ပြည်တွင်း စမတ်ဖုန်းဈေးကွက်၏ ခုနစ်ရာခိုင်နှုန်း သုံးနှစ်အတွင်းရရှိရန် ဗီဗို ကြိုးစားနေ

မတ်လ ၁၈ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်ခဲ့ သည့် X5Max စမတ်ဖုန်းမိတ်ဆက်ပွဲတွင် မော်ဒယ် တစ်ဦးက စမတ်ဖုန်းသစ်ကို ပြသနေစဉ်။ ဓာတ်ပုံ -အောင်ကျော်ညွန့်/မြန်မာတိုင်းမ်မတ်လ ၁၈ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်ခဲ့ သည့် X5Max စမတ်ဖုန်းမိတ်ဆက်ပွဲတွင် မော်ဒယ် တစ်ဦးက စမတ်ဖုန်းသစ်ကို ပြသနေစဉ်။ ဓာတ်ပုံ -အောင်ကျော်ညွန့်/မြန်မာတိုင်းမ်ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်ကမှ မြန်မာနိုင်ငံ မိုဘိုင်းဈေးကွက်အတွင်းသို့ ၀င်ရောက်လာ သည့်
ဗီဗို (Vivo) သည် မြန်မာနိုင်ငံ စမတ်ဖုန်းဈေးကွက်၏ ခုနစ်ရာခိုင်နှုန်းကို သုံးနှစ်အတွင်း
ရရှိရန်ကြိုးပမ်းသွားမည်ဟု Vivo Myanmar အမှုဆောင်အရာရှိချုပ်Mr.Wang Chang Miao
က ပြောသည်။

"ဗီဗိုဈေးကွက်ကို ပိုမိုကျယ်ပြန့်သွား အောင် ကြည်လင်ပြတ်သားတဲ့ အသံစနစ်၊ ရုပ်ထွက်
စနစ်တွေကို နောက်ဆုံးပေါ်နည်းလမ်းတွေနဲ့ ထုတ်ကုန်တွေကို ထုတ်လုပ်ပြီး ဆောင်ရွက်
သွားမှာဖြစ်ပါတယ်။ ဈေးကွက် ချဲ့ထွင်တဲ့အခါမှာလည်း ကြော်ငြာကဏ္ဍကို အသုံးပြုပြီးတော့
လူအများ ဗီဗိုအမှတ် တံဆိပ်ကို သိလာအောင် ဆောင်ရွက်သွားမှာ ပါ" ဟု ၎င်းကပြောသည်။
လက်ရှိတွင် ဗီဗိုကုမ္ပဏီသည် ၀န်ထမ်းပေါင်း ၁,၀၀၀ ကျော်၊ ဆိုင်ခန်းပေါင်း ၁,၀၀၀ ကျော်ဖြင့်
ဈေးကွက်အတွင်း၌ အရောင်း မြှင့်တင်နေပြီး Service Center ၁၀ ခုကိုလည်း ထားရှိသွားမည်
ဟု ၎င်းကပြောသည်။ "ကျွန်တော်တို့ အမှတ်တံဆိပ်ဟာ နိုင်ငံတကာ အမှတ်တံဆိပ်ဖြစ်တဲ့
အတွက်ကြောင့် ဈေးကွက်အတွင်းမှာ ပြိုင်ဆိုင်ဖို့ ပြိုင်ဘက်ဆိုရင် ကျွန်တော်တို့ရဲ့ အမှတ်တံဆိပ်ပဲ
ဖြစ်ပါတယ်။ ကျွန်တော်တို့ ဗီဗိုထုတ်ကုန် တွေကို အကောင်းဆုံးထုတ်လုပ်နိုင်ဖို့ ကြိုးပမ်းသွားမှာပါ"
ဟု ၎င်းက ပြောသည်။

ဗီဗိုသည် ၂၀၀၈ ခုနှစ်တွင် တရုတ်နိုင်ငံ ၌ စတင်မှတ်ပုံတင်ခဲ့ပြီး ၂၀၁၁ ခုနှစ်မှစတင် ကာ
နိုင်ငံပေါင်း ၁၀၀ ကျော်တွင် မှတ်ပုံ တင်ထားပြီးဖြစ်သည်။ "ဗီဗိုက ၂၀၁၁ ခုနှစ်ကစတင်ကာ
တရုတ်နိုင်ငံဈေးကွက်မှာ ပေါ်ပေါက်လာခဲ့ပြီး ၂၀၁၄ နှစ်ကုန်ပိုင်းမှာ တရုတ်နိုင်ငံမှာ ရောင်း အား
အလုံးရေ သန်းပေါင်း ၃၀ နီးပါးရရှိခဲ့ပါတယ်" ဟုVivo Global ဒုတိယဥက္ကဋ္ဌနှင့် CEO ဖြစ်သူ
Mr. Fengleiကပြောသည်။ ၂၀၁၂ ခုနှစ်တွင် X1 စမတ်ဖုန်းကို ကမ္ဘာ့ ဈေးကွက်တွင်
မိတ်ဆက်ပေးခဲ့ပြီး ၂၀၁၃ ခုနှစ် တွင် ဗီဗို၏ စမတ်ဖုန်းဖြစ်သည့် X3 ကို မိတ်ဆက်ပေးနိုင်ခဲ့ကာ
၂၀၁၄ ခုနှစ်တွင် Xplay 3s ကိုမိတ်ဆက်ပေးနိုင်ခဲ့သည်။

ယခုနှစ် တွင် ဗီဗိုလ်၏ အပါးလွှာဆုံးစမတ်ဖုန်းဖြစ် သည့် X5Max ကို မိတ်ဆက်ပေးနိုင်ခဲ့သည်။
အဆိုပါ X5Max စမတ်ဖုန်းကို မတ်လ ၁၈ ရက်နေ့က နေပြည်တော်ရှိ MCC2
(Myanmar International Convention Center 2) တွင် မိတ်ဆက်ခဲ့ကာ ကျပ် ၄၉၈,၀၀၀
ဖြင့် ပြည်တွင်း၌ ၀ယ်ယူနိုင်မည်ဖြစ်သည်။ လက်ရှိ ပြည်တွင်းဈေးကွက်၌ ဆမ်ဆောင်းစမတ်
ဖုန်းများမှာ မြို့ကြီးများတွင် အများဆုံးရောင်းချနေရကာ နယ်ဘက်တွင် ဟွာဝေးဖုန်းများ
ရောင်းအားကောင်းသည်ဟု အရောင်းဆိုင်အချို့က ပြောသည်။

"မြို့ပေါ်တွေမှာတော့ ဆမ်ဆောင်းက အရမ်းရောင်းအားကောင်းတယ်။ နယ်ဘက်တွေမှာကတော့
ဟာဝေးစမတ်ဖုန်းက ရောင်းအားကောင်းနေပါတယ်။ ဟာဝေးကတော့ ဈေးနှုန်းချိုသာတော့
နယ်ဘက်တွေမှာ ပိုရောင်း ရပါတယ်" ဟု A Mobile ဆိုင်ပိုင်ရှင် ဦးထွန်း ထွန်းက
မြန်မာတိုင်း(မ်)ကို ပြောသည်။ "အန်းဒရွိုက်ဟန်းဆက်တွေထဲမှာဆိုရင်တော့ ဆမ်ဆောင်းက
ရောင်းအား ကောင်းပါ တယ်။ ဟာဝေးက ဒုတိယရောင်းအားကောင်း နေပါတယ်။ ဆမ်ဆောင်းရဲ့
အေစီးရီးတွေ အ၀ယ်များပြီး ဟာဝေးမှာဆိုရင် နောက်ဆုံး ထွက်ထားတဲ့ Huawei Honor
rတွေဝယ်ကြတာ များပါတယ်" ဟုMr.Fone Telecom Center က တာဝန်ရှိသူ မမေမိုးက ပြောသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - နည်းပညာသတင်း