ဈေးကွက်သို့ Lenovo Vibe K5 Note စမတ်ဖုန်း ဝင်ရောက်လာ

တရုတ်အမှတ်တံဆိပ်ဖြစ်သော လီနိုဗို (Lenovo) ကုမ္ပဏီသည် Vibe K5 Note
စမတ်ဖုန်းကို မြန်မာနိုင်ငံ ဈေးကွက်တွင်းသို့ အောက်တိုဘာလမှ စတင်ကာ ဖြန့်ဖြူးရောင်းချနေပြီ
ဖြစ်သည်။ အဆိုပါစမတ်ဖုန်း၏ မျက်နှာပြင်မှာ ၅ ဒသမ ၅ လက်မ ဖြစ်ပြီး လုံခြုံရေးအတွက်
Finger Print စနစ်ပါဝင်သည်။

ဖုန်း၏အဓိကကင်မရာသည် ၁၃ မဂ္ဂါပစ်ဇယ်ဖြစ်ပြီး အရှေ့ကင်မရာမှာ ရှစ် မဂ္ဂါပစ်ဇယ်ဖြစ်ကာ
DualLED (dual tone) Flash ပါဝင်သည်။ ဥာဏ်ပိုင်းတွင်လည်း မြန်နှုန်းမြင့် 64bit Octa Core နှင့်
4GB RAM ပေါင်းစပ်ကာ အသုံးပြုထားသည်။

ထို့ပြင် Internal Storage 32 GB ပါဝင်ပြီး ဆင်းကတ်နှစ်ကတ် ထည့်သွင်းအသုံးပြုနိုင်ကာ
Sim Slot နှစ်ခုစလုံးတွင် GSM/WCDMA မည်သည့်ဆင်းကတ်မဆို ထည့်သွင်း အသုံးပြုနိုင်သည်။

အဆိုပါဖုန်းတွင် စကားပြောသံများ၊ သီချင်းသံများနှင့် သဘာဝအသံများကို တိကျရှင်းလင်းစွာ
နားဆင်နိုင်ရန် Dolby Atom ကိုအသုံးပြုထားကာMarshmallow Android ဗားရှင်းဖြစ်သည်။

ယင်းဖုန်းကို ဈေးကွက်တွင် ငွေရောင်၊ မီးခိုးရောင်နှင့် ရွှေရောင် ဟူ၍ အရောင်းသုံးမျိုးရရှိနိုင်ပြီး
တစ်နှစ်အာမခံပါဝင်ကာ ကျပ် ၂၉၉,ဝဝဝ နှုန်းဖြင့် အမြို့မြို့အနယ်နယ်ရှိ KMD အရောင်း
စင်တာများနှင့် Lenovo အရောင်းဆိုင်ကြီးများတွင် ဝယ်ယူနိုင်မည်ဖြစ်သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - နည်းပညာသတင်း