အူရီးဒူးမှနေ၍ ကွန်ယက်ဖြန့်ကျက်ခြင်းများနှင့်အတူ ဖုန်းပြောဆိုခများကိုပါ လျှော့ချ

ပြည်ပဆက်သွယ်ရေး အော်ပရေတာတစ်ခုဖြစ်သော အူရီးဒူးမြန်မာသည် ၎င်းတို့၏ ဆက်သွယ်ရေး
ကွန်ယက်များကို တစ်တိုင်း ပြည်လုံး အတိုင်းအတာဖြင့် ဆက်တိုက်တိုးချဲ့ခြင်းများ ပြုလုပ်လျက်ရှိ
ခြင်းနှင့်အတူ လက်ရှိတွင်လည်း ဖုန်းပြောဆိုခများကို လျော့ချကောက်ခံပေးလိုက်ပြီဖြစ်ကြောင်း
နိုဝင်ဘာလ ၉ ရက်နေ့တွင် အူရီးဒူးမြန်မာမှ သိရသည်။

အူရီးဒူးလိုင်းကတ် သုံးစွဲသူများသည် ယခင်က အူရီးဒူးကွန်ယက်မှနေ၍ အခြားမိုဘိုင်းနက်ဝက်သို့
ခေါ်ဆိုရာတွင် တစ်မိနစ်ကို ၃၅ ကျပ်နှုန်းဖြင့် ဩဂုတ်လတွင် စတင်ရောင်းချခဲ့သည့် အချိန်မှ ဆက်
တိုက်ပေးဆောင်ခဲ့ရပြီး ယခုလ နိုဝင်ဘာလ ၇ ရက် နေ့မှ စတင်ကာ ဖုန်းခေါ်ဆိုခ တစ်မိနစ်ကို
၂၅ ကျပ်နှုန်းဖြင့် ပြောင်းလဲသတ်မှတ်ကောက်ခံခဲ့ကြောင်း၊ ထို့အတွက်ကြောင့် ဖုန်းပြောခသည်
မည်သည့်နက်ဝက်တွင်မဆို တပြေးညီ ၂၅ ကျပ်သာ ကျသင့်မည်ဖြစ်ပြီး သုံးစွဲသူအနေဖြင့် သုံးစွဲ
ခကို စက္ကန့် အလိုက်သာ ပေးချေရမည်ဖြစ်သည်။ စက္ကန့်အလိုက် ကောက်ခံခြင်းဟု ဆိုရာတွင်
ဖုန်းပြောသူသည် တစ်စက္ကန့်ကြာ ဖုန်းပြောပါက ၄၂ ပြားသာ ဖုန်းခကျသင့်မည်ဖြစ်သည်။

အူရီးဒူးမြန်မာအနေဖြင့် ဆင်းကတ်များကို ဩဂုတ်လတွင် စတင်ဖြန့်ဝေခဲ့ပြီးနောက်ပိုင်းတွင်
၎င်းတို့၏ သတ်မှတ်ထားသော ၀န်ဆောင်ခ ကြေးငွေများကို တဆင့်ပြီး တဆင့် လျော့ချကောက်ခံ
ခြင်းများရှိခဲ့သည်။

ဖုန်းခကို ယခင် မိနစ်ဖြင့် ကောက်ခံ ခဲ့ရာမှ စက္ကန့်သို့ ပြောင်းလဲ ကောက်ခံခဲ့ပြီး အောက်တိုဘာလ
၃ ရက်နေ့ကလည်း အက်စ်အမ်အက်စ်ပို့ခကို ၂၅ ကျပ်မှ ၁၅ ကျပ်သို့ လျှော့ချကောက်ခံခဲ့ကြောင်း
တွေ့ရသည်။

ထို့ပြင် အူရီးဒူးမြန်မာသည် ၀န်ဆောင်ခ လျှော့ချခြင်းများအပြင် ၎င်းတို့၏ ကွန်ယက်များကို မြန်မာ
တစ်နိုင်ငံလုံး အတိုင်း အတာဖြင့် တိုးချဲ့လျက်ရှိရာ ရန်ကုန်တွင် အောက်တိုဘာလ ၃၁ ရက်နေ့ရက်
စွဲဖြင့် ကြေညာခဲ့သည့် အချက်အလက်အများ အရ ကွန်ယက်လိုင်းအား နည်းသော နေရာများဖြစ်
သည့် ရွှေတောင်ကြားရပ်ကွက်၊ အင်းယားမြိုင်လမ်း၊ တက္ကသိုလ်ရိပ်သာ လမ်း၊ ရန်ကင်းစင်တာ
အနီးတစ်ဝိုက်၊ သာကေတမြို့နယ်နှင့် ရန်ကုန် မန္တလေး အမြန်လမ်းမကြီး မင်္ဂလာဒုံကဲ့သို့ နေရာများ
သည်လည်း ယခုတွင် ကွန်ယက်အခြေအနေတိုးတက်နေပြီဖြစ်ကြောင်း အူရီးဒူးမြန်မာမှ သိရသည်။

"ဒီအနေအထား နဲ့ ရပ်သွားမှာမဟုတ်ပါဘူး။ နေ့စဉ်နဲ့အမျှ ဆက်လက်ပြီးတော့ Base Station
တွေ ၊ တာဝါတိုင်တွေကို လွတ်တဲ့နေရာတွေမှာ မြေပုံနဲ့တကွ လိုက်ကြည့်ပြီး ဖြည့်ပေးနေပါတယ်။
အခုနှစ်လခွဲအတွင်းမှာ ကွန်ယက်လွတ်နေတဲ့ နေရာလေးတွေ ရှိနေပါသေးတယ်။ အင်းယားကန်၊့ 
ကိုးမိုင်တို့လို့ နေရာမျိုးတွေမှာ ကွန်ယက်နည်းနည်းလွတ်နေပါတယ်။ နောက်ပြီး ပါရမီလမ်း၊
သာကေတမြို့၊ ဗရွတိဂုံတောင်ဘက်မုခ်လိုနေရာမျိုးမှာ ကွန်ယက်တွေကို လာမယ့် ရက်သတ္တပတ်
အတွင်းမှာ အဆင်ပြေပြေ အသုံးပြုလာနိုင်တော့မှာဖြစ်ပါတယ်"ဟု အူရီးဒူးမြန်မာရဲ့ အမှုဆောင်
အရာရှိချုပ် ရော့စ်ကောမက် က စာနယ်ဇင်းရှင်းလင်းပွဲတွင် ပြောသည်။

နိုဝင်ဘာလ ၇ ရက်နေ့ နေ့စွဲအရ ကွန်ယက်ဖြန့်ကျက်ခြင်း၏ အကျိုးရလဒ်အဖြစ် ရန်ကုန်မြို့ပေါ်နှင့်
အနီးအနားပတ်ဝန်း ကျင်များသည်လည်း ယခင်ကထက် လိုင်းအား ပိုမို အားကောင်းလာ၍
မန္တလေးမြို့တွင်လည်း ချမ်းအေးသာဇံ၊ ဃျမ်းမြသာ စည်နှင့် မဟာအောင်မြေ မြို့နယ်များ၊ စစ်ကိုင်း
တိုင်းတွင်လည်း မုံရွာမြို့၊ မင်းဂုဏ်လမ်းမပေါ်၊ မကွေးတိုင်းတွင်လည်း ရေနံ ချောင်း၊ နတ်မောက်
စသည့် ပတ်ဝန်းကျင်များတွင် လိုင်းဆွဲအားပိုမိုအားကောင်းလာပြီ ဖြစ်ကြောင်းနျင့် နေပြည်တော်
ပျဉ်းမနား မြို့တို့တွင်လည်း ကွန်ယက်လိုင်းများ ယခင်ကထက်ပို၍ လိုင်းအားများ အဆင်ပြေမြန်ဆန်
လာပြီဖြစ်ကြောင်း အူရီးဒူးမြန်မာ၏ ထုတ်ပြန်ချက်အရ သိရသည်။လေ့လာနိုင်မည်ဖြစ်ကြောင်း
သိရသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - နည်းပညာသတင်း