MEC Tel မှ ဖုန်းခေါ်ဆိုခ အသစ်များနှင့်အစီအစဉ်အသစ်များကြော်ငြာ

 

MEC Tel စီဒီအမ်အေ ၈၀၀ မီဂ္ဂါဟတ် ဆင်းကတ်အသုံးပြုသူများသည် ၂၀၁၅ ခုနှစ် ဩဂုတ်လ
၁၂ ရက်နေ့ မှ စတင်ကာ ဖုန်းခေါ်ဆိုမှု နှုန်းထားအသစ်များဖြင့် ဆက်သွယ်အသုံးပြုနိုင်နေသည့်
အပြင် ဩဂုတ်လ ၁၈ရက်နေ့ တွင် MEC ၏ ရွှေမေတ္တာအစီအစဉ်ကိုလည်း MEC Tel သုံးစွဲသူ
မိဘပြည်သူများသိရှိစေရန် ကြောငြားထားပြီဖြစ်သည်။

ယခုအခါ MEC Tel ဆင်းကတ်အသုံးပြုသူမိဘပြည်သူများသည် ဩဂုတ်လ ၁၂ ရက်မှစတင်ကာ
MEC Tel ဖုန်းအချင်းချင်းခေါ်ဆိုလျှင် တစ်မိနစ်လျှင် ၂၂ ကျပ် ဖြစ်ပြီး MEC Tel ဖုန်းမှအခြား
ဖုန်းများသို့ ခေါ်လျှင် တစ်မိနစ်လျှင် ၂၃ ကျပ်ဖြင့် ဆက်သွယ်နိုင်သည့်အပြင် အင်တာနက်
သုံးစွဲခမှာ တစ်မိနစ်လျှင် ၃ ကျပ်ဖြင့် စတင်ကောက်ခံနေပြီဖြစ်ကြောင်း MEC Tel မှတာဝန်ရှိ
သူတစ်ဦးကပြောသည်။

အဆိုပါ MEC Tel ဆင်းကတ်များကို ကျပ် ၁၅၀၀ ဖြင့်၂၀၁၃ ခုနှစ် ဧပြီလမှ စတင်ကာ
ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများ တွင် မဲစနစ်ဖြင့်ရောင်းချပေးခဲ့ရာ ယခု မြန်မာနိုင်ငံတွင် MEC
Tel ဆင်းကက် အသုံးပြုသူ အရေအတွက် ၃ဒသမ၈သန်းကျော် ရှိနေပြီဖြစ်ကြောင်း MEC
Tel မှတာဝန်ရှိသူတစ်ဦးကမြန်မာတိုင်း(မ်)သို့ ပြောသည်။

ထို့ အတူ ဩဂုတ်လ ၁၈ ရက်နေ့ တွင် ကြောငြာခဲ့သည့် MEC Tel ၏ အစီအစဉ်
အသစ်တစ်ခုဖြစ်သော ရွှေမေတ္တာအစီအစဉ် ကို မှတ်ပုံတင်ခြင်းဖြင့် ဖုန်းခေါ်ဆိုခမှာ MEC
Tel ဖုန်းအချင်းချင်းခေါ်ဆိုလျှင် တစ်မိနစ် ၂၁ ကျပ်ဖြစ်ပြီးး MEC Tel ဖုန်းမှအခြားဖုန်းများသို
့ခေါ်လျှင် တစ်မိနစ် ၂၂ကျပ်ဖြင့် ခေါ်ဆိုနိုင်မည့်အပြင် အင်တာနက်သုံးစွဲမှုမှာ ၁မီဂ္ဂါဘိုက်လျှင်
၆ကျပ် ဒေတာကောက်ခံမှု ပုံစံဖြင့် ကောက်ခံသွားမည်ဖြစ်သည်။ ထို့ ကြောင့် MEC Tel ၏
ရွှေမေတ္တာအစီအစဉ်ကိုအသုံးပြုချင်သူများသည် စာတိုနံပါတ် ၂၃၃ သို့  "SMT"ဟုပေးပို့
ကာရယူနိုင်သည်။ ထို့အပြင် MEC Tel ၏ လစဉ် ဒေတာ အစီအစဉ် ဖြင့်သည့် လစဉ်ကြေး
သွင်းကာ သုံးစွဲနိုင်မည့် Package များဖြစ်သည့် Diamond၊Gold၊Silver အစီအစဉ်များလည်း
ရှိသည်။

အလားတူ မိုးရွာသွန်းမှုများပြားသဖြင့် မြေပြိုမှုများကြောင့် ပြောင်းရွေးမှုများဆောင်ရွက်နေသော
ချင်းပြည်နယ်၏ မြို့ တော် "ဟားခါးမြို့ " ရေကြီးမှုဒါဏ်ကြောင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်း
များ ဆောင်ရွက်နေရသော ကလေးမြို့ နယ်၊ ဟင်္သာတမြို့ နယ်၊ ညောင်တုန်းမြို့ နယ်၊ သာပေါင်းမြို
့နယ် နှင့် အင်္ဂပူမြို့ နယ်များတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိသော
စေတနာရှင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ နှင့် လူမှုရေးပရဟိတအဖွဲ့ အစည်းများ အချိန်နှင့်
တပြေးညီ ကူညီဆောင်ရွက်နိုင်ရန်အတွက် MEC Tel CDMA 800 MHzဖုန်းအချင်းချင်းအား
ဩဂုတ်လ ၁၈ ရက်နေ့ မှစတင်ကာ အခမဲ့ခေါ်ဆိုခွင့်ပြုနေပြီဖြစ်သည်။ ယခင်က MEC
Tel CDMA 800 MHz အသုံးပြုသူများသည် တစ်မိနစ် ၅၀ ဖြင့် ဖုန်းခေါ်ဆိုခဲ့ရသည့်အပြင်
စာတို တစ်စောင် ၂၅ ကျပ်ဖြင့်ပေးပိုခဲ့ရပြီးအင်တာနက်သုံးစွဲခမှာ ၁မိနစ်လျှင် ၄ ကျပ်ဖြင့်
အသုံးပြုခဲ့ရသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - နည်းပညာသတင်း