အူရီဒူး မြန်မာ ဝန်ဆောင်မှုသုံးစွဲသူ ပထမ သုံးလအတွင်း ခုနစ်သန်းခန့် ရှိလာ

မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးဝန်ဆောင်မှုပေးလျက်ရှိသော ကာတာအခြေစိုက်အူရီဒူးမြန်မာသည်
၂ဝ၁၆ ပထမသုံးလအတွင်း  ယင်း၏ ဝန်ဆောင်မှု အသုံးပြုသူ ၆ဒသမ ၉ သန်း အထိရှိလာခဲ့ပြီး ၂ဝ၁၅
စတုတ္ထသုံးလပတ်သုံးစွဲသူ ဦးရေထက် ၁၉ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း အူရီဒူးမြန်မာက မေ ၆ ရက်
တွင် ထုတ်ပြန်သည်။

''အူရီဒူးမြန်မာက ၂ဝ၁၆ ပထမသုံးလပတ်အတွင်း မှာ အမေရိကန်ဒေါ်လာ ၉၁ ဒသမ၇ သန်းရရှိခဲ့ပြီး
တော့ ၂ဝ၁၅ ခုနှစ် ပထမသုံးလပတ်နဲ့ ယှဉ်ရင်တော့ ၄၂ ရာခိုင်နှုန်း တိုးတက်လာခဲ့တာကို တွေ့ရပါ
တယ်'' ဟုအူရီဒူးမြန်မာ၏ အမှုဆောင် အရာရှိချုပ် Mr. Rene Meza ကပြောသည်။

ထို့အတူ အူရီဒူးမြန်မာသည် သုံးစွဲသူများအတွက် ဖေ့စ်ဘွတ်ခ် အသုံးပြုရာတွင် တစ်မဂ္ဂါဘိုက်ကို
သုံးကျပ်သာ ကျသင့်သော ဖေ့စ်ဘွတ်ခ် အသုံးပြုခ ထက်ဝက်လျှော့ချပေးသည့်ကမ်းလှမ်းမှုအသစ်ကို
စတင်ခဲ့သည်။

အူရီဒူး မြန်မာသည် ၂ဝ၁၆ ခုနှစ်၊ မတ်လအကုန်တွင် မြန်မာနိုင်ငံ၏ ဧရိယာ ၈၂ ရာခိုင်နှုန်းနီးပါးကို
ကွန်ရက်လွမ်းခြုံနိုင်ခဲ့ပြီး တာဝါတိုင်ပေါင်း ၃,၈ဝဝ ဖြင့် ဝန်ဆောင်မှုပေးလျက်ရှိသည်။ အကောင်းဆုံး
သော ဝန်ဆောင်မှုများကို ဆက်လက်ပေးစွမ်းနိုင်ရန် ကွန်ရက် ဆက်လက်ချဲ့ထွင်သွားမည့်အပြင် ကွန်ရက်အရည်အသွေးကိုလည်း မြှင့်တင်သွားမည် ဖြစ်သည်။

''ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က သုံးစွဲသူတွေအတွက် ကမ္ဘာ့အဆင့်မီ အင်တာနက်ဝန်ဆောင်မှုကို ပိုပြီး
အသုံးပြုနိုင်လာအောင် ကမ်းလှမ်းမှုတွေပေးဖို့ပါ။ ကျွန်တော်တို့ ဟာအင်တာနက် အသုံးပြုသူတွေအတွက်
ဒီထက်ပိုပြီး သင့်တင့်မျှတတဲ့ ဈေးနှုန်းနဲ့ဝန်ဆောင်မှုတွေ ဆက်လက်ပေးဖို့၊ ပိုမိုအဆင်ပြေချောမွေ့အောင်
အသုံးပြုနိုင်နေစေဖို့ ဆက်လက် ကြိုးစားသွားမှာပါ'' ဟု ၄င်းက ထပ်လောင်းပြောကြားသည်။

အူရီဒူးမြန်မာသည် ၂ဝ၁၆ ခုနှစ်အကုန်တွင် တာဝါတိုင်ပေါင်း ၄,၅ဝဝ အထိ တည်ဆောက်သွားမည်ဖြစ်
ကြောင်း အူရီးဒူးမြန်မာမှ တာဝန်ရှိသူ တစ်ဦးက မြန်မာတိုင်း(မ်)ကိုပြောသည်။ လက်ရှိ မြန်မာနိုင်ငံတွင်
ဆက်သွယ်ရေးကဏ္ဍ ဝန်ဆောင်မှုပေးနေသော နော်ဝေး အခြေစိုက် တယ်လီနော မြန်မာသည်
ယင်းတို့၏ ဝန်ဆောင်မှုကို အသုံးပြုသူ ၁၅ ဒသမ ၅ သန်းကျော် ရှိနေပြီဖြစ်ပြီး  ဖြန့်ချိ ရောင်းချသူ
၁၄၇ ဦးနှင့် အရောင်းဆိုင်ပေါင်း ၆၈,ဝဝဝ ကျော်ဖြင့် သုံးစွဲသူများကို ဝန်ဆောင်မှုပေးနေသည်။

တယ်လီနောမြန်မာသည် ၂ဝ၁၆ ခုနှစ် အကုန်တွင် တာဝါတိုင်ပေါင်း ၂,ဝဝဝ ကျော် ဆောက်လုပ်ပြီးစီး
ရန် မျှော်မှန်းထားကာ လက်ရှိ အချိန်တွင် တာဝါတိုင်ပေါင်း ၅,ဝဝဝ ကျော်နှင့် မြန်မာနိုင်ငံ၏ တိုင်း
ဒေသကြီးနှင့် ပြည်နယ်၊ နယ်မြေအားလုံးကို ရောက်ရှိ နေပြီဖြစ်ပြီး လူဦးရေ ထူထပ်သည့် ဒေသများ
၏ ၆၂ ရာခိုင်နှုန်း၊ မြို့နယ် ၅ဝ ရာခိုင်နှုန်းခန့် လွှမ်းခြုံထား နိုင်ပြီဖြစ်သည်။

ထို့အတူ မြန်မာနိုင်ငံ၏ ပြည်တွင်း ဆက်သွယ်ရေး အော်ပရေတာဖြစ်သည့် မြန်မာ့ဆက်သွယ်ရေး
လုပ်ငန်း (အမ်ပီတီ) သည် ယင်းတို့၏ ဝန်ဆောင်မှုကိ အသုံးပြုသူ ၁၉ သန်းကျော်ပိုင်ဆိုင်ထား
သည်။

မိုဘိုင်းဖုန်းအသုံးပြုသူများသည် မတူညီသော ဆက်သွယ်ရေး ကွန်ရက်သို့  ဖုန်းခေါ်ဆိုမှု ပြုလုပ်ရာ
တွင် အလွယ်တကူ ခေါ်ဆို၍ မရနိုင်ကြောင်း မိုဘိုင်းဖုန်းအသုံးပြုသူ ဦးထွန်းထွန်းမင်းက ပြောသည်။

''ဆက်သွယ်ရေးကုမ္ပဏီက ကွန်ရက်တွေကိုတော့ ချဲ့ထွင်နေကြတာပဲ။ ဒါပေမဲ့ တစ်ခုသတိထားမိတာ
ဥပမာ အမ်ပီတီဆင်းကတ်နဲ့ တယ်လီနောကို ခေါ်မယ်ဆိုရင် တစ်ခါတည်းနဲ့တော့ ခေါ်လို့မရဘူး။
နှစ်ခါသုံးသုံးခါလောက် ပြန်နှိပ်ပြီးခေါ်ရတယ်။ ထူးဆန်းတာက မနက်ပိုင်းတွေဆိုရင် ချက်ချင်းဝင်
တယ်။ ညပိုင်းဆို ခေါ်ရတာနည်းနည်းခက်တယ်။ အဲ့ဒါလေးတွေလည်း အဆင်ပြေအောင် လုပ်ပေး
စေချင်တယ်''ဟု ၄င်းက ပြောသည်။ 

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - နည်းပညာသတင်း