တရုတ်အသင်းအနိုင်ရပြီး အရှေ့တောင် အာရှအသင်းတွေ အောင်မြင်မှုရခဲ့တဲ့ Ti6 Dota 2 ပြိုင်ပွဲ

အီလက်ထရွန်းနစ် အားကစားသက်တမ်း တစ်လျှောက် အအောင်မြင်ဆုံးနဲ့ ဆုကြေး အမြင့်ဆုံးရရှိခဲ့တဲ့
The Internationals 2016 Dota 2 ပြိုင်ပွဲဟာ ဩဂုတ် ၁၃ ရက်က ပြီးဆုံးသွားခဲ့ပါပြီ။

ဆုကြေး စုစုပေါင်း ဒေါ်လာ ၂၀ ဒသမ ၇ သန်းကျော်ပေးခဲ့ပြီး ချန်ပီယံဖြစ်သွား တဲ့ တရုတ်အသင်း
Wings Gaming ဟာ အမေရိကန်ဒေါ်လာကိုးသန်းကျော် ရရှိခဲ့ပါတယ်။ ဒီပြိုင်ပွဲမှာ အရှေ့တောင်အာရှ
(SEA) ဇုန်က တက်လာတဲ့ MVP.P၊ Fnatic နှင့် TnC တို့ဟာ မထင်မှတ်ထားဘဲ အင်အားကြီး
အနောက်အသင်း အများစုထက် မြင့်မားတဲ့ အဆင့်ထိ တက်လှမ်းနိုင်ခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးမှုကို
ရရှိခဲ့ပါတယ်။

ဒီပြိုင်ပွဲကို ပထမ ဆုံးအကြိမ် ယှဉ်ပြိုင်ခွင့်ရတဲ့ ဖိလစ်ပိုင်ကစားသမားတွေနဲ့ ဖွဲ့စည်းထားတဲ့
TnC အသင်းက ဥရောပအသင်း Liquid နဲ့အတူ ပါဝင်ကစား ခဲ့တဲ့ အသင်း ၁၆ သင်းအနက်
သတ္တမနှင့် အဋ္ဌမ နေရာကိုရရှိခဲ့ပြီး ဆုငွေ အမေရိကန် ဒေါ်လာ ၅၁၉ယ၂၆၂ ပိုင်ဆိုင်ခဲ့တယ်။
ဝါရင့် မလေးရှား အခြေစိုက်အသင်း Fnatic ကတော့ ပြိုင်ပွဲရဲ့ စတုတ္ထနေရာအထိရောက်ခဲ့ပြီး
အမေရိကန် ဒေါ်လာ တစ်သန်းခွဲနီးပါး ဆုငွေရရှိခဲ့ ပါတယ်။

Dota 2 ဟာ နိုင်ငံတကာမှာ လူကြိုက် အများဆုံး E-sports ဂိမ်းတွေထဲက တစ်ခု ဖြစ်ပြီး
တစ်ဖက်ကို ကစားသမားငါးဦးစီ ပါဝင်ယှဉ်ပြိုင်ရတဲ့ RTS RPG MOBA (multiplayer
online battlearena) အမျိုး အစားဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာလည်း လူကြိုက်အများဆုံးဂိမ်း တစ်ခုဖြစ်ပြီး Dota 2 အဓိကဆော့ကစားနိုင်ဖို့
ရည်ရွယ်ဖွင့်လှစ် ထားတဲ့ အင်တာနက်ဂိမ်းဆိုင်တွေ အများ အပြားရှိပါတယ်။ Dota 2 ဂိမ်းဖန်တီးထုတ်လုပ်သူ
Valve ကုမ္ပဏီဟာ နှစ်စဉ် တစ် ကမ္ဘာလုံးကအသင်းတွေ ယှဉ်ပြိုင်ကစား တဲ့ The Internationals
ပြိုင်ပွဲတွေကို ကျင်းပ လေ့ရှိပြီး အီလက်ထရွန်းနစ်အားကစား ကဏ္ဍမှာ ဆုကြေးငွေ အများဆုံးစံချိန်ကို
ငါးနှစ်ဆက်တိုက် စံချိန်သစ်တင်ထားပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - နည်းပညာသတင်း