အိုင်ဖုန်းနှင့် ပတ်သက်သည့် ဆက်စပ်ပစ္စည်းများနှင့် ဘလူးတုသ်နားကြပ်

 

araree အမှတ်တံဆိပ် အိုင်ဖုန်းကင်မရာ မှန်ဘီလူးကာဗာ


အိုင်ဖုန်းနဲ့ ကင်မရာကြိုက်တဲ့သူ တွေအတွက် မိမိတို့ရဲ့  ကင်မရာ ကွဲရှတာ မဖြစ်စေဖို့ araree
က အရောင်နှစ်မျိုးနဲ့ ထုတ်လုပ်ထားတဲ့ မာကျောတဲ့ အိုင်ဖုန်းမှန် ဘီလူးကာဗာကို ဈေးကွက်မှာ
ကျပ် ၁၃,၅ဝဝ နဲ့ ဝယ်ယူနိုင်ပါတယ်။



CELLDECO အမှတ်တံဆိပ် အိုင်ဖုန်း အလူမီနီယံနှိပ်ခလုတ်

အိုင်ဖုန်းနှိပ်ခလုတ်လေးတွေ အရမ်း နှိပ်လို့ ပျက်စီးမှာ စိုးရိမ်တဲ့ အိုင်ဖုန်းအသုံးပြုသူတွေအတွက်
ဃနူီူနဃဥ အမှတ်တံဆိပ်က ထုတ်လိုက်ထားတဲ့ DECORATED ALUMINUM BUTTON
လေးတွေ ထပ်လိုက်ရင် တော်ရုံတန်ရုံ ဖိနှိပ်ဒဏ်ကို ခံနိုင်ရည်ရှိပါတယ်။ ယင်းအိုင်ဖုန်း
အလူမီနီယံ နှိပ်ခလုတ်လေးတွေကို ဈေးကွက်မှာ ကျပ် ၇,ဝဝဝ နဲ့ ဝယ်ယူနိုင်ပါတယ်။

အိုင်ဖုန်းက တရားဝင်ထုတ်လုပ်ထားသော ကာဗာ



ဈေးကွက်ထဲမှာ အိုင်ဖုန်းအတွက် ကာဗာအမျိုး မျိုးတွေတော့ ရှိပါတယ်။ ဒါပေမဲ့ အခုအခါ
ဈေးကွက်ထဲမှာ အက်ပဲလ်က တရားဝင် ထုတ်လုပ်ထားတဲ့ အိုင်ဖုန်း ဆီလီကွန်
ကာဗာလေးတွေကိုလည်း ကန်ဒေါ်လာ ၄၅ ဒေါ်လာနဲ့ ဝယ်ယူနိုင်ပြီး ကာလာတွေကိုလည်း
ရွေးချယ် ဝယ်ယူနိုင်ပါတယ်။

Jabra အမှတ်တံဆိပ် ဘလူးတုသ်နားကြပ်



Jabra ဘလူးတုသ် နားကြပ်က သီချင်းနားထောင် တဲ့သူတွေအတွက် အသုံးဝင်ရုံသာမကဘဲ
စတိုင်ကျလှပပြီး အန်းဒရွိုက်ဖုန်းမှာသာမက အိုင်အိုအက်စ် ဖုန်းမှာပါ ချိတ်အသုံးပြုနိုင်ပါတယ်။
ဒီနားကြပ်ကို အနီ၊ အမည်း၊ အပြာ ကာလာသုံးမျိုးနဲ့ ထုတ်လုပ်ထားပြီး ဈေးနှုန်း ကျပ် ၁၂၉,ဝဝဝ
နဲ့ ဝယ်ယူနိုင် ပါတယ်။

အောင်ကျော်ညွန့် စုစည်းသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - နည်းပညာသတင်း