အူရီဒူးသုံးစွဲသူများ တစ်မိနစ် ၂၀ ကျပ်ဖြင့်ဖုန်းခေါ်ဆိုနိုင်ပြီ

အူရီဒူးမြန်မာက တစ်မိနစ်လျှင် ၂၀ ကျပ်ဖြင့် ဖုန်းခေါ်ဆိုနိုင်ရန် အထူးလျှော့ဈေးတစ်ရပ်ဖြစ်သည့် 
Red  ၀န်ဆောင်မှုကို ဧပြီလ ၁ရက်နေ့ တွင် ရန်ကုန်မြို့ ရှိ ကန်တော်ကြီးပဲလေ့စ်ဟို တယ်၌
မိတ်ဆက်ခဲ့သည်။

အူရီဒူးမြန်မာသုံးစွဲသူများသည် စာတို နံပါတ် ၅၅၅၅ သို့ RED ဟုရေးသားကာ ပေးပို့  ခြင်းဖြင့်
အဆိုပါဝင်ဆောင်မှုကိုရရှိနိုင်မည်ဖြစ်ပြီး ယင်းဝန်ဆောင်မှုအတွက်လစဉ် စာရင်းသွင်းခ ၅၀၀ကျပ်
  ကို သုံးစွဲသူများ၏ ဖုန်းငွေဖြည့်ကတ်အတွင်းမှကောက်ခံသွားမည်ဖြစ်သည်။ သို့ သော်
ဧပြီလ အထူးအစီအစဉ် ဖြင့် ဧပြီလ ၂ ရက်နေ့ မှ ၃၀ ရက်နေ့ အတွင်း ယင်းဝန်ဆောင်မှုကို
စတင်သုံးစွဲပါက သုံးစွဲသည့် ရက်မှ ၁၅ ရက်တိုင်တိုင်စာရင်းသွင်းခ ၅၀၀ ပေးစရာမလိုကြောင်း သိရသည်။

"RED ၀န်ဆောင်မှုကို ဧပြီလမှာ စာရင်းသွင်းခပေးစရာမလိုဘဲနဲ့  ဒီဝန်ဆောင်မှုကို SMS
နံပတ် ၅၅၅၅ ကို  RED လို့  စာသားပေးပို့ ပြီးတော့ ၀န်ဆောင်မှုကိုရယူနိုင်ပြီး တစ်မိနစ်
၂၀ ကျပ်နဲ့ ဖုန်းပြောနိုင်ပါပြီ။ နောက်ပိုင်းလတွေမှာတော့ ဒီဝန်ဆောင်မှုအတွက်စာရင်းသွင်းခ
၅၀၀ ကိုဖုန်းဘေလ်ကနေ ဖြတ်သွားမှာဖြစ်ပါတယ်" ဟု အူရီဒူးမြန်မာ၏ အလုပ်အမှုဆောင်
အရာရှိချုပ် Mr.Ross Cormack ကပြောသည်။

ယင်းဝန်ဆောင်မှုကိုတစ်ကြိမ် စာရင်းပေးသွင်းပါက သုံးစွဲရန် ရက် ၃၀ သတ်မှတ်ပေးထားပြီး
ရက်၃၀ ကုန်ဆုံးသွားသောအခါ ထပ်မံ သုံးစွဲချင်ပါက အထက်ဖော်ပြပါအတိုင်း ပြန်လည်
စာရင်းပေးသွင်းကာ ၀န်ဆောင်မှု ကို ရယူရမည်ဖြစ်သည်။

ဝန်ဆောင်မှုသည် သို့ရာတွင် ဖုန်းခေါ်ဆို ကြိမ် အများအပြားအသုံးပြုနိုင်မှသာလျှင် ယင်း
RED  ၀န်ဆောင်မှုကို သုံးသင့်ကြောင်း အူရီဒူးသုံးစွဲသူများကပြောသည်။

"တစ်မိနစ် ၂၀ကျပ်ဆိုတဲ့ဈေးကိုတော့ကြိုက်တယ်။ စာရင်းသွင်းခ ၅၀၀ဆိုတာ ကတော့
ဖုန်းတွေအရမ်းပြောရင်တော့တန် တယ်။ဖုန်းခေါ်ဆိုမှုနည်းတယ်ဆိုရင်ဒီဝန်ဆောင်မှုကိုမသုံး
သင့်ဘူးလို့ ထင်ပါတယ်" ဟု မိုဘိုင်းဖုန်းသုံးစွဲသူ ဦးမောင်ဝင်း က မြန်မာတိုင်း(မ်)သို့ ပြောသည်။

ထိုဝန်ဆောင်မှုနှုန်းထားကို စာရင်းသွင်းခ မကောက်ခံဘဲပုံမှန်ဖုန်းခေါ်ဆိုမှုဈေးနှုန်းဖြင့်သတ်မှတ်ပေးစေ
လိုကြောင်း အူရီဒူးသုံးစွဲသူများကပြောသည်။

အခုဈေးနှုန်းကိုသာစာရင်းသွင်းခမပေးရဘဲအူရီဒူးသုံးတဲ့သူတွေအတွက်ပုံမှန်ဈေးနှုန်းအနေနဲ
့ကောက်ခံသွားမယ်ဆိုရင် မြန်မာနိုင်ငံဆက်သွယ်ရေးလောက မှာ လူကြိုက်အများဆုံးနဲ့ 
ဈေးနှုန်းအချိုသာဆုံးနဲ့ အကောင်းဆုံးဝန်ဆောင်မှုပေးတဲ့ ဆက်သွယ်ရေးကဏ္ဍအဖြစ်ရပ်
တည်နိုင်မယ်လို့ ထင်ပါတယ်" ဟု အူရီဒူးဆင်းကတ်အသုံးပြုသူ ကိုဝေဖြိုးအောင်ကပြောသည်။ လက်ရှိတွင်လည်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ဆွေသဟာအစီအစဉ်ကို ထပ်မံတိုးမြင့်
ဝန်ဆောင်မှုပေးလျက်ရှိရာ မြန်နှုန်းမြင့်အင်တာနက်ကို ၅၀ ရာခိုင်နှုန်းလျှော့ဈေးဖြင့် ပရိုးမိုးရှင်း
ဝန်ဆောင်မှုပေးလျက်ရှိသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - နည်းပညာသတင်း