ဒေတာစင်တာလုံခြုံရေး ဗီအမ်ဝဲဆော့ဖ်ဝဲကို သုံးလာ

မန်နေဂျာ ဦးထွန်းထွန်းလင်းဆော့ဖ်ဝဲ အကြောင်း ရှင်းပြနေစဉ်။ အောင်ကျော်ညွန့်/ မြန်ာတိုင်း(မ်)မန်နေဂျာ ဦးထွန်းထွန်းလင်းဆော့ဖ်ဝဲ အကြောင်း ရှင်းပြနေစဉ်။ အောင်ကျော်ညွန့်/ မြန်ာတိုင်း(မ်)

မြန်မာနိုင်ငံတွင် ဒေတာအချက်အလက်များလုံခြုံမှုရှိစေရန် ဒေတာစင်တာများတွင် ဗီအမ်ဝဲ ဆော့ဖ်ဝဲ
များကို လက်ရှိအသုံးပြုလာကြပြီး ဗီအမ်ဝဲ ကုမ္ပဏီက စီးပွားရေးလုပ်ငန်းသုံး ဆော့ဖ်ဝဲ ပလက်ဖောင်း
တစ်ခုဖြစ်သည့် VMware Workspace One ကိုလည်း ဖေဖော်ဝါရီ ၁၇ ရက်က မိတ်ဆက်ခဲ့သည်။

အခု မြန်မာနိုင်ငံမှာ ရှိတဲ့ နာမည်ကြီး ဘဏ်တွေ၊ နောက်ပြီး ဆက်သွယ်ရေး အော်ပရေတာတွေက
လည်း သူတို့ရဲ့ ဒေတာ စင်တာ လုံခြုံရေးအတွက် ကျွန်တော်တို့ရဲ့ ဗီအမ်ဝဲ ဆော့ဖ်ဝဲကိုအသုံးပြုနေ
ကြပါပြီ။

ဒီဆော့ဖ်ဝဲကို ဒေတာစင်တာမှာ ငညျအေူ လုပ်ထားလိုက်မယ်ဆိုရင် ဒီထဲက ဒေတာတွေကို ဘယ်လို
နည်းနဲ့မှ ဟက်လို့မရအောင် ဆောင်ရွက်ပေးထားပါတယ်'' ဟု ဗီအမ်ဝဲ (VMware) ကုမ္ပဏီ Territory
Manager ဦးထွန်းထွန်းလင်းက ပြောသည်။

မြန်မာနိုင်ငံတွင် ဗီအမ်ဝဲသည် လက်ရှိ ပါတနာ ၃ဝ ဖြင့် လုပ်ငန်းလည်ပတ်နေပြီးတစ်ကမ္ဘာလုံးတွင်
ဗီအမ်ဝဲ ဆော့ဖ်ဝဲအသုံးပြုသည့် စီးပွားရေးကုမ္ပဏီ အရေအတွက် ငါးသိန်းကျော်ရှိနေသော်လည်း
မြန်မာနိုင်ငံတွင် ဗီအမ်ဝဲ အသုံးပြုသူမှာ တစ်ရာကျော်သာရှိသေးကြောင်း ၄င်းက ပြောသည်။

ယခု မိတ်ဆက်လိုက်သည့်ဆော့ဖ်ဝဲလ်သည် မည်သည့်  device များနှင့်မဆို ချိတ်ဆက်အသုံးပြုနိုင်
သောစနစ် (BYOD Bring Your Own Device) ဒစ်ဂျစ်တယ်လုပ်ငန်းခွင်များတည်ဆောက်ကာ
လုံခြုံစိတ်ချစွာ အသုံးပြုနိုင်မည့် ဆော့ဖ်ဝဲ ပလက်ဖောင်းအသစ်တစ်ခုဖြစ်သည်။

ထို့အတူ VMware Workspace One တွင်အီးမေးလ်၊ Calendar၊ contacts၊ content နှင့် chat
အက်ပလီကေးရှင်းများပါဝင်ပြီး အများသုံးအက်ပလီကေးရှင်းများကဲ့သို့ ရိုးရှင်းစွာ အသုံးပြုနိုင်မည်
ဖြစ်သော်လည်း လုပ်ငန်းခွင်အဖွဲ့အစည်းများ အချက်အလက်များ ပေါက်ကြားမှုများမှ ကာကွယ်ပေးနိုင်
ရန်မြင်နိုင်စွမ်းမရှိသည့် လုံခြုံရေး အစီအမံများ ပါဝင်သည်။

အဆိုပါ Workspace One ကို standard၊ advanced နှင့် enterprise edition ဟူ၍
အဆင့်ဆင့် ရွေးချယ်နိုင်ပြီး ဈေးနှုန်းအနေဖြင့် cloud subscription အတွက် တစ်လလျှင် သုံးစွဲသူ
တစ်ဦးစီအတွက် အမေရိကန် ဒေါ်လာ ရှစ်ဒေါ်လာနှင့် Onpremises perpetual လိုင်စင်ဖြင့်
ဝယ်ယူမည်ဆိုပါက သုံးစွဲသူတစ်ဦးလျှင် အမေရိကန် ဒေါ်လာ ၁၅ဝ ကျသင့်မည်ဖြစ်သည်။

ထို့ပြင် ယင်းဆော့ဖ်ဝဲများကို ကျွမ်းကျင်စွာ အသုံးပြုတတ်ရန် ၂ဝ၁၆ ခုနှစ်အတွင်း ပညာပေးအစီ
အစဉ်များလည်း ဆောင်ရွက်သွားမည်ဖြစ်သည်။

''ကျွန်တော်တို့ ဒီဆော့ဖ်ဝဲတွေကို အသုံးပြုတတ်ဖို့အတွက် တက္ကသိုလ်က ဆရာ၊ ဆရာမတွေကို
ကျွန်တော်တို့ရဲ့  VMware academic ပရိုဂရမ်နဲ့ ချိတ်ဆက်ပြီး ပညာပေးတွေလုပ်ဖို့တော့ အစီအစဉ်
ရှိပါတယ်။

ဒီဆရာ၊ ဆရာမတွေကနေမှ တစ်ဆင့် ကျောင်းသားတွေကို သင်ပေးရမှာဖြစ်ပါတယ်။ ဒါမှလည်း
ကျောင်းသူကျောင်းသားတွေလည်း သူတို့ရဲ့ ကွန်ပျူတာထဲက ဒေတာတွေမပျောက်ပျက်အောင်
အသုံးပြုနိုင်မှာဖြစ်ပါတယ်'' ဟု ၄င်းက ပြောသည်။

ဗီအမ်ဝဲသည် ၂ဝ၁၅ ခုနှစ်တွင် ဝင်ငွေ အမေရိကန်ဒေါ်လာ ၆ ဒသမ ၆ ဘီလျံရရှိခဲ့ပြီး သုံးစွဲသူပေါင်း
ငါးသိန်းကျော်နှင့် မိတ်ဖက်ပေါင်း ၇၅,ဝဝဝ ကျော်ဖြင့် လုပ်ငန်းများ လည်ပတ်လျက်ရှိသည်။ 

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - နည်းပညာသတင်း