ဗီဒီယိုခေါ်ဆိုမှုကို Zalo အက်ပလီကေးရှင်းတွင် အသုံးမပြုနိုင်သေး

 Zalo အက်ပလီကေးရှင်း အသုံးပြုနေသူတစ်ဦးကို တွေ့ရစဉ်။ ဓာတ်ပုံ - အောင်ကျော်ညွန့်Zalo အက်ပလီကေးရှင်း အသုံးပြုနေသူတစ်ဦးကို တွေ့ရစဉ်။ ဓာတ်ပုံ - အောင်ကျော်ညွန့်

ဗီယက်နမ်နိုင်ငံအခြေစိုက် လူမှုဆက်သွယ်ရေးအက်ပလီကေးရှင်းဖြစ်သည့် ဇေူသ တွင်
စာတိုပို့ခြင်း၊ အခမဲ့ဖုန်းခေါ်ဆိုခြင်းများပြုလုပ်နိုင်သော်လည်း ဗီဒီယိုခေါ်ဆိုမှု ဆောင်ရွက်နိုင်ဦးမည်
မဟုတ်ကြောင်း Zalo တည်ထောင်သူ မစ္စတာ ဘောင်ကွန်ခိုင်က ပြောသည်။

''လတ်တလောတော့ ဗီဒီယိုခေါ်ဆိုမှုကို မြန်မာနိုင်ငံမှာတင် မဟုတ်ပါဘူး။ကျွန်တော်တို့ ဗီယက်နမ်
နိုင်ငံမှာပါ သုံးလို့မရသေးပါဘူး။ ကျွန်တော်တို့က သုံးစွဲသူတွေကို ရိုးရိုးရှင်းရှင်း၊ မြန်မြန်ဆန်ဆန်နဲ့
ရင်းနှီးကျွမ်းဝင်မှုရှိအောင် ပထမဦးဆုံးအရင်လုပ်ဆောင်သွားမှာပါ'' ဟု ၄င်းက ပြောသည်။

အဆိုပါ အက်ပလီကေးရှင်းကို ဗီယက်နမ်နိုင်ငံတွင် သုံးစွဲသူ သန်း ၆ဝ ရှိနေပြီးမြန်မာနိုင်ငံသို့ ၂ဝ၁၆
ခုနှစ်မှ စတင်ဝင်ရောက်လာကာ လေးလအတွင်း သုံးစွဲသူ နှစ်သန်းရှိနေပြီဖြစ်သည်။ အဆိုပါ
အက်ပလီကေးရှင်းကို မည်သည့်ဖုန်းများတွင်မဆို အသုံးပြုနိုင်အောင်လည်း ဆောင်ရွက်ပေးထားကြောင်း
မစ္စတာ ဘောင်ကွန်ခိုင်က ပြောသည်။

''ဒီအက်ပလီကေးရှင်းကိုတော့ ဘယ်ဖုန်းမှာမဆို သုံးနိုင်အောင် စီစဉ်ပေးထားပါတယ်။
အနိမ့်ဖုန်းပဲဖြစ်ဖြစ်၊ အမြင့်ဖုန်းတွေမှာပဲဖြစ်ဖြစ် လွယ်လွယ်ကူကူ ဆောင်ရွက်ပေးထားပါတယ်'' ဟု
၎င်းက ပြောသည်။ယင်းအက်ပလီကေးရှင်းကို မြန်မာဘာသာဖြင့်လည်း အသုံးပြုနိုင်ပြီး
ဇော်ဂျီဖောင့်ကိုသာ အသုံးပြုထားသည်။

ထို့ပြင် စိတ်ခံစားမှုဖော်ပြသည့် စတေကာများတွင်လည်း 'မင်္ဂလာပါ' ခေါင်းစဉ်နှင့်မြန်မာကာတွန်းရုပ်ပုံ
စတစ်ကာကိုလည်း မိတ်ဆက်ထားပြီဖြစ်သည်။ အဆိုပါ အက်ပလီကေးရှင်းတွင် မိုးလေဝသဆိုင်ရာ
အခြေအနေများနှင့် အွန်လိုင်းကတစ်ဆင့်ရရှိနိုင်သည့် သတင်းများကိုလည်း ဖတ်ရှုနိုင်ရန်
ဖော်ပြထားသည်။

ဗီယက်နမ်နိုင်ငံတွင် Zalo အက်ပလီကေးရှင်မှတစ်ဆင့် ဗီယက်နမ်နိုင်ငံ လေကြောင်းလိုင်းနှင့်
ကျန်းမာရေးဝန်ကြီးဌာန၏ သတင်းအချက်အလက်များကိုလည်း ဖော်ပြသကဲ့သို့ မြန်မာနိုင်ငံရှိ
လေကြောင်းလိုင်းများနှင့်လည်း ဆွေးနွေးမှုများပြုလုပ်ကာ သတင်းအချက်အလက်များ
ဖော်ပြပေးသွားရန် ရည်ရွယ်ထားသည်ဟု ဆိုသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - နည်းပညာသတင်း