အိုင်ဖုန်း-၅ အတွက် ၀ယ်လိုအားပြည့်မီအောင် မထုတ်ပေးနိုင်ခဲ့ကြောင်း တိုင်ဝမ်ကုမ္ပဏီပြောကြား

 

တည်ဆောက်ရေးပိုင်း အခက်အခဲ ကြောင့် အက်ပဲလ်အိုင်ဖုန်း-၅ အသစ်ကို ၀ယ်လိုအားနဲ့အမီလိုက်
ပြီး မထုတ်လုပ် ပေးနိုင်ခဲ့ကြောင်း အမေရိကန် ထိပ်တန်း နည်းပညာကုမ္ပဏီကြီးရဲ့ အနာဂတ် ၀င်ငွေ
နဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်နေရတဲ့ အချိန်မှာ တိုင်ဝမ်ကုမ္ပဏီ Foxconn က ၀န်ခံပြောကြားခဲ့ပါတယ်။

"အက်ပဲလ်က မှာသလောက် ကျွန်တော်တို့ အပြည့်အ၀ မလုပ်ပေး နိုင်ခဲ့ပါဘူး။ ဈေးကွက်ဝယ်လို
အားအရ ကျွန်တော်တို့ တင်ပို့ပေးနိုင်တဲ့ အရေ အတွက်က မလုံလောက်ပါဘူး" လို့ င်္င်္Foxconn
ဥက္ကဋ္ဌ Terry Gou က သတင်းထောက်တွေကို ပြီးခဲ့တဲ့ ဗုဒ္ဓဟူး နေ့မှာ ပြောကြားခဲ့ပါတယ်။

စက်တင်ဘာလမှာ စတင်ရောင်းချ ပေးခဲ့ချိန်ကစပြီး အလုံးရေ ငါးသန်း ရောင်းချနိုင်ခဲ့တဲ့ အိုင်ဖုန်း-၅
ရဲ့ ဒီဇိုင်း ကြောင့် ထုတ်လုပ်မှုပိုင်းမှာ အခက်အခဲ ဖြစ်ရကြောင်း ပြောကြားခဲ့ပေမယ့် အသေးစိတ်ကို
တော့ သူက မပြောပြခဲ့ပါ ဘူး။

ဒါ့ပြင် အိုင်ဖုန်းအော်ဒါတွေကို တခြား ကုမ္ပဏီတွေအတွက် ထုတ်လုပ် ပေးခြင်းရှိမရှိနဲ့ ပတ်သက်ပြီး
ဖြေကြား ပေးဖို့ သူက ငြင်းဆိုခဲ့ပါတယ်။ အိုင်ဖုန်းဟာ အိုင်ပက်နဲ့အတူ အက် ပဲလ်ရဲ့ ၀င်ငွေကို
အမြောက်အမြားတိုး စေတဲ့ ထုတ်ကုန်ပစ္စည်းတစ်ခုဖြစ်ပြီး နှစ် မျိုးစလုံးကို နိုကီယာ၊ အင်တဲလ်နဲ့
ဆိုနီ တို့လို တခြားကုမ္ပဏီတွေရဲ့တခြား ထုတ် ကုန်တွေလိုပဲ Foxconn ကို အော်ဒါမှာ ထုတ်လုပ်
ထားတာဖြစ်ပါတယ်။

အိုင်ဖုန်း-၅ ၀ယ်လိုအားတွေဟာ ရောင်းလိုအားထက် ကျော်လွန်နေပြီး ၀ယ်လိုအားပြည့်မီအောင်
ထုတ်လုပ် နိုင်ဖို့ အတော်ကြိုးစားနေရတယ်လို့ အက်ပဲလ်ရဲ့ ဘဏ္ဍာရေးအရာရှိချုပ် Peter
Oppenheimer က အောက်တိုဘာလ ၂၅ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

အိုင်ဖုန်းတွေ ဈေးကွက်ထဲ ရောင်းစရာမရှိ ဖြစ်သွားတာဟာ အက်ပဲလ်ရဲ့ ရှယ်ယာတွေကိုပါ ထိခိုက်
စေပါတယ်။

ဖုန်းရောင်းအား ၅၈ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး တက်ဘလက်ပစ္စည်း ရောင်းအား ၂၆ ရာခိုင်နှုန်းမြင့်
တက်ခဲ့တာ ကြောင့် ဇူလိုင်ကနေ စက်တင်ဘာလ အတွင်း သုံးလပတ်မှာ အက်ပဲလ်ရဲ့ အသားတင်
အမြတ်ဟာ ၈ ဒသမ ၂ ဘီလျံ အထိ တက်သွားတယ်လို့ အက်ပဲလ်က ပြီးခဲ့တဲ့လမှာ သတင်းထုတ်
ပြန်ခဲ့ပါတယ်။

(အေအက်ဖ်ပီ)

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - နည်းပညာသတင်း