မိုဘိုင်းဖုန်းအင်တာနက်ကွန်နက်ရှင် ပိုကောင်းလာရန်လို

မိုဘိုင်းအင်တာနက်လိုင်းနှင့်ပတ်သက်၍ အရောင်းဆိုင်ဝန်ထမ်းမှ စမ်းသပ်ရှင်းလင်းပြသနေစဉ်။အောင်ဌေးလှိုင်/မြန်မာတိုင်း(မ်)မိုဘိုင်းအင်တာနက်လိုင်းနှင့်ပတ်သက်၍ အရောင်းဆိုင်ဝန်ထမ်းမှ စမ်းသပ်ရှင်းလင်းပြသနေစဉ်။အောင်ဌေးလှိုင်/မြန်မာတိုင်း(မ်)

မြန်မာနိုင်ငံရှိ မိုဘိုင်းဖုန်းအသုံးပြုသူများသည် မိုဘိုင်းဖုန်းဖြင့် အင်တာနက်သုံးစွဲမှု ပိုမိုအရေး
ပါလာသည့်အတွက်ကြောင့် ဆက်သွယ်ရေးအော်ပရေတာများသည် ယခုထက် ပိုမိုမြန်ဆန်
သည့် အင်တာနက်ကွန်နက်ရှင်ကို ၀န်ဆောင်မှုပေးရန်နှင့် အင်တာနက်နှင့် ပတ်သတ်သည့်
ဝန်ဆောင်မှု အစီအစဉ် အမြောက်အများကို ပေးသင့်ကြောင်းး Zwenexsys ကုမ္ပဏီမှ
အုပ်ချုပ် မှု ဒါရိုက်တာ ဦးသာထက်က ပြောသည်။

"အခုက ဖုန်းပြောတာထက်စာရင် အင်တာနက်ကို အခုပို သုံးလာကြတာကို တွေ့ရတယ်။
အဲ့ဒီတော့ ဆက်သွယ်ရေးအော် ပရေတာတွေက အင်တာနက် ၀န်ဆောင်မှုကို ပိုပြီးပေး
သင့်တယ်။ ဒေတာ အစီအစဉ်တွေကိုလည်း များများ ပေးပြီးတော့ ဈေးနှုန်းသက်သက်သာနဲ့
ဆောင်ရွက်ပေးသင့်ပါတယ်" ဟု ၎င်းက မြန်မာတိုင်း(မ်)ကို ပြောသည်။

မြန်မာနိုင်ငံရှိ မိုဘိုင်းဖုန်း အသုံးပြုသူ များသည် ဆက်သွယ်ရေးအော်ပရေတာ များ ၀င်ရောက်ခဲ့
သည့်အချိန် ၂၀၁၄ ခုနှစ် မှ စတင်ကာ အင်တာနက် အသုံးပြုမှုကို စတင်ထိတွေ့မှုရှိခဲ့ကြောင်း
မိုဘိုင်းဖုန်း အသုံးပြုသူ ကိုဇော်ဇော်မင်းထွန်းက ပြော သည်။ "အရင်တုန်းကဆိုရင် အင်တာနက်
အသုံးပြုဖို့ဆိုတာ မလွယ်လှဘူး။ ကွန်နက်ရှင် အရမ်းနှေးခဲ့တဲ့ အချိန်တွေကို ကြုံခဲ့ဖူးတယ်။ အခု
ဆက်သွယ်ရေးကုမ္ပဏီတွေဝင် လာကြတဲ့အခါမှာ အင်တာနက်ကို တော်တော်များများသုံး
လာကြပြီ။ အရင် တုန်းကဆိုရင် လူငယ်တွေမှာပဲ ဖေ့စ်ဘွတ်ခ် အကောင့်ဆိုတာကို ရှိခဲ့ကြတာ။
အခုတော့ လူကြီးပိုင်တွေကပါ ဖေ့စ်ဘွတ်ခ် ဆိုတာ ထိတွေ့သုံးစွဲနိုင်ပြီ။ အဲဒါ ဆက်သွယ်ရေး
ကဏ္ဍရဲ့ ဖွံ့ဖြိုးမှုပဲ။ ဒါပေမဲ့ အင်တာနက်ကွန်နက်ရှင်ကို အခုထက်ပိုမြန်အောင်တော့ ပေးစေ
ချင်ပါတယ်" ဟု ၎င်းက ပြောသည်။

ထို့အတူ မိုဘိုင်းဖုန်း အင်တာနက်မှ တစ်နိုင်ငံနှင့် တစ်နိုင်ငံ စီးပွားရေးအရ ချိတ်ဆက်မှုများ
ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေကြကြောင်း အင်တာနက်အသုံးပြုသူ ဦးမင်းဇင်အောင်က
မြန်မာ တိုင်း(မ်) ကိုပြောသည်။ "ကျွန်တော်တို့က အီးမေးလ်တွေ ဂျီမေးလ်တွေ ပို့နေရတယ်
ဆိုတော့ရုံးမှာရှိနေရင် ရုံးက အေဒီအက်စ်အယ်လ် လိုင်း နဲ့ အင်တာနက်သုံးတယ်။ အပြင်ရောက်
သွားလို့ ချက်ချင်း မေးလ်တွေ စစ်ရမယ်ဆိုရင်တော့ မိုဘိုင်းဖုန်းကနေ မေးလ်ကို စစ်ရတယ်။
အဲဒီတော့ အခု မိုဘိုင်းအင်တာ နက်က အရေးကြီးလာပြီ။ အဲဒီအတွက် မိုဘိုင်းအင်တာနက်
ကွန်နက်ရှင် မြန်ဖို့ လာပြီ။ အဲဒီအတွက် အခုဖုန်းကုမ္ပဏီတွေက နေမှ မိုဘိုင်းအင်တာနက်
ကွန်နက်ရှင် ကို အခုထက်ပိုပြီး မြန်တဲ့ အရည်အသွေးရ အောင် လုပ်ပေးသင့်ပါတယ်" ဟု
၎င်းက ပြောသည်။

မြန်မာနိုင်ငံတွင် မိုဘိုင်းအင်တာနက်အသုံးပြုသူ အရေအတွက်သည် ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာ
အထိ ၁၈ သန်းကျော်ရှိခဲ့ကြောင်း MIDO (Myanmar ICT for Development Organization) မှ
ပရောဂျက် မန်နေဂျာ ဒေါ်ထိုက်ထိုက်အောင်က ပြောသည်။ လက်ရှိလည်း မိုဘိုင်းဖုန်းအသုံးပြုသူ
များသည် လူမှုဆက်သွယ်ရေး အက်ပလီကေးရှင်းများကို အဓိကထားပြီး တစ်ဦး နှင့်တစ်ဦး
ဆက်သွယ်ရာတွင် တွင်တွင် ကျယ်ကျယ်အသုံးပြုလာကြသည်။

"အခု တစ်ယောက်နဲ့ တစ်ယောက်ချက် လို့ ရတဲ့ အက်ပလီကေးရှင်းတွေအများကြီး ပေါ်လာတယ်။
လူတွေကလည်း အင်တာနက် ဆိုတာကို သုံးလာနေတဲ့အချိန်ကြတော့။ ဒီအက်ပလီကေးရှင်းတွေ
ကိုလဲ လူတွေအရမ်းအသုံးချလာတယ်။ အရင်တုန်းက ဆို ဗိုင်ဘာအက်ပလီကေးရှင်းကိုပဲ သုံး
လာကြတယ်။ အခုဆိုရင် ၀ီချက်၊ ဘီတော့ခ်၊ လိုင်းအက်ပလီကေးရှင်းတွေလည်း အသုံး ပြုလာ
ကြပြီ။ နောက်ပိုင်းအင်တာနက် ကွန်နက်ရှင်ကောင်းဖို့က အရမ်းအရေးလာ ပြီ။ လူတွေနဲ့ နည်းပညာ
လည်း မနီးစပ်သေးပေးမယ့် လေ့လာလာကြတဲ့အဆင့်အထိ ကို ရောက်လာကြပြီဖြစ်တဲ့အတွက်
အင်တာနက် မြန်နှုန်း အရေအသွေးကတော့ တော်တော်လေးကောင်းဖို့ လိုအပ်နေပါပြီ" ဟု
နည်းပညာရှင်တစ်ဦဖြစ်သူ ဦးသက်ထူးက မြန်မာတိုင်း(မ်)ကို ပြောသည်။ါ

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - နည်းပညာသတင်း