အူရီဒူး၏ ချက်တင်ပရိုမိုရှင်းအစီအစဉ် စတင်

ပြည်ပ ဆက်သွယ်ရေးကုမ္ပဏီတစ်ခုဖြစ် သည့် အူရီဒူးမြန်မာမှ နှစ်သစ်ကူးလက်ဆောင်အဖြစ်
အူရီဒူး၏ 'ချက်တင်ပရိုမိုး ရှင်း' အထူးအစီအစဉ်တစ်ခုကို အူရီဒူးသုံးစွဲသူများအား သတ်မှတ်ရက် အတိုင်းအတာအတွင်း၌ ပေးအပ်သွားမည်ဖြစ်ကြောင်း အူရီဒူးမြန်မာမှ တာဝန်ရှိသူ တစ်ဦးက
ပြောသည်။

"အခုလို နှစ်ကုန်ပိုင်းဆိုရင် မိသားစုတွေ၊ မိတ်ဆွေသူငယ်ချင်းတွေ၊ ချစ်ခင်သူတွေ ပြန်လည်
ဆုံစည်းကြပါတယ်။ ပြီးတော့ အပြန်အလှန် နှစ်သစ်ကူး ဆုမွန်ကောင်းတွေ တောင်းလေ့ရှိကြ
ပါတယ်။ အဲဒီအတွက် ကျွန်တော်တို့က Viber, WeChat, BeeTalk, MyChat အက်
ပလီကေးရှင်းတွေနဲ့ ဆက်သွယ်နိုင်ဖို့ အထူးအစီအစဉ်ကို နှစ်သစ်ကူးလက်ဆောင်အဖြစ်
ပေးရခြင်းဖြစ်ပါတယ်"ဟု အူရီဒူးမြန်မာ၏ အမှုဆောင်အရာရှိချုပ် Rene Meza က
ပြောသည်။

ချက်တင်ပရိုမိုးရှင်း အစီအစဉ်ကို ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်နေ့မှ စတင်ကာ
၂၀၁၆ ခုနှစ် ဇန်န၀ါရီလ ဇန်န၀ါရီလ ၃၁ ရက်နေ့အထိ ပြုလုပ် သွားမည်ဖြစ်ပြီး
အူရီဒူးအသုံးပြုသူများသည် ထိုရက်အတွင်း Viber, WeChat, BeeTalk, MyChat စသည့်
မိုဘိုင်း အက်ပလီကေးရှင်းများကို ဒေါင်းလုပ်ဆွဲ သည်မှစ၍ ပုံပို့ခြင်း၊ ဖုန်း၊ ဗီဒီယို ခေါ်ဆိုခြင်း၊
စာတိုပို့ခြင်း၊ အသံဖိုင်ပို့ခြင်းတို့ကို ကုန်ကျစရိတ်မရှိဘဲ နေ့စဉ်အသုံးပြုနိုင်မည်ဖြစ်သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - နည်းပညာသတင်း