ဆက်သွယ်ရေးကဏ္ဍကို ပြုပြင်ပြောင်းလဲပေး မယ့် ဆက်သွယ်ရေးလုပ်ငန်း စီမံချက်မူကြမ်း

e-government လုပ်ငန်း၏ တစ်စိတ်တစ်ဒေသဖြစ်သည့် ရန်ကုန် မြို့တော်ဝက်ဘ်ဆိုက်ကို ကြည့်ရှုနေသူတစ်ဦး။ ဓာတ်ပုံ -အောင်ဌေးလှိုင်၊မြန်မာတိုင်းမ်e-government လုပ်ငန်း၏ တစ်စိတ်တစ်ဒေသဖြစ်သည့် ရန်ကုန် မြို့တော်ဝက်ဘ်ဆိုက်ကို ကြည့်ရှုနေသူတစ်ဦး။ ဓာတ်ပုံ -အောင်ဌေးလှိုင်၊မြန်မာတိုင်းမ်

မကြာသေးခင်ကထုတ်ပြန်ခဲ့သည့် ဆက်သွယ်ရေးလုပ်ငန်းစီမံချက်မူကြမ်းကို လူမှုရေးအဖွဲ့
အစည်းများက ချီးကျူးထားကြပြီး ယင်းစီမံ ချက်ထဲတွင် လူ့အခွင့်အရေးဆိုင်ရာအချက်အလက်များ
အနှောင့်အယှက်ကင်းရေး၊ မူဝါဒချမှတ်ရေးကဲ့သို့ ကိစ္စရပ်များနှင့်ပတ်သက်ပြီး ရှင်းလင်းလွယ်ကူ
သည့်အချက် အလက်များပါ ထည့်သွင်းပေးရန်လည်း တောင်းဆိုထားကြသည်။ ပြီးခဲ့သည့်
တစ်နှစ်အတွင်း မြန်မာနိုင်ငံရှိဆက်သွယ်ရေးကဏ္ဍသည် အပြောင်းလဲကြီး ပြောင်းလဲခဲ့သည်။

မြန်မာနိုင်ငံတွင်း ပထမ ဦးဆုံး ပြည်ပဆက်သွယ်ရေး ၀န်ဆောင်မှု ကုမ္ပဏီတစ်ခုဖြစ်သည့်
အူရီဒူး၏ ၀န်ဆောင်မှုကို စတင်ပေးခဲ့ပြီး သုံးစွဲသူများသည်လည်း ယခင်ကကဲ့သို့ ဖုန်းဆင်းမ်
ကတ်များကို ကျပ်သိန်းချီပေးပြီး ၀ယ်စရာ မလိုတော့ဘဲ ၁,၅၀၀ ကျပ်ဖြင့် ၀ယ်ယူအသုံးပြု
လာနိုင်ကြသည်။ အပြောင်းအလဲ၏ ရှေ့ဆက်တိုးတက်မှုအဖြစ် မိုဘိုင်းဖုန်းအသုံးပြုသူအရေ
အတွက် သည် မူဝါဒအပြောင်းအလဲထက် ပိုမိုများပြား ခဲ့သည်။ ဆက်သွယ်ရေး ဥပဒေ ၂၀၁၃ ကို
ပြဋ္ဌာန်းခဲ့ပြီး ဆက်လက်ဖြေရှင်းရန်ကိစ္စများ လည်း ထွက်ပေါ်လာသည်။ ဆက်သွယ်ရေး နှင့်
သတင်းအချက်အလက် နည်းပညာ ၀န်ကြီး ဌာနသည် ဇူလိုင်လတွင် ထုတ်ပြန်ခဲ့သည့်
ဆက်သွယ်ရေးလုပ်ငန်းဆိုင်ရာစီမံချက်ကို မူကြမ်းမရေးဆွဲမီ ညှိနှိုင်းတိုင်ပင်ခြင်းများ၊
တွေ့ဆုံဆွေးနွေးခြင်းများနှင့် နိုင်ငံတကာက ဆက်သွယ်ရေးလုပ်ငန်း စနစ်များကို လေ့လာ
ခြင်းများ ဆောင်ရွက်ခဲ့သည်။ အဆိုပါမူကြမ်းအပေါ်Myanmar Centre for Responsible
Business (အမ်စီအာရ်ဘီ)၊ Access နှင့် အမ်အိုင်ဒီအို( Myanmar ICT for Development
Organization) တို့က အပြု သဘောဆောင်သည့် ဝေဖန်သုံးသပ်ချက်များကို ပြောကြားခဲ့ကြသည်။
"ကျွန်တော်မြင်ဖူးသမျှ မြန်မာအစိုးရက ရေးဆွဲခဲ့တဲ့ စီမံချက်မူကြမ်းတွေမှာ အပြည့်စုံဆုံးမူကြမ်း
တစ်ခုပါ။ နောက်ဆုံးထွက်လာတဲ့စီမံချက်မူကြမ်းက အစောပိုင်းကနဲ့ လုံးဝကို မတူတော့ပါဘူး" ဟု
အမ်စီအာရ်ဘီမှ ဒစ်ဂျစ်တယ်အခွင့်အရေးဆိုင်ရာကုမ္ပဏီ Access မှ မူဝါဒရေးရာ အကြီးတန်း
အကြံပေး Peter Micek က ပြောသည်။

အမ်အိုင်ဒီအိုမှ စီမံကိန်းမန်နေဂျာ ဒေါ်ထိုက်ထိုက်အောင်ကလည်း အဆိုပါ မူကြမ်းပါ အချက်
အလက်များမှာ အလွန်ကောင်းသည်ဟု ပြောသည်။ "၀န်ကြီးဌာနဟာ ဒီစီမံချက်မူကြမ်းရေးဖို့
အတွက် စိတ်အားထက်သန်မှုရှိတာကို ကျွန်မတို့ မြင်တွေ့နိုင်ပါတယ်" ဟု ၎င်းက ပြောသည်။
အိုင်စီတီ ဂေဟစနစ်အသစ်တစ်ရပ်နှင့် တိုးတက်တီထွင်မှုများ ဖြစ်ထွန်းလာစေပြီး မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍပြုပြင်ပြောင်းလဲရေးအတွက် တွေးတွေးဆဆဖြင့်အာမခံချက်ရှိရှိ တည်ရှိ
သည့်အဆိုပါမူကြမ်း ၏ အရည်အသွေးနှင့် ရှင်းလင်းမှုကို အမ်စီအာရ် ဘီကလည်း ချီးကျူး
စကားပြောထားသည်။ သို့သော် အဆိုပါစီမံချက်မူကြမ်းအတွက် ယင်းတို့၏ ဝေဖန်သုံးသပ်ချက်ကို
လူသိများအောင် မလုပ်နိုင်ခဲ့ကြောင်း ယင်းမူကြမ်း အတွက် ဝေဖန်သုံးသပ်ချက်များ တင်သွင်းခဲ့
သည့် အဖွဲ့အစည်း တစ်ခုလည်းဖြစ်သည့် အမ်စီအာရ်ဘီက ပြောသည်။

ဝေဖန်သုံးသပ်ချက် တင်သွင်းရန် နောက်ဆုံး သတ်မှတ်ရက်ကို တစ်ပတ် ရွှေ့ဆိုင်းပေးခဲ့သည့်
အတွက် အချိန်ပိုရခဲ့ သော်လည်း ယင်းစီမံချက်မူကြမ်းအတွက် ယင်းတို့၏ ဝေဖန်သုံးသပ်ချက်မှာ
အခြား အကြံပြုချက်များနှင့် ယှဉ်လျှင် တိုတောင်း ကြောင်း အဆိုပါမူကြမ်းအတွက် ဝေဖန်
သုံးသပ်ချက်တင်သွင်းခဲ့သည့် အခြားအဖွဲ့ အစည်းတစ်ခုဖြစ်သည့် Access မှ Peter Micek
ကလည်း ပြောသည်။ တိုးတက်ရေးလမ်းကြောင်း ရေးဆွဲချမှတ်ခြင်း ဆက်သွယ်ရေးလုပ်ငန်း
ကဏ္ဍကို ပြုပြင် ပြောင်းလဲမှုပြုလုပ်ရမည်ဟု လက်ခံထားရာ အဆိုပါစီမံချက်မူကြမ်းသည်
မြန်မာနိုင်ငံ ကို ဆက်သွယ်ရေးကဏ္ဍတွင် တိုးတက်မှု သိသိသာသာမရှိသည့်အခြေအနေမှ
"မိုဘိုင်း ဦးစားပေး ဒစ်ဂျစ်တယ်နည်းလမ်းဖြင့် ချိတ် ဆက်ဆောင်ရွက်သည့်နိုင်ငံ" အဖြစ်သို့
ဆက်သွားနိုင်စေရန် လမ်းကြောင်းများ အသေးစိတ်စီစဉ်ပေးထားသည်။ ၂၀၁၃ ခုနှစ်ကစပြီး
မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်းအသုံးပြုမှုနှုန်းထားသည် နိုင်ငံ့လူဦးရေစုစုပေါင်း၏ ထက်ဝက်
နီးပါးမြင့်တက်လာပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသည် အမေရိကန်ဒေါ်လာ ၂ ဒသမ ၈ ဘီလျံ
အထက်ရှိကြောင်း၊ ၀န်ကြီးဌာနသည် မြန်မာနိုင်ငံ၏ စီးပွားရေး အားကောင်းလာစေရန်နှင့်
ကျန်းမာရေး၊ပညာရေးကဏ္ဍတွင် ဒစ်ဂျစ်တယ်ဖြင့် လေ့လာမှုများရှိလာစေရန်နှင့် e-government
ဝန်ဆောင်မှုများပေးရန်၊ ၂၀၂၀ ပြည့်နှစ်အကုန်မတိုင်မီ လူဦးရေ၏ ၉၀ ရာခိုင်နှုန်းကျော် မိုဘိုင်းဖုန်း
အသုံးပြုလာနိုင်စေရန်နှင့် ၎င်း၏ ထက်ဝက်ခန့်ကို တစ်စက္ကန့် ၇ ဒသမ၂ အမ်ဘီဖြင့် စတင်သည့်
မြန်နှုန်းမြင့် အင်တာနက် ၀န်ဆောင်မှုများပေးနိုင်ရန် ရည်ရွယ်ထားကြောင်း အဆိုပါ စီမံချက်တွင်
ဖော်ပြထားသည်။

ရည်မှန်းချက်များဖြစ်သည့် မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် အခြေခံအဆောက်အအုံများ
ဆောက်လုပ်ပြီး မြန်မာနိုင်ငံသားများအတွက် ယင်းအခြေခံအဆောက်အအုံပါ ၀န်ဆောင်
မှုများပေးရန်နှင့် သီးခြားလွတ်လပ်သည့် စည်းကမ်းထိန်းသိမ်းရေးများ ပါဝင် သည့် ကောင်းမွန်
သည့် အဖွဲ့အစည်းဆိုင်ရာ မူဘောင်များ ချမှတ်နိုင်ရန်ဖော်ပြထားသည်။ နိုင်ငံတစ်ဝန်း
ဆက်သွယ်ရေးချိတ်ဆက် ရန်ကြိုးပမ်းရာတွင် အဆိုပါစီမံချက်သည် လွတ်လပ်စွာထုတ်ဖော်ပြော
ဆိုခွင့်ကိုလည်း ထည့်သွင်းဖော်ပြသင့်သည်ဟု အမ်စီအာရ်ဘီ၏ သုံးသပ်ချက်တွင် အကြံပြုထား
သည်။ နိုင်ငံ၏ ဆက်သွယ်ရေးလုပ်ငန်းဆိုင်ရာ အခြေခံအဆောက်အအုံများ အရှိန်အဟုန်ဖြင့်
ဆောက်လုပ်ရန် ရည်မှန်းချက်နှင့်အတူ "အနှောင့်အယှက်ကင်းခြင်း၊ လွတ်လပ်စွာ
ထုတ်ဖော်ပြောဆိုခြင်းနှင့် သတင်းအချက်အလက်များ သာတူညီမျှရရှိစေရေးစသည့်
လူ့အခွင့်အရေးများပါ ထည့်သွင်းရန်" ၀န်ကြီးဌာနကို အကြံပြုထားခြင်းဖြင့် Access နှင့်
အမ်စီအာရ်ဘီသည် အချက်အလက် အများအပြားတွင် သဘောချင်းကိုက်ညီကြသည်ဟု
Mr Micek က ဘလော့တစ်ခုတွင် ရေးသားထားသည်။

ကွန်ရက်တည်ငြိမ်မှုရှိစေရေး၊ သို့မဟုတ် သုံးစွဲသူအားလုံးအတွက် သာတူညီမျှရှိစေ
ရေးအတွက် ကတိပြုချက်များထည့်သွင်းရန် နှင့် ကွန်ရက်ချိတ်ဆက်မှု ကိစ္စနှင့်ပတ်
သက် ပြီး အစိုးရက ဆက်လက်ဆောင်ရွက်ရန် အဖွဲ့ အစည်းနှစ်ခုစလုံးက အကြံပြုထား
သည်။ အစိုးရက ဆက်သွယ်ရေးဝန်ဆောင်မှု များကို ပိတ်ပစ်သည့်အခြေအနေများနှင့်
ပတ်သက်ပြီး ၀န်ကြီးဌာနက ရှင်းရှင်း လင်းလင်းဖော်ပြရန် အမ်စီအာရ်ဘီက အကြံ ပြုထားပြီး
"မည်သည့်အကြောင်းကြောင့် ဖြစ်စေ ဆက်သွယ်ရေးကွန်ရက်များကို ဖြတ်တောက်နိုင်သည့်
အရေးပေါ်ခလုတ် သို့မဟုတ် အခြားမည်သည့်နည်းပညာမှ တပ်ဆင်ခြင်း သို့မဟုတ်
အသုံးပြုခြင်း" မပြုလုပ်ရန် အစိုးရက ကတိက၀တ်ပြုသင့်သည်ဟု Access က တင်ပြ
ထားသည်။ ဆက်သွယ်ရေးဆိုင်ရာ လုံခြုံရေးသည် ၎င်း၏ လုပ်ပိုင်ခွင့်ဖြစ်ကြောင်း ၀န်ကြီးဌာနက
အဆိုပါစီမံချက်မူကြမ်းထဲတွင် အတိအလင်းဖော်ပြထားပြီး အမျိုးသား ဆိုက်ဘာလုံခြုံရေးမူဝါဒကို
ချမှတ်ပြီးသည့်အခါ ကျင့်သုံး နိုင်စေရန် အဆိုပါစီမံချက်မူကြမ်းက အထောက်အကူဖြစ်စေမည်ဟု
ဆိုသည်။

ဝန်ကြီးဌာနသည် ဥပဒေအရ ကြားဝင်တားဆီးမှုနှင့် ပတ်သက်ပြီး ပြည်တွင်းနှင့် နိုင်ငံတကာ
အကူအညီဖြင့် ဆောင်ရွက်နေသည်။ သို့သော် "လက်ရှိဥပဒေ၏ ဟာကွက် ကို ဖြည့်ရန်အတွက်
အလွန်အမင်းလိုအပ်နေ သည့် စည်းမျဉ်းများချမှတ်ရန် ပြည်ထောင်စု အစိုးရတွင် မည်သူက
ဦးဆောင်မည်ဆိုသည့် အချက်နှင့် မည်သည့်အချိန်တွင် အပြီး သတ်ဆောင်ရွက်မည်ဆိုသည့်
အချက်တို့ကို အဆိုပါစီမံချက်တွင် ရှင်းရှင်းလင်းလင်းဖော်ပြသင့်သည်"ဟု အမ်စီအာရ်ဘီက
ပြောကြားထားသည်။

သုံးစွဲသူများနှင့် အချက်အလက်များ အနှောင့်အယှက်ကင်းရေးအတွက် ကာကွယ်ရေးဆိုင်ရာ
အစီအစဉ်များကို အဆိုပါစီမံ ချက်တွင် ရေးသားဖော်ပြသင့်သည်ဟု အမ်စီအာရ်ဘီက ယင်း၏
သုံးသပ်ချက်တွင် ဖော်ပြထားသည်။ အချက်အလက်များ အနှောင့်အယှက်ကင်းရေးနှင့်ပတ်သက်
သည့်ကိစ္စများသည် ၀န်ကြီးဌာန၏ စီရင်ပိုင်ခွင့်ပြင်ပတွင်ရှိနေပြီး ယင်းကိစ္စများကို အစိုးရအဖွဲ့
အတွင်းရှိ အခြားဌာနများတွင် ဖြေရှင်းဆောင်ရွက်နေသည်ဟု စီမံချက် မူကြမ်းတွင် ဖော်ပြထား
သည်။ သို့သော် ၀န်ကြီးဌာနသည် မိုဘိုင်းဆက်သွယ်ရေးပိုမိုကောင်းမွန်စေရေးကို အထူး
ဦးစားပေးဆောင်ရွက်မည်ဖြစ်ကြောင်းလည်း ဖော်ပြထားရာ ယင်းအချက်နှင့် ပတ်သက်ပြီး
အမ်အိုင်ဒီအိုနှင့် အဆိုပါစီမံချက်မူကြမ်းအတွက် တုံ့ပြန်ချက်များပေးရန်အသင်းဖွဲ့ထားသည့်
LIRNEasia တို့က လုပ်ငန်းများကို မိုဘိုင်းကွန်ရက်စနစ်သုံး လည်ပတ်ရန် ဦးစားပေး
ဆောင်ရွက်ခြင်းသည် အဆင်အခြင်နည်းရာ ရောက်သည်ဟု ပြောကြားကြသည်။

ပြည်တွင်းပြည်ပ ငွေကြေးအကူအညီများဖြင့် နိုင်ငံ၏ ကွန်ရက်ချိတ်ဆက်မှု ရည်
မှန်းချက်ပြည့်မီအောင် ထောက်ပံ့ပေးနိုင် မည်ဖြစ်သော်လည်း မြန်မာနိုင်ငံရှိ ဝေးလံခေါင်ဖျားဒေသ
များတွင် ကွန်ရက် လွှမ်းခြုံ နိုင်ရန် ဆက်သွယ်ရေးကုမ္ပဏီများသည် အခြားအကူအညီများ
ထပ်မံလိုအပ်ကောင်း လိုအပ်မည်ဟု ၀န်ကြီးဌာနက ယူဆ ထားသည်။ ကွန်ရက်ချိတ်ဆက်မှု
ရည်မှန်းချက်ပြည့်မီရေးအတွက် ဆက်သွယ်ရေးကုမ္ပဏီများ သည် လိုင်စင်ပါရည်မှန်းချက်များ
ပြည့်မီ အောင် ဆောင်ရွက်နေသရွေ့ နောက်ပိုင်း ထုတ်ယူနိုင်သည့် ဆက်သွယ်ရေး ၀န်ဆောင်မူ
လုပ်ငန်းများဆိုင်ရာရန်ပုံငွေကို ၂၀၁၇ ခုနှစ် တွင် မတည်ရန် စီမံချက်မူကြမ်းထဲတွင် ဖော်ပြ
ထားသည်။ "အဆိုပါရန်ပုံငွေ တည်ထောင်ခြင်း၏ ရည်ရွယ်ချက်မှာ နိုင်ငံ၏ ဝေးလံခေါင်ဖျား
ဒေသများတွင် အခြေခံဝန်ဆောင်မှုနှင့် မြန်နှုန်းမြင့် အင်တာနက်များရရှိရန်အတွက် ကွန်ရက်
များတည်ဆောက်နိုင်ရန် ရန်ပုံငွေများ ခွဲဝေချထားပေးနိုင်ရေးအတွက်ဖြစ်သည်" ဟု မူကြမ်းတွင်
ဖော်ပြထားသည်။ အဆိုပါ ရန်ပုံငွေအသုံးပြုရာတွင် ပွင့်လင်း မြင်သာမှု ရှိရေးနှင့် အကျိုးရှိရှိ
သုံးစွဲရေးနှင့် ပတ်သက်ပြီး အခက်အခဲများရှိနိုင်ပြီး ရန်ပုံငွေကို ဆက်သွယ်ရေးလုပ်ငန်းများအပေါ်
အခွန် ကောက်ခံပြီး မတည်ထားခြင်းဖြစ်သဖြင့် သုံးစွဲသူများအတွက် ၀န်ထုပ်ဝန်ပိုးဖြစ်စေနိုင်သည်
ဟု မထိုက်ထိုက်အောင်ကပြောသည်။

အဆိုပါရန်ပုံငွေသည် ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများအားလုံးအတွက် ဖြည့်ဆည်း
ပေးနိုင်သည့် ရန်ပုံငွေဖြစ်လာရန် လိုအပ်ကြောင်းနှင့် ရန်ပုံငွေနှင့် ပတ်သက်ပြီး ဆွေးနွေးတိုင်ပင်
မှုများကို လွှတ်တော်နှင့် အခြားသက်ဆိုင်သူများနှင့်အတူ ပွင့်လင်း မြင်သာစွာဆောင်ရွက်ကာ
ရရှိလာသည့် မူဝါဒ ဖြင့်ဆောင်ရွက်သင့်သည်ဟု အမ်စီအာရ်ဘီကလည်း အကြံပြုထားသည်။

အမ်အိုင်ဒီအိုကလည်း အဆိုပါရန်ပုံငွေနှင့်ပတ်သက်ပြီး မည်သည့်မူဝါဒကို အသုံးချမည်ဆိုသည့်
အချက်ကို မူကြမ်းထဲတွင် ရှင်းရှင်းလင်းလင်း ဖော်ပြမထားဟု ထောက်ပြထားသည်။ အစိုးရဌာန
အားလုံးပါဝင်သည့် ရှင်းလင်း လွယ်ကူသည့် စီမံကိန်းတစ်ခုဖြင့် e-government စီမံကိန်းကို
ဦးစီဆောင်ရွက် မည်ဟု အဆိုပါမူကြမ်းတွင် ဖော်ပြထား သော်လည်း ဆက်သွယ်ရေးနှင့် သတင်း
အချက်အလက် နည်းပညာဝန်ကြီးဌာနသည် e-government ဖြစ်ပေါ်လာစေရေးစီမံ ကိန်းတစ်ခု
ကို ၂၀၁၅ ခုနှစ်၏ တတိယသုံးလ ပတ်၌ ထုတ်ပြန်နိုင်ရန် ဆောင်ရွက်နေသည်။ အစိုးရ၏
ဆက်သွယ်ရေးလုပ်ငန်းဆိုင်ရာ ဌာနများဖြစ်သည့် ဆက်သွယ်ရေးနှင့် သတင်း အချက်အလက်
နည်းပညာဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနနှင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း
(အမ်ပီတီ) တို့အကြား အချုပ်အချယ်ကင်းစေရေး အတွက်လည်း ဖော်ပြထားသည်။

ဈေးကွက် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ ဖြစ်သည့် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီး ဌာနသည် လာမည့်လမှစတင်ကာ မြန်မာ့ဆက်သွယ်ရေးကော်မရှင်အဖြစ် အမည် ပြောင်းကာ သီးခြား
အဖွဲ့အစည်းတစ်ခုအနေ ဖြင့် ရပ်တည်တော့မည်ဖြစ်သည်။ ကော်မရှင်၏ အဓိကလုပ်ငန်းတာဝန်
များမှာ လုပ်ငန်းလိုင်စင်ထုတ်ပေးခြင်း၊ ရေဒီယိုအသံလှိုင်းစီမံခန့်ခွဲခြင်း၊ အခြေခံအဆောက်အအုံများ
မျှဝေပေးခြင်း၊ လုပ်ငန်းများအကြား ဆက်သွယ်ပေးခြင်းနှင့် စားသုံးသူ အခွင့်အရေးတို့ ဖြစ်သည်။
ကော်မရှင် ဥက္ကဋ္ဌသည် အစိုးရအဖွဲ့ အဖွဲ့ဝင်များနှင့် တူညီသည့်အဆင့်တွင် ရှိမည်ဖြစ်သည်။

ယခုအချိန်တွင် မိုဘိုင်းကွန်ရက်သုံးစွဲသူ ၁၂ သန်းမှ ၁၄ သန်းအတွင်းရှိသည့် အမ်ပီတီကို
နိုင်ငံပိုင် သီးခြားစီးပွားရေးလုပ်ငန်း ကုမ္ပဏီအဖြစ် ပြောင်းလဲမည်ဖြစ်သည်။


သီရိမင်းထွန်း ဘာသာပြန်သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - နည်းပညာသတင်း