို့တွေထဲက တစ်ခုအဖြစ် ပါဝင်နေပါတယ်။ ပြီးခဲ့ တဲ့
လအတွင်း ရရှိခဲ့တဲ့ အကျိုးအမြတ် ဟာ ၂၀၀၉ ခုနှစ် ကမ္ဘာ့စီးပွားရေး ကျဆင်းမှုနောက်ပိုင်းမှာ
အနည်းဆုံး ဖြစ်နေပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - အိမ်ခြံမြေကဏ္ဍ