အူရီဒူးမြန်မာ ညသုံးအင်တာနက်အစီအစဉ်ကို စတင်ဝန်ဆောင်မှုပေး

ပြည်ပအော်ပရေတာတစ်ခုဖြစ်သည့် အူရီဒူးမြန်မာသည် နေ့စဉ်သုံး၊ အပတ်စဉ်သုံးနှင့် လစဉ်သုံး
အင်တာနက်အစီအစဉ်များနှင့် ညသုံး အင်တာနက်အစီအစဉ်များ စတင်ဝန်ဆောင်မှုပေးနေပြီ
ဖြစ်ကြောင်း နိုဝင်ဘာ ၁ဝ ရက်က သတင်းထုတ်ပြန်ထားသည်။

ည ၁၁ နာရီမှ နံနက် ၇ နာရီအတွင်း အသုံးပြုနိုင်မည့် ညသုံးအစီအစဉ်တွင် တစ်ညသုံး 250MB
ကျပ် ၃ဝဝ ဖြင့်လည်းကောင်း၊ ခုနစ်ညသုံး 1GB ကို ကျပ်၁,ဝဝဝ ဖြင့်လည်းကောင်း၊ ည ၃ဝ သုံး 4GB ကို
ကျပ် ၃,ဝဝဝ ဖြင့်လည်းကောင်း ရွေးချယ်အသုံးပြုနိုင်မည်ဖြစ်သည်။

''မြန်မာနိုင်ငံမှာရှိတဲ့ မိဘပြည်သူတွေကို အူရီဒူးရဲ့ အမြန်ဆန်ဆုံး အင်တာနက်နဲ့ အထူး
ကမ်းလှမ်းထားတဲ့ အစီအစဉ်တွေကို အကောင်းဆုံးအသုံးချပြီး မိမိတို့ ပညာရေးနဲ့ အသိပညာ
ဗဟုသုတ တိုးပွားနိုင်ဖို့အတွက်အပြင် အနားယူအပန်းဖြေဖို့ အင်တာနက်ကို အကျိုးရှိအောင်
အသုံးပြုစေချင်ပါတယ်'' ဟု အူရီဒူးမြန်မာ၏ဈေးကွက်အရာရှိချုပ် Ms. Charity Safford က
ပြောသည်။

ယင်းအစီအစဉ်ကို ရယူအသုံးပြုလိုပါက *133# သို့ ဖုန်းခေါ်ဆို၍လည်းကောင်း၊
My Ooredoo App မှသော်လည်းကောင်း အင်တာနက်အစီအစဉ်များနှင့် ညသုံးအင်တာနက်
အစီအစဉ်များကို ဝယ်ယူအသုံးပြုနိုင်မည်ဖြစ်သည်။

ထို့ပြင် *442# သို့ ဖုန်းခေါ်ဆို၍ လည်းကောင်း၊ My Ooredoo App မှ သော်လည်းကောင်း
အထက်ပါအစီအစဉ်များကို လက်ဆောင် လွှဲပေးနိုင်မည်ဖြစ်သည်။

သို့သော် အမြန်ဆုံးနှင့် လိုင်းအတည်ငြိမ်ဆုံး အင်တာနက်ကွန်နက်ရှင်ကို ရရှိရန် ဆင်းကတ်ကို
Slot 1 တွင်ထည့်ပြီး အသုံးပြုကာ အွန်လိုင်းမှတစ်ဆင့် ဗွီဒီယိုများ၊ စာအုပ်များနှင့်
တေးသီချင်းများ ကို download ပြုလုပ်နိုင်မည်ဖြစ်သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - နည်းပညာသတင်း