လိုင်းအက်ပလီကေးရှင်း တရားဝင်စတင်မိတ်ဆက်

အင်တာနက်မှတစ်ဆင့် မက်ဆေ့ခ်ျပေးပို့ခြင်း၊ ဖုန်းနှင့် ဗီဒီယိုဖုန်းများကို အခမဲ့ခေါ်ဆိုနိုင်သည့်
'လိုင်း' (LINE) အက်ပလီကေးရှင်းကို မြန်မာနိုင်ငံ၌ စတင်အသုံးပြုနိုင်ခဲ့သည့် မတ်လမှ
စတင်ကာ အသုံးပြုသူအရေအတွက် မှာ ၃၀၉ ရာခိုင်နှုန်းမြင့်တက်လာသည်ဟု LINE
Myanmar  ၏ အထွေထွေမန်နေဂျာ မစ္စတာဒါရင်ဟွမ်က ပြောသည်။ လိုင်းအက်ပလီကေးရှင်း တရားဝင်စတင်မိတ်ဆက်ခဲ့သည့် ဇူလိုင်လ ၃ ရက်နေ့က သရုပ်ဆောင် အောင်ရဲလင်းနှင့် ခင်ဝင့်ဝါတို့ကို တွေ့ရစဉ်။ ဓာတ်ပုံ - နိုင်ဝင်းထွန်း၊မြန်မာတိုင်းမ်လိုင်းအက်ပလီကေးရှင်း တရားဝင်စတင်မိတ်ဆက်ခဲ့သည့် ဇူလိုင်လ ၃ ရက်နေ့က သရုပ်ဆောင် အောင်ရဲလင်းနှင့် ခင်ဝင့်ဝါတို့ကို တွေ့ရစဉ်။ ဓာတ်ပုံ - နိုင်ဝင်းထွန်း၊မြန်မာတိုင်းမ်

"မတ်လတွင် မိတ်ဆက်ခဲ့ပြီးနောက်ပိုင်း မြန်မာပြည်တွင် အသုံးပြုသူ ၃၀၉ ရာခိုင်နှုန်း
မြင့်တက်လာခဲ့တာကို ကျွန်တော်တို့ တွေ့ရှိရတဲ့အတွက် မြန်မာနိုင်ငံကို နောက်
ထပ်ဈေးကွက်နေရာတစ်ခုအဖြစ် ကျွန်တော်တို့ အခုလို ရွေးချယ်ခဲ့ခြင်းဖြစ်ပါတယ်။
အခုနှစ်အတွင်း လိုင်းဟာ ပြည်တွင်း စီးပွားရေးလုပ်ငန်းများ၊ ကော်ပိုရေးရှင်းများနဲ့ လူသိများ
ထင်ရှားသူတို့ကို လက်တွဲဖက် အဖြစ် ပူးပေါင်းမှာ ဖြစ်ပါတယ်"ဟု ၎င်းက ပြောသည်။

LINE Corporation  သည် ဂျပန်နိုင်ငံ တွင် အခြေစိုက်ကာ နိုင်ငံပေါင်း ၂၃၀ ကျော်တွင်
အသုံးပြုလျက်ရှိပြီး မြန်မာနိုင်ငံတွင်မူ ဇူလိုင် ၃ ရက်နေ့ကမှ တရားဝင် မိတ်ဆက်
ခဲ့ခြင်းဖြစ်သည်။ သို့သော်အသုံးပြုသူများက မူ မတ်လကတည်းက စတင်အသုံးပြုနိုင်
နေခြင်းဖြစ်သည်။

လိုင်းသည် ပြည်တွင်းတွင် အမ်ပီတီ၊ ဆမ်ဆောင်း၊Jaymart  နှင့် City Mart 
တို့နှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

"လိုင်းက တစ်ကမ္ဘာလုံးမှာရှိတဲ့ ဈေးကွက်တော်တော်များများကို လျင်မြန် စွာ ထိုးဖောက်
လာတာကို ကျွန်တော်တို့ တွေ့မြင်ပြီးဖြစ်ပါတယ်။ ပြီးတော့ လိုင်းအက်ပ်က မြန်မာနိုင်ငံ
မှာလည်း အောင်မြင်ဖို့ အလားအလာ ရှိပါတယ်။ နောက် မြန်မာနိုင်ငံမှာ အကြီးဆုံး
ဆက်သွယ်ရေး အော်ပရေတာအနေနဲ့ လိုင်းနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်ရ
တဲ့အတွက် လည်း အရမ်းကို ဂုဏ်ယူမိပါတယ်"ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏
Joing Operation  က Marketing Director Mr.Takashi Shingeno က
ပြောသည်။

"လိုင်းကို ဒေါင်းလုတ်ရယူလိုက်ပြီး တော့ ပထမဆုံး ကျွန်တော်နှစ်သက်မိတာကတော့
အက်ပ်နဲ့အတူ ပါလာတဲ့ ချစ်စရာ ကောင်းတဲ့ စတစ်ကာလေးတွေပါ။ နောက်တစ်ခုက
Timeline  မှာလည်း ပုံတွေတင်လို့ရတယ်။ ကျွန်တော့် မိတ်ဆွေတွေက လိုက်ခ်နဲ့
ကွန်းမန့်တွေကို စကားလုံးတွေနဲ့ဖြစ်စေ၊ စတစ်ကာတွေနဲ့ဖြစ်စေ ပေး လို့ ရပါတယ်"ဟု
ရုပ်ရှင်သရုပ်ဆောင် အောင်ရဲလင်းက ပြောသည်။

လိုင်းအက်ပလီကေးရှင်းအကြောင်း ကို ထပ်မံသိရှိလိုပါက တော်ဝင်စင်တာ နှင့်
Junction Square တို့ရှိ Line hopping Download Stations များထံသို့ အခမဲ့လာရောက်
ရယူနိုင်ကြောင်း လိုင်းက ထုတ်ပြန်ထားသည်။ လိုင်းက ဆမ်ဆောင်းဖုန်း အလုံး ၃၀ ကို ဇွန်လ
၂ ရက်နေ့မှစတင်ပြီး ရက် ၃၀ မဲဖောက်ပေးနေကြောင်း သိရသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - နည်းပညာသတင်း