အင်တာနက်သုံးစွဲမှု ကောင်းမွန်သော စမတ်ဖုန်းများကိုသာ ရွေးချယ်လာ

မိုဘိုင်းဖုန်းဆိုင်တစ်ဆိုင်တွင် ဟန်းဆက်ဝယ်ယူနေသူများကို တွေ့ရစဉ်။။ ဓာတ်ပုံ - အောင်ခန့်မိုဘိုင်းဖုန်းဆိုင်တစ်ဆိုင်တွင် ဟန်းဆက်ဝယ်ယူနေသူများကို တွေ့ရစဉ်။။ ဓာတ်ပုံ - အောင်ခန့်

မြန်မာနိုင်ငံတွင် အင်တာနက်အသုံးပြုမှုပိုမိုတွင်ကျယ်လာပြီး  စမတ်ဖုန်းရွေးချယ်
ဝယ်ယူရာတွင်လည်း အင်တာနက်သုံးစွဲမှု ကောင်းမွန်သော စမတ်ဖုန်းများကိုသာ
ရွေးချယ်ဝယ်ယူလာကြကြောင်း မိုဘိုင်းဖုန်းအရောင်းဆိုင်များမှ တာဝန်ရှိသူများက ပြောသည်။

ထို့ပြင် စမတ်ဖုန်းများကို ရွေးချယ်ဝယ်ယူရာတွင်လည်း လူများသည် စမတ်ဖုန်းတစ်လုံး၏
စွမ်းရည်အသုံးဝင်မှုများကိုလည်း လေ့လာသုံးသပ်ကာဝယ်ယူလာနိုင်ကြပြီဖြစ်ကြောင်း 21
Mobile အရောင်းဆိုင် တာဝန်ခံဦးဇင်ဝင်းက ပြောသည်။

‘‘ဖုန်းအသုံးပြုသူတွေက အရင်တုန်းက ဖုန်းတစ်လုံး ဝယ်တော့မယ်ဆိုရင် ရွေးချယ်တဲ့
နေရာမှာ အပြင်ပိုင်းလောက်ကိုပဲ ရွေးချယ်ပြီးဝယ်ကြတယ်။ ဥပမာ - မျက်နှာပြင်
အကျယ်၊ ကင်မရာ၊ အမှတ်တံဆိပ်ကိုပဲ ကြည့်ပြီးဝယ်ကြတယ်။ အခုတော့
နည်းပညာဗဟုသုတတွေ ဖွံ့ဖြိုးလာတယ်လို့ပဲဆိုမလားအခုဆိုရင် လူတွေက စမတ်ဖုန်း
တစ်လုံးရဲ့ အရည်အသွေးတွေကို အသေးစိတ်လေ့လာပြီးတော့မှ ဝယ်ယူလာကြပါ
တယ်။ RAM အရည်အသွေးတွေ ကြည့်တတ်လာတယ်။ နောက်ပြီး မန်မိုရီတွေ လေ့လာတတ်
လာတယ်။ အဲဒါတွေကြည့်ခြင်းအားဖြင့် ကျွန်တော်တို့ဆီမှာ တဖြည်းဖြည်းနဲ့တော့
နည်းပညာဗဟုသုတတွေြွကယ်ဝလာကြတယ်ပဲ ပြောရမှာပေါ့’’ ဟု ၎င်းက ပြောသည်။

ယခုအခါ တွင် စမတ်ဖုန်းအသုံးပြုဝယ်ယူသူများသည် နှစ်သိန်းဝန်းကျင် စမတ်ဖုန်းများကို
အာရုံစိုက်လာပြီး လက်ရှိ မိုဘိုင်းဈေးကွက်အတွင်းရှိ  နှစ်သိန်းဝန်းကျင် စမတ်ဖုန်းများ
သည် အင်တာနက်သုံးစွဲမှု အဆင်ပြေချောမွေ့သော စမတ်ဖုန်းများ ဖြစ်ကြောင်း
၎င်းက ထပ်လောင်းပြောသည်။

မျက်မှောက် မိုဘိုင်းဈေးကွက်တွင် ဆမ်ဆောင်း ဂျေစီးရီးသည်အရောင်းရဆုံးဖြစ်သည့်
အပြင် ဟွာဝေးအမှတ်တံဆိပ်တွင်လည်း Honor စီးရီးများ အရောင်းရဆုံး ဖြစ်ကြောင်း
Mr.Fone မိုဘိုင်းအရောင်းဆိုင်မှ အရောင်းတာဝန်ခံ ဦးဝင်းပြည့်စုံက ပြောသည်။

‘‘အခု အွန်လိုင်းဂိမ်းတွေကို အရမ်းကစားလာကြတော့ အင်တာနက်သုံးလို့ ကောင်းမယ့်
ဟန်းဆက်တွေကို ရွေးဝယ်လာကြတယ်။အခုဆို ဈေးနှုန်းအနေနဲ့ဆိုရင် နှစ်သိန်းဝန်းကျင်
ဟန်းဆက်လေးတွေ အဝယ်များလာကြတယ်။ အခုဈေးကွက်ထဲမှာ ဈေးနှုန်းချိုသာပြီး
အင်တာနက်အသုံးပြုလို့ ကောင်းတဲ့ စမတ်ဖုန်းတွေ အဝယ်လိုက်လာပါပြီ။
ဆိုင်မှာကတော့ ဆမ်ဆောင်း စီးရီးက ပိုရောင်းရတယ်။ ဟွာဝေးထဲမှာဆိုရင်ံသညသမ
စီးရီးကပိုအရောင်းသွက်တယ်။ ဈေးကလည်း တစ်သိန်း၊နှစ်သိန်းဝန်းကျင်ပဲရှိတော့
လူပိုကြိုက်တယ်။ ကျွန်တော်တို့ဆိုင်မှာဆို နှစ်သိန်းဝန်းကျင် စမတ်ဖုန်း တစ်နေ့ကို
ခုနစ်လုံးလောက် ရောင်းရတယ်’’ ဟု ၎င်းက ပြောသည်။

ထို့အတူ မြန်မာနိုင်ငံဈေးကွက်၌သက်တမ်းနုသေးသော Oppo အမှတ်တံဆိပ်
စမတ်ဖုန်းများတွင်  Oppo Nero 7 သည် အရောင်းရဆုံး စမတ်ဖုန်းတစ်လုံး ဖြစ်နေကြောင်း
သုံးစွဲသူများက ဆိုသည်။

‘‘အရင်တုန်းကဆိုရင် ကင်မရာကို အဓိက ထားရွေးချယ်ပြီးဝယ်တယ်။ အခုက
အင်တာနက် အသုံးများလာကြတော့ အင်တာနက်သုံးရတာအဆင်ပြေမယ့်
အင်တာနက်နဲ့ချိတ်ဆက်အသုံးပြုရတဲ့ အက်ပလီကေးရှင်းတွေကို နိုင်တဲ့
စမတ်ဖုန်းကို ရွေးချယ်ဝယ်နေကြတယ်။ ကင်မရာအရည်အသွေးကောင်းပြီး
အက်ပလီကေးရှင်းတစ်ခုခုသုံးရင် လေးနေတာမျိုးတွေ ဖြစ်ရင်လည်း အဆင်မပြေပြန်ဘူး။
အဲဒီတော့ ပထမဦးစားပေးကအင်တာနက်ကို ကောင်းကောင်းမွန်မွန် အသုံးပြုနိုင်တဲ့
ဟန်းဆက်ကို အဓိကထားဝယ်ပါတယ်’’ ဟု Nero 7 အသုံးပြုသူ မခင်ဇာထွေးက ပြောသည်။

စမတ်ဖုန်းထုတ်လုပ်သည့် ကုမ္ပဏီများကလည်း ယခုအခါ နှစ်သိန်းဝန်းကျင် ဈေးနှုန်းရှိသော
စမတ်ဖုန်းများကို မိတ်ဆက်ပေးလျက်ရှိသည်။

မိုဘိုင်းဖုန်းအသုံးပြုများသည် လက်ရှိ တန်ဖိုးကြီး စမတ်ဖုန်းများကို ဝယ်ယူလိုပါက
မိမိဝယ်လိုသည့် စမတ်ဖုန်း တရားဝင် အရောင်းဆိုင်များတွင်သာ ဝယ်ယူကြကြောင်း
ဦးဇင်ဝင်းကပြောသည်။

‘‘တကယ်တန်ဖိုးကြီး ဟန်းဆက်တွေကိုဝယ်မယ်ဆိုရင်တော့ အရောင်းပြခန်းတွေမှာပဲ
ဝယ်ကြတာများပါတယ်။ လူတွေက ဈေးကြီးပေးရပြီဆိုရင် တရားဝင်အရောင်းဆိုင်တွေမှာပဲ
ဝယ်ကြတယ်။ တစ်ခုခုမှားသွားရင်အပြင်ဆိုင်တွေထက်ကောင်းတဲ့ အာမခံချက်တွေရှိတယ်’’
ဟု ၎င်းက ပြောသည်။

ယင်းစမတ်ဖုန်းများကို တရားဝင်အရောင်းဆိုင်များတွင် ဝယ်ယူမှုနှင့် ပတ်သက်၍
မိုဘိုင်းဖုန်းအသုံးပြုသူ ကိုထင်အောင်လင်း u မြန်မာတိုင်း(မ်)ကို သုံးသပ်ပြောဆိုသည်။

‘‘အမှန်တကယ်တော့ ဘယ်ဖုန်းကို ဝယ်ဝယ် တရားဝင်ဆိုင်တွေမှာပဲ ဝယ်သင့်တယ်။ အပြင်က
ဆိုင်တွေမှာ ဝယ်မယ်ဆိုရင်တော့ စိတ်မချရဘူးလို့ မဆိုပါဘူး။ ဒါပေမဲ့တစ်ခုခုဖြစ်လာရင်
တရားဝင်ဆိုင်တွေက ပိုပြီးအာမခံချက်ကောင်းတယ်။ အခုဆိုရင် မြန်မာနိုင်ငံမှာ
တရားဝင်ဆိုင်တွေ အများကြီးရှိနေပြီ။ အိုင်ဖုန်းဝယ်မယ်ဆိုရင်လည်း မြန်မာနိုင်ငံမှာ
တရားဝင် ရောင်းချပေးတဲ့ဆိုင်ရှိနေပြီ။ အဲဒီလို ဆိုင်တွေမှာ ဝယ်ရင်တော့ ပိုစိတ်ချရတယ်လို့
ထင်ပါတယ်’’ ဟု ၎င်းင်းက ပြောသည်။

၂၀၁၄ ခုနှစ်၌ မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး အော်ပရေတာများ၏ ဝန်ဆောင်မှုများစွာ
ရရှိလာခဲ့သည့်အပြင် မြန်မာလူမျိုးများ စမတ်ဖုန်းများကို အသုံးပြုလာနိုင်သောကြောင့်
စမတ်ဖုန်းဈေးကွက်သည်လည်း လှုပ်ခတ်လာသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - နည်းပညာသတင်း