အန်းဒရွိုက်ဆော့ဖ်ဝဲရေးသားသူများနှင့် အွန်လိုင်းငွေပေးချေမှု အခက်အခဲ

ပြည်တွင်းရှိ မိုဘိုင်းဆော့ဖ်ဝဲရေးသားသူများသည် ၎င်းတို့ကိုယ်ပိုင် အန်းဒရွိုက်အက်ပလီကေးရှင်းများ
ရေးသားဖန်တီးပြီးနောက် ဂူးဂဲလ်စတိုးပေါ်သို့ တင်သည့်အခါတွင် ငွေပေးချေမှုစနစ်၊ ဖုန်းတွင်းပိုင်းရှိ ဖောင့်စနစ်များနှင့်ပတ်သက်၍အခက်အခဲများရှိနေကြောင်း ဆော့ဖ်ဝဲသမားများက
ပြောကြားသည်။

"အခုမြန်မာနိုင်ငံရဲ့ မိုဘိုင်းဆော့ဖ်ဝဲလ် ဈေးကွက်ကတော့ တခြားနိုင်ငံတွေနဲ့ ယှဉ်ရင် ကွာခြားမှုတွေ
အများကြီးပါပဲ။ ငွေ ပေးချေမှုနဲ့ ပတ်သက်ရင်လည်း ဗီဇာကတ်၊ ခရက်ဒစ်ကတ်တို့က မရှိကြတော့
ရှိပြီးသားလူဆီကပဲ တခြားနိုင်ငံမှာရှိတဲ့ သူငယ်ချင်းဖြစ်ရင် သူငယ်ချင်းပေါ့၊ သူတို့ရဲ့ အကူအညီနဲ့
ငွေဖြည့်ပြီး Developer Account လုပ်ရပါတယ်။ ငွေပေးချေမှု အဆင်ပြေသွားရင်တော့
ကောင်းမှာပေါ့။ သူများအားကိုးစရာ မလိုတော့ဘူး။ နောက်တစ်ခုက အက်ပလီကေးရှင်း ဂူးဂဲလ်
ပေါ်ရောက်သွားရင် တချို့တွေကတော့ သုံးစွဲသူတွေကို အလကားပေးထားတယ်။ တချို့ကျတော့
အခကြေးငွေနဲ့၊ အခ ကြေးငွေနဲ့ဆိုရင် တချို့က ငွေပေးရ ကောင်းမှန်း မသိကြပါဘူး။
အလကားပေးထားရင်တော့ သိပ်ပြီး ပြဿနာမရှိဘူး။ အခကြေးငွေနဲ့ကျတော့ ဒီနိုင်ငံမှာ
အဆင် မပြေဘူး။ အဲဒီတော့ တချို့ကုမ္ပဏီတွေ က အမ်ပီတီနဲ့ပေါင်းပြီး ငွေပေးချေမှုလုပ်စေတာတွေတော့
ရှိတယ်။ ဥပမာ Bagan Keyboard ပါ"ဟု ဆော့ဖ်ဝဲ ရေးဆွဲသူတစ်ဦးဖြစ်သည့် ကိုစိုးနိုင်ထွန်း ကပြောသည်။

အက်ပလီကေးရှင်းတစ်ခုကို ရေးသားဖန်တီးပြီးနောက် သုံးဆွဲသူများ ဒေါင်းလုပ် ရယူသုံးစွဲနိုင်ရန်
ကိုယ်ပိုင်ဝက်ဘ်ဆိုက်ဖြစ်စေ၊ စီးပွားရေးဝက်ဘ်ဆိုက်ဖြစ်စေ၊Google Play Store ဖြစ်စေ
တင်ပေးလေ့ ရှိသည်။Google Play Store ပေါ်သို့ တင်ရန် Developer Account တစ်ခု
ရှိရမည်ဖြစ်ပြီး အကောင့်တစ်ခုဖန်တီးရန် တစ်နှစ်စာအတွက် အမေရိကန် ၂၅ ဒေါ်လာ
ပေးဆောင်ရသည်။ ငွေပေးချေမှု၌ ဗီဇာ (Visa)ခရက်ဒစ်ကတ် ရှိရမည်ဖြစ်သော်လည်း
မြန်မာနိုင်ငံကဆိုလျှင် ငွေပေးချေရန် Proxy ကျော်သည့်နည်းသုံးပြီး အဆင့်များစွာ ကျော်ပြီးမှသာ
အကောင့်တစ်ခုကို ရရှိမည်ဖြစ်သည်။ ဗီဇာကတ်ကို မြန်မာနိုင်ငံ၌ သုံးစွဲသူအချို့ရှိသော်လည်း
Google Play Store အပါအ၀င် အခြား အွန်လိုင်းဈေးဝယ်ဝက်ဘ်ဆိုက်များတွင် မြန်မာနိုင်ငံအတွက်
ထောက်ပံ့မှုပေး မထားခြင်းကြောင့် အသုံးပြုသည့်နိုင်ငံ ရွေးချယ်ရသည့်အခါ အခက်အခဲ
အနည်းငယ်ရှိနေခြင်းဖြစ်သည်။ "မိုဘိုင်းဖန်တီးသူတစ်ဦးဟာ ဒီအတိုင်း ရိုးရိုး အပျော်တမ်း
ဖန်တီးမယ်ဆိုရင် အခက် အခဲမရှိပေမယ့် ဂူးဂဲလ်တွေအပေါ်မှာ အက်ပ်ကို တင်မယ်ဆိုရင်တော့
အခက်အခဲ ရှိပါတယ်။ ဘာကြောင့်လဲဆိုရင် Developer Account ဖန်တီးရင် မြန်မာနိုင်ငံကနေ
ဗီဇာခရက်ဒစ်ကတ်တွေ မရသေးတော့ အကောင့်ဖန်တီးရတာ အခက်အခဲတွေ့ ရပါတယ်။ ဖုန်းအတွင်းပိုင်းစနစ်မှာဆိုလည်း နောက်တစ်ချက်က ဇော်ဂျီဖြစ်ရင်လည်းဖြစ်၊ မဟုတ်ရင်လည်း
ယူနီကုတ်ဖြစ်စေချင် တယ်။ သို့သော်လည်း ယူနီကုတ်သုံးရင်တော့ နှစ်ဖက်စလုံးပိုအကျိုးရှိမှာပါ။
သုံးစေ ချင်ပါတယ်။ ခုက ဂူးဂဲလ် Nexus လိုဖုန်း တွေ၊ အင်တာနေရှင်နယ်တွေမှာတော့ ယူနီ ကုတ်အစစ်ကိုသုံးပြီး မြန်မာနိုင်ငံမှာကျတော့ ဇော်ဂျီသုံးတော့ ကမောက်ကမ ဖြစ်ကုန်တာပေါ့။
အားလုံးက တစ်ခုတည်း ကို သုံးတာ ပိုကောင်းပါလိမ့်မယ်လို့ ထင်ပါ တယ်"ဟု မိုဘိုင်းဆော့ဖ်ဝဲလ်
ရေးဆွဲသူ ကိုဇင်မျိုးဦးက ပြောသည်။

မြန်မာဘာသာအတွက် ဖောင့်စနစ် နှစ်မျိုးဖြစ်နေပြီး နိုင်ငံတကာသတ်မှတ်ထားသော
ယူနီကုတ်စနစ်ကို ပြည်သူများ အသုံးပြုမှုအားနည်းနေကာ ဇော်ဂျီဖောင့် ကိုသာ အသုံးပြုမှုများနေခြင်းကြောင့်
ဆော့ဖ်ဝဲရေးသားရာတွင် Sorting နှင့် ပတ်သက်၍ အခက်အခဲများရှိနေခြင်းဖြစ် ကြောင်း သိရသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - နည်းပညာသတင်း