Monday, April 24, 2017

ရုပ်ထွက်မြင့်မားသည့် PlayStation 4 Pro ဂိမ်းစက်သစ် မိတ်ဆက်

ဂျပန်နိုင်ငံအခြေစိုက် ဆိုနီကုမ္ပဏီက ဗီဒီယိုဂိမ်းစက်အသစ် Play Station 4 Pro  မော်ဒယ်
အသစ်ကို စက်တင်ဘာ ၇ ရက်တွင် မိတ်ဆက်ခဲ့သည်။ ၂ဝ၁၃ နှစ်ကုန်ပိုင်းမှာ စတင်ရောင်းချခဲ့တဲ့
Play Station 4  ဂိမ်းစက်ကို ထပ်မံအဆင့်မြှင့်တင်ထားပြီး သိသာတဲ့ ဂရပ်ဖစ်ရုပ်ထွက်
တိုးတက်မှုကို ရရှိနိုင်မည်ဖြစ်သည်။

ဈေးကွက်ထဲ စတင်ရောက်ရှိချိန်မှ ၂ဝ၁၆ ခုနှစ် မေလအတွင်း စက်အလုံးရေ သန်း ၄ဝ ကျော်
ရောင်းချထားတဲ့ Sony Play Station 4 မှာ လူကြိုက်အများဆုံးဂိမ်းစက်ဖြစ်ပြီး PS4Pro မှာ
မူရင်းစက်ကိုပရိုဆက်ဆာနှင့် ဂရပ်ဖစ်ယူနစ်များ သိသိသာသာ တိုးမြှင့်ထားတဲ့ မော်ဒယ်အသစ်ဖြစ်ကာ
လက်ရှိအိမ်သုံးဖျော်ဖြေရေးအတွက် အမြင့်ဆုံးရုပ်ထွက် အနုစိတ်အားဖြစ်သည့် 4K resolution ကို
ထောက်ပံ့ပေးနိုင်မည် ဖြစ်သည်။

ကွန်ပျူတာဂိမ်းများကဲ့သို့ 60 fps  ရုပ်ထွက်အမြန်နှုန်းကိုလဲ ပေးနိုင်ပြီး ပိုချောမွေ့တဲ့အမြင်အားကို
ရရှိစေမည်။ 4K resolution မရတဲ့ HDTV များနဲ့လဲ အသုံးပြုနိုင်ပေမဲ့ 4K TV နဲ့တွဲဖက်မှသာ အမြင့်ဆုံး
ရုပ်ထွက်အနုစိတ်အားကို ရရှိခံစားနိုင်မည်။

အောက်တိုဘာလတွင် ထွက်လာမည်ဟု ကြေညာခဲ့သည့် PS4 Pro အတွက် သီးသန့်ဂိမ်းများ
ထွက်လာမှာမဟုတ်ဘဲ ပုံမှန် PS4  ဂိမ်းများကိုသာ ဆော့ကစားရမည်ဖြစ်သည်။ ၄င်းရဲ့တန်ဖိုးမှာ
ဒေါ်လာ ၃၉၉ ဖြစ်သည်။ သယ်ယူပို့ဆောင်ခပါလာရင် မြန်မာငွေငါးသိန်းကျော်ခန့် ကျမည်ဟု
ခန့်မှန်းရပြီး featureအပြည့်အဝခံစားရဖို့အတြွက် တီဗီကိုပါ ထပ်ပြီးဝယ်ရမှာဖြစ်တဲ့အတွက်
မြန်မာပြည်တွင်းမှာတော့ လက်ရှိ PS4  စက်များကိုသာ ဆက်လက်ဖက်တွယ်ထားကြဦးမည်
ဖြစ်သည်။

အိမ်တွင်းဖျော်ဖြေရေးကဏ္ဍရဲ့ အကြီးမားဆုံးဈေးကွက်တစ်ခုဖြစ်တဲ့ ဗီဒီယိုဂိမ်းဈေးကွက်မှာ
အအောင်မြင်ဆုံး အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ ဆိုနီကတော့ ၂ဝ၁၆ နှစ်ကုန်ခါနီးမှာ
Play Station 4 Pro နဲ့ Virtual Reality headset  ထုတ်ကုန်သစ်တွေနဲ့
ထိုးဖောက်လာဦးမည်ဖြစ်သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - နည်းပညာသတင်း