ကင်နွန်အတွက် အာရှတိုက်ဈေးကွက်က အရေးကြီး

ကင်နွန်ကုမ္ပဏီမှ အကြီးအကဲများက မီဒီယာသမားများကို တိုကျိုမြို့ဌာနချုပ်ရုံးတွင် ဖေဖော်ဝါရီလကုန်ပိုင်းက ဓာတ်ပုံရိုက်နေစဉ်။ ဓာတ်ပုံ • မျိုးလွင်ကင်နွန်ကုမ္ပဏီမှ အကြီးအကဲများက မီဒီယာသမားများကို တိုကျိုမြို့ဌာနချုပ်ရုံးတွင် ဖေဖော်ဝါရီလကုန်ပိုင်းက ဓာတ်ပုံရိုက်နေစဉ်။ ဓာတ်ပုံ • မျိုးလွင်

သင့်ကို စိတ်ချမ်းသာမှုအမြဲပေးတယ်ဆိုတာ ကတော့ အာရှဈေးကွက်အတွက် သူတို့ရဲ့ ဆောင်ပုဒ်ပါ။
ဒါပေမဲ့ မီဒီယာသမား ၂ဝ ကျော် ကို ဂျပန်နိုင်ငံ ကျူရှူးကျွန်းမှာရှိတဲ့ အိုအိတာ ကင်မရာစက်ရုံကို
အလည်အပတ်ခေါ်သွား ပြီးတော့ ဓာတ်ပုံမရိုက်ကြပါနဲ့ ပြောတဲ့အခါမှာ တော့ သတင်းသမားတွေက
သိပ်စိတ်ချမ်းသာပုံ မရပါဘူး။

ဒါပေမဲ့ အရှေ့တောင်အာရှက မီဒီယာသမားတွေကို အဲဒီအိုအိတာစက်ရုံ၊ တိုကျိုမြို့ ဌာနချုပ်၊
ယိုကိုဟားမားကင်မရာနဲ့ ဓာတ်ပုံ ဆက်စပ်ပစ္စည်းပြပွဲကို လွန်ခဲ့တဲ့ လကုန် ပိုင်းက ဖိတ်ကြားတဲ့
အစီအစဉ်ကတော့ ကျကျ နန ပြင်ဆင်ထားတာ တွေ့ရပါတယ်။

မြန်မာ၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ သီရိ လင်္ကာ၊ ဗီယက်နမ်တို့က သတင်းထောက်နဲ့
အယ်ဒီတာတွေကို ယိုကို ဟားမားကင်မရာ တံဆိပ်မျိုးစုံနဲ့ ဓာတ်ပုံ ဆက်စပ်ပစ္စည်းပြပွဲနဲ့ အိုအိ
တာက ကင်နွန်စက်ရုံတွေကို ဖိတ်ကြား ပြသတဲ့ အကြောင်းရင်းကတော့ ကင်နွန် အတွက်
အာရှဈေးကွက်က အရေးအကြီးဆုံးဖြစ်နေလို့ပါပဲ။

အိုအိတာစက်ရုံက တာဝန်ရှိသူတစ်ဦးက ကင်နွန်ကုမ္ပဏီအတွက် ထူးခြားတာကတော့ imaging sensor,
imaging processor နဲ့ မှန်ဘီလူးအားလုံးကို ကိုယ်တိုင်ထုတ်လုပ် တာပဲ ဖြစ်ပါတယ်လို့ ဆိုပါတယ်။
တိုကျိုကနေ နှစ်နာရီနီးပါးလေယာဉ် စီးရတဲ့ အိုအိတာက ကင်နွန်စက်ရုံကိုရောက် တဲ့အခါမှာတော့
တူညီဝတ်စုံဝတ် ဝန်ထမ်း တွေက ပြုံးပြုံးရွှင်ရွှင် နှုတ်ဆက်ကြပါတယ်။ တစ်ယောက်စ နှစ်ယောက်စ
မသန်စွမ်း အမျိုးသမီးဝန်ထမ်းတွေလည်း တွေ့ရပါတယ်။

သတင်းစာအဖွဲ့ကို စက်ရုံရဲ့ ထုတ်လုပ်တဲ့ အပိုင်းတွေအကြောင်း ရှင်းပြပါတယ်။ ဓာတ်ပုံတော့
မရိုက်ရပါဘူး။ ကင်မရာ ထုတ်လုပ်နေတဲ့ အခန်းတွေဟာ သန့်ရှင်း တောက်ပြောင်နေပြီး
ဓာတ်ခွဲခန်းတွေလိုပါပဲ။ လူတွေနဲ့ စက်တွေအတူတူအလုပ်လုပ်နေတာ တွေ့ရပါတယ်။ စက်ရုံက
ဂျပန်အရာရှိ တစ်ယောက်က သူတို့စက်ရုံမှာ စက်တွေကို အမြဲအဆင့်မြှင့်နေပါတယ်လို့ ဆိုပါတယ်။
ဆိုလိုတာက ထုတ်လုပ်ရေးလိုင်းမှာ နောက် တစ်ဆင့်အတွက် လိုအပ်ချက်တွေကို အမြဲ သုတေသန
လုပ်ပြီး စက်တွေကို ပိုပြီးကောင်း အောင် လုပ်ပေးနေတာဖြစ်တယ်လို့ ဆိုပါ တယ်။

''ဂျပန်မှာဆိုရင် နောက်တစ်ဆင့် လုပ်ငန်း စဉ်ကို ကိုယ့်ရဲ့ ဖောက်သည် (ကက်စ်တန်မာ) လို့
မှတ်ယူရပါတယ်။ ဒါကြောင့် လူတွေဟာ ကက်စ်တန်မာရဲ့ ဝေဖန်ချက်တွေကို နားထောင် ပြီး
ပိုကောင်းအောင် လုပ်ရပါတယ်။ ကင်နွန်မှာတော့ လူတွေတင်မကဘူး၊ စက်တွေဟာလည်း
အတွေ့အကြုံတွေပိုပိုပြီး များလာပါ တယ်''လို့ စက်ရုံက အရာထမ်းတစ်ဦးက မြန်မာတိုင်း(မ်)ကို
ပြောပါတယ်။

ကင်နွန်စက်ရုံ လူ့စွမ်းအားအရင်းအမြစ် ဒါရိုက်တာက ''ကုမ္ပဏီအနေနဲ့ ဝန်ထမ်းတွေ ကို တန်ဖိုးထားပါ
တယ်။ ဝန်ထမ်းတွေကလည်း ကင်မရာကို ချစ်မြတ်နိုးသလို ကုမ္ပဏီကိုလည်း ချစ်ကြတဲ့ လူတွေချည်းပါပဲ။
ဒါကြောင့်မို့ အလုပ်ထွက်တဲ့ဝန်ထမ်းက လေးရာခိုင်နှုန်းပဲ ရှိပါတယ်''လို့ ပြောပါတယ်။

သူက ''ကင်နွန်ရဲ့ ရည်ရွယ်ချက်တွေဟာ အရည်အသွေးကောင်းပြီး အလွန်အားကိုး ရတဲ့ ပစ္စည်းတွေကို ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ဖောက်သည်တွေကို ဖြန့်ဖြူးပေးနိုင်ဖို့ပါပဲ။ ကင်နွန်ဟာ အီးအိုအက်စ်ကင်မရာ
သန်း ၈ဝ နဲ့ အီလက်ထရွန်းနစ် မှန်ဘီလူးအလုံးပေါင်း သန်း ၁၁ဝ နှစ်စဉ်ထုတ်လုပ်နေပါတယ်''လို့
ဆိုပါတယ်။

ဝန်ထမ်းတွေရဲ့ အရည်အသွေးတွေကို ယုံကြည်ပါတယ်။ ဒါ့ပြင် ဝန်ထမ်းတွေ တစ်ဦးနဲ့ တစ်ဦး
ညီညွတ်ကြဖို့ အစဉ်ဂရုစိုက်နေပါတယ်။ စီအက်စ်အာရ်လို့ခေါ်တဲ့ လူမှုတာဝန်ကိစ္စရပ်တွေကိုလည်း
ဆောင်ရွက်နေပါတယ်။ အဲဒီအထဲမှာ မသန်စွမ်းသူတွေကို အလုပ်ခန့်တာလည်း ပါပါတယ်။

တိုကျိုမြို့မှာရှိတဲ့ ကင်နွန်ရုံးချုပ်တွေ့ဆုံ မေးမြန်းခန်းမှာ အကြီးတန်း အုပ်ချုပ်မှု ဒါရိုက်တာ မစ္စတာ
မာဆာရာမေဒါက '' ကင်နွန် ကုမ္ပဏီအတွက် အာရှဈေးကွက်ဟာ အကြီးဆုံး ဈေးကွက်ဖြစ်တဲ့အတွက်
သိပ်အရေးကြီးပါ တယ်''လို့ ဆိုပါတယ်။ မနှစ်ရောင်းအားက ၁ဝ ရာခိုင်နှုန်းကနေ ၃ဝ ရာခိုင်နှုန်းအထိ
တက်လာပါတယ်လို့ သူက ပြောပါတယ်။ ''ဒါပေမဲ့လည်း ကမ္ဘာ့စီးပွားရေးဟာ ကျနေတာကို
ကျွန်တော်တို့မြင်ရပါတယ်။ ဒီအတွက် ကျွန်တော်တို့ မထိန်းချုပ်နိုင်ပါဘူး။ ကမ္ဘာ့စီးပွားရေးကျဆင်းမှုက
ကင်နွန်ကင်မရာ အပေါ် အကျိုးဆက်တွေနဲ့ စိန်ခေါ်မှုတွေ ဖြစ်လာစေမှာပါ။ ဒါကိုကျွန်တော်တို့
သိပါတယ်''လို့ မစ္စတာ မာဆာရာက ပြောပါတယ်။

''ကျွန်တော်တို့တွေဟာ အာဖရိကနဲ့ ဘရာဇီးလ်လို စီးပွားရေး ထွန်းသစ်စ နိုင်ငံတွေမှာ ဈေးကွက်
ထိုးဖောက်မှု နောက်ကျခဲ့ပါတယ်။ ဒီသင်ခန်းစာကို ကျွန်တော်တို့ ရခဲ့ပါတယ်။ ဒါကြောင့်
အာရှဈေးကွက်မှာ နောက်မကျရ လေအောင်ကြိုးစားနေရတာ ဖြစ်ပါတယ်'' လို့ သူက
ပြောကြားသွားပါတယ်။

 

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - နည်းပညာသတင်း