ကံစမ်းမဲမှရသော ဖုန်းဘေလ်ကို မလွှဲပြောင်းနိုင်

အမြင့်ဆုံးဆုမှာ ဖုန်းဘေလ် ကျပ်သိန်း ၂ဝ ဖြစ်ပြီး အနိမ့်ဆုံးဆုမှာ ဖုန်းဘေလ် ကျပ် ၂ဝဝအမြင့်ဆုံးဆုမှာ ဖုန်းဘေလ် ကျပ်သိန်း ၂ဝ ဖြစ်ပြီး အနိမ့်ဆုံးဆုမှာ ဖုန်းဘေလ် ကျပ် ၂ဝဝ

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (အမ်ပီတီ)သည် သုံးစွဲသူ သန်း ၂ဝ ပြည့် အထိမ်းအမှတ်အဖြစ်
မေ ၂ဝ ရက် မှ ဇွန် ၂ ရက်အတွင်း ငွေကျပ် နှစ်သန်းဖိုးနှင့် ညီမျှသည့် ဖုန်းငွေဖြည့်ပေးခြင်း အစီအစဉ်ကို
စတင်လိုက်ပြီဖြစ်ပြီး ကံထူးသူများသည် မိမိကံထူးသော ဖုန်းဘေလ်ပမာဏကို တခြားသူ
တစ်ဦးတစ်ယောက်သို့ ဖုန်းဘေလ်လွှဲပြောင်းပေးခြင်း (Balance Transfer) ကို လုပ်ဆောင်၍ရမည်
မဟုတ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း Marketing ဌာနမှ ဒုတိယမန်နေဂျာ
ဦးထွန်းအေးမောင်က ပြောသည်။

အဆိုပါ ကံစမ်းမဲအစီအစဉ်တွင် အမြင့်ဆုံးဆုမှာ ဖုန်းဘေလ် ကျပ်သိန်း ၂ဝ ဖြစ်ပြီး အနိမ့်ဆုံးဆုမှာ
ကျပ် ၂ဝဝ ဖြစ်သည်။

''ဖုန်းဘေလ် ကံစမ်းတဲ့သူတွေက ကိုယ်ကံထူးတဲ့ ဖုန်းဘေလ်ပမာဏကို ကိုယ့်တစ်ယောက်တည်းပဲ
သုံးလို့ရမှာပါ။ ဘယ်သူ့ကိုမှ ဖုန်းဘေလ်လွှဲပေးလို့ မရပါဘူး။ ကံစမ်းတဲ့ ဖုန်းဘေလ်တွေနဲ့
အင်တာနက်တွေကိုလည်း ဝယ်သုံးလို့ရပါတယ်''ဟု ၄င်းက ပြောသည်။

ယင်းကံစမ်းမဲ အစီအစဉ်သည် အမ်ပီတီ၏ ကြိုတင်ငွေချေစနစ်သုံးနှင့် ကျသင့်ငွေချေ စနစ်သုံး
ဂျီအက်စ်အမ်၊ ဒဗလျူစီဒီအမ်အေနှင့် စီဒီအမ်အေ အသုံးပြုသူတိုင်းအတွက် အကျုံးဝင်ပြီး စာတိုနံပါတ်
၂၂၂၂ သို့  ၂ဝ ဟု စာတိုပေးပို့ ကံစမ်းနိုင်မည်ဖြစ်ကာ ဖုန်းအဝင် ဖုန်းခေါ်ဆိုမှု အပိတ်ခံထားရသော
သို့မဟုတ် အဝင်အထွက် ဖုန်းခေါ်ဆိုမှုများ အပိတ်ခံထားရသော ဆင်းမ်ကတ်များသည်
ယခု ကံစမ်းမဲအစီအစဉ်တွင် ငွေပြန်ဖြည့်ကာ ပါဝင်နိုင်မည်ဖြစ်သည်။

မြန်မာ့ဆက်သွယ်ရေး အမ်ပီတီကလည်း ကံထူးသူများအတွက် မိမိကံထူးသော ဖုန်းဘေလ်ပမာဏကို
စာတိုစနစ်ဖြင့် အသိပေးကြေညာပေးသွားမည်ဖြစ်သည်။

''ကျွန်တော်တို့ မေ ၂ဝ ကနေ ဇွန် ၂ ရက်အထိ နံပါတ်တစ်ခုကို တစ်ကြိမ်သာ ကံစမ်းနိုင်ပြီး
ကံစမ်းမဲရွေးချယ်ပေးပြီးတော့ ဇွန် ၈ ရက်နဲ့ ၈ ရက်နောက်ပိုင်းမှာ ကံစမ်းတဲ့သူတွေကို ဘယ်လောက်
ကံစမ်းတယ်ဆိုတာကို မက်ဆေ့ခ်ျကနေ အသိပေးသွားမှာပါ''ဟု ၄င်းက ပြောသည်။

ထိုကံစမ်းမဲ အစီအစဉ်တွင် ကျပ်သိန်း ၂ဝ ဖုန်းဘေလ်ဆုအရေအတွက် ၂ဝ ကံစမ်းပေးမည်ဖြစ်ပြီး
ကျပ်နှစ်သိန်းဖိုး ဖုန်းဘေလ် ဆုအရေအတွက် ၂ဝဝ၊ ကျပ် နှစ်သောင်းတန် ဖုန်းဘေလ် အရေအတွက်
၂,ဝဝဝ၊ ကျပ် ၂,ဝဝဝ တန် ဖုန်းဘေလ် ဆုအရေအတွက် နှစ်သိန်းနှင့် အနိမ့်ဆုံးအဆင့်
ကျပ် ၂ဝဝ တန် ဖုန်းဘေလ်တို့ကို ကံစမ်းပေးမည်ဖြစ်သည်။ 

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - နည်းပညာသတင်း