အမ်ပီတီက "ပျော်ရွင်ကံထူးနှစ်သစ်ကူး" အထူးကံစမ်းမဲအစဉ်ကိုစတင်

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (အမ်ပီတီ) က ယင်းတို့ ၏ ဆင်းကဒ်
အသုံးပြုသူများအတွက် ကံစမ်းနိုင်မည့် ကံစမ်းမဲ ပေါင်း ၇ သောင်းပါဝင်သော
"ပျော်ရွင်ကံထူးနှစ်သစ်ကူး" အစီစဉ်ကို နိုဝင်ဘာလ ၂၄ ရက်နေ့ က ရန်ကုန်မြို့ ရှိ
ဆူးလေရှန်ဂရီလာ ဟိုတယ်တွင် မိတ်ဆက်ပေးခဲ့သည်။

အဆိုပါ ဆုမဲပေါင်း ၇ သောင်းထဲတွင် တိုယိုတာလန်ခရုဇာကား ၁ စီး၊ တိုယိုတာ
ကိုရိုလာကား ၅ စီး၊ iPhone 6s အလုံး ၂၀၊ iPad air 2 အလုံး ၂၀၊လက်မ ၄၀
ဆိုနီတီဗွီ ၂၅လုံး၊ တစ်ကျပ်သားရွှေဆွဲကြိုးအကုံး ၂၀ နှင့် ၅ ထောင်ကျပ်တန်
အမ်ပီတီငွေဖြည့်ကတ်ပေါင်း ခြောက်သောင်းကျော်ကို ထည့်သွင်းကံစမ်းပေး
မည်ဖြစ်သည်။

ယင်းကံစမ်းမဲအစီအစဉ်ကို အမ်ပီတီ၏ ဂျီအက်ဆမ်။ ဒဗလျူစီဒီအမ်အေ နှင့်
စီဒီအမ်အေ သုံးစွဲသူတိုင်းပါဝင်ဆင်နွှဲနိုင်မည် ဖြစ်ပြီး ကံစမ်းရာတွင် ငွေဖြည့်ကတ်
၃၀၀၀ နှင့် သုံးထောင်အထက် ငွေဖြည့်သုံးစွဲသူများ၊ အမ်ပီတီဆင်းကတ်များ
အသုံးမပြု ရသေးသည့် အမ်ပီတီဆင်းကတ်ဝယ်ယူသုံးစွဲသူများ ၊ အမ်ပီတီဖုန်း
အချင်းချင်း တစ်မိနစ်နှင့် တစ်မိနစ်ထက် ခေါ်ဆို အသုံးပြုသူများ ကံစမ်းမဲလက်
မှတ်များရရှိနိုင်မည်ဖြစ်သည်။

"ကံစမ်းမဲလက်မှတ်တွေက ဒစ်ဂျစ်တယ်လက်မှတ်တွေဖြစ်တယ်။ ဥပမာ
-ကိုယ်ကငွေဖြည့်ကတ် ၃၀၀၀တန်ထည့် လိုက်တယ် ဆိုရင် ကံစမ်းမဲလက်မှတ်
အစောင် ၃၀ ရမယ်။ကိုယ်က ကံစမ်းမဲလက်မှတ်ဘယ်လောက်ရနေပြီလဲ ဆိုတာကို
ဂျီအက်ဆမ်။ ဒဗလျူစီဒီအမ်အေသုံးတဲ့သူတွေဆိုရင် စာတိုနံပါတ် ၃၀၀၀ သို့ 
"Lucky" လို့ ပေးပို့ ပြီးစစ်နိုင်ပါ တယ်။စီဒီအမ်အေ သုံး တဲ့သူဆိုရင် စာတိုနံပါတ်
၃၀၀၁ သို့  "Lucky" လို့ ပေးပို့ ပြီင်္းစစ်ဆေးနိုင်ပါတယ်။ နောက်ပြီး ကျွန်တော်တို့
ဘက်က တစ်ပတ်တစ်ခါ ဆုရရှိတဲ့သူတွေဆီကို ဖုန်းဆက်ပြီးအကြောင်းကြားပေမယ်။
ဖုန်းဆက်လို့ မရရင် မက်ဆေ့ပို့  ပြီးဆက်သွယ်သွားမှာပါ" ဟု ၎င်းကပြောသည်။
၎င်းကံစမ်းမဲ အစီအစဉ်ကို ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့ မှ ၂၀၁၆ ခုနှစ်
ဇန်န၀ါရီလ ၉ ရက်နေ့ အထိ ကံစမ်းနိုင်ပြီး ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၅ရက်နေ့ မှ
၂၀၁၆ ခုနှစ် ဇန်န၀ါရီလ ၉ ရက်နေ့ အထိအပတ်စဉ် စနေနေ့ တိုင်း ဆုမဲပေါင်း
တစ်သောင်းစီကို ရွေးချယ်ပေးသွားမည်ဖြစ်ပြီး ဆုမဲပေါင်း နှစ်သောင်းပါဝင်မည့်
နောက်ဆုံးကံထူးရှင် ရွေးချယ်ပွဲကြီးကို ၂၀၁၆ ခုနှစ်ဇန်န၀ါရီလ ၉ ရက်နေ့ 
ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

"ကျွန်တော်တို့  ဒီကံစမ်းမဲအစီအစဉ်ကို နိုဝင်ဘာလ ၂၆ ရက်နေ့ ကစပြီးကံစမ်းလို့ 
ရပါပြီ။ ကံစမ်းမဲအစီအစဉ်ကိုလည်း အမှားအယွင်းမရှိအောင်ဆောင်ရွက်ထားပါတယ်။
ကျွန်တော်တို့  ဒီဇင်ဘာလ ၅ ရက်နေ့ စနေနေ့ ကစပြီး အပတ်စဉ် ဆုပေါင်း ၁သောင်းကို
ချီးမြှင့်သွားမှာဖြစ်ပါတယ်။ အပတ်စဉ်ချီးမြှင့်မယ့် ဆုပေါင်း ၁သောင်းထဲမှာတော့
တိုယိုတာကိုရိုလာကား ၁ စီးစီပါဝင်မှာဖြစ်ပါတယ်။ ဇန်န၀ါရီလ ၉ ရက်နေ့ မှာ
ကျင်းပမယ့် နောက်ဆုံးကံထူးရှင်ရွေးချယ်ပွဲ မှာတော့ ဆုပေါင်း နှစ်သောင်းပါဝင်
ချီးမြှင့်မည်ဖြစ်ပြီး ဒီဆုမှာတော့ တိုယိုတာလန်ခရုဇာကား ၁စီးကို ချီးမြှင့်မှာဖြစ်ပါတယ်"ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဈေးကွက်နည်းဗျူဟာ
မန်နေဂျာ ဦးထွန်းအေးမောင်ကပြောသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - နည်းပညာသတင်း