ဂလက်ဆီ နုတ် ၅ ပထမဆုံးရောင်းချသောရက်တွင် ရလဒ်ကောင်းများရရှိ

ဆမ်ဆောင်းမှ နောက်ဆုံးစမတ်ဖုန်းသစ်တစ်လုံးဖြစ်သည့် ဂလက်ဆီနုတ် ၅ အား ရန်ကုန်နှင့်
မန္တလေးမြို့တို့တွင် ဩဂုတ်လ ၂၃ ရက်နေ့၌ စတင်ရောင်းချခဲ့ရာ ပရိသတ်တို့၏ အားပေးမှုကို
အခိုင်အမာရရှိခဲ့ကြောင်း ဆမ်ဆောင်းမြန်မာမှ သိရသည်။

"ကျွန်တော်တို့ရဲ့ နောက်ဆုံးပေါ် ဂလက်ဆီ နုတ် ၅ အပေါ်မှာ မြန်မာပြည်က သုံးစွဲသူတွေရဲ့
ပံ့ပိုးမှုကို အခိုင်အမာရရှိခဲ့ပါတယ်။ နုတ်စီးရီး ရဲ့ ရောင်းအားက တစ်ထက်တစ်နှစ် ပိုမိုတိုးတက်
လာတာကို ကြည့်ခြင်းအားဖြင့် ဂလက်ဆီ နုတ်စီးရီးကို မြန်မာသုံးစွဲသူတွေ သဘောကျနှစ်ခြိုက်
မှန်းသိနိုင်ပါတယ်။ နုတ် ၅ အားလုံးကို နာရီပိုင်း အနည်းငယ်အတွင်း ရောင်းကုန်ခဲ့ပါတယ်"ဟု
ဆမ်ဆောင်းမြန်မာ၏ Head of IT & Mobile Channel ကို ဇာနည်ဝင်းထက်က ပြောသည်။

တစ်သိန်းခွဲ တန်ကြေးရှိသည့် လက်ဆောင်များကို စရောင်းချသည့်တစ်ရက်တည်းအတွက်
ပေးအပ်သည့် အစီအစဉ်နှင့်အတူ နုတ် ၅ ရောင်းချမှုမှာ တာထွက်ကောင်းခဲ့သည်။
ပထမဆုံးရောင်းချမည့် တစ်ရက်အလိုတွင် ရောင်းချမည့် လှည်းတန်းစင်တာနှင့်
မန္တလေးမြို့ရှိ စီဒိုးနားဟိုတယ်တို့၌ ညအိမ်တန်းဆီ စောင့်ဆိုင်းဝယ်ယူခဲ့ကြကာ
ပရိသတ်၏ အားပေးမှုကိုရရှိခဲ့သည်။ "ဆမ်ဆောင်းက လူမှုကွန်ယက်တွေ၊ ဂျာနယ်တွေမှာပါ
ကြော်ငြာတာတွေကို တွေ့လည်းတွေ့၊ ဖတ်လည်းဖတ်ရတာကြောင့် ဟက်ဒ်ဝဲတွေ
သေချာလေ့လာပြီး အလွန်သင့်တော်တဲ့ လုပ်ဆောင်ချက်တွေပါဝင်တဲ့ နုတ် ၅ ကို
ဝယ်ဖို့ဆုံးဖြတ်လိုက်တာပါ။ ကျွန်တော်တို့အားလုံးကို ရွှေရောင်ဝယ်မှာပါ"ဟု ရန်ကုန်မှ
ဦးဝင်းထွဋ်က ပြောသည်။ ဆမ်ဆောင်း နုတ် ၅ သည် နုတ်အမျိုးအစားထဲတွင် ပထမဦးဆုံး
ဆင်းကတ်နှစ်ကတ် ထည့်သုံးနိုင်ပြီး ဘက်ထရီအနေဖြင့် အဖြုတ်အတပ် မလုပ်နိုင်သည့်
လီပိုအမျိုးအစား ၃၀၀၀ မီလီအမ်ပီယာဖြင့် ပေါင်းစပ်ထားကာ၊ အမြန်နှုန်းအနေဖြင့် 2.1 GHz ဖြင့်
အသုံးပြုထားကြောင်း ရောင်းဈေးအနေဖြင့်လည်း ၈၈၀ ၀၀၀ ကျပ်ဖြင့် သတ်မှတ်ထားကြောင်း
သိရသည်။

ထို့ပြင် ဆမ်ဆောင်းမှလည်း နောက်ဆုံးပေါ်အောင်မြင်မှုရရှိနေသည့် အီလက်ထရွန်းနစ်ပစ္စည်း
သစ်များကို မြန်မာနိုင်ငံသို့ ထပ်မံယူဆောင်လာဦးမည်ဖြစ်ကြောင်း သိရသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - နည်းပညာသတင်း