ဟွာဝေးဟန်းဆက် တရားဝင်ဟုတ်မဟုတ် IMEI Code ဖြင့်စစ်ဆေးနိုင်

လက်ရှိဈေးကွက်ထဲတွင် ဟွာဝေး (Huawei) ဟန်းဆက်အဟောင်းများကို ပြန်လည်ပြုပြင်
ရောင်းချနေသောကြောင့် အရည်အသွေးမမီသော ဟန်းဆက်များနှင့် တရားဝင်ဟန်းဆက်
ဟုတ်မဟုတ်ကို IMEI Code ဖြင့် စစ်ဆေးနိုင်သော နည်းလမ်းကို Huawei Device Myanmar က
နိုဝင်ဘာ ၁၂ ရက်တွင် ဖော်ပြလိုက်ပြီဖြစ်သည်။

''အခုဈေးကွက်ထဲမှာ ဟန်းဆက်အဟောင်းတွေကို ပြုပြင်ပြီး ပြန်ရောင်းချနေတာနဲ့ တချို့
မှောင်ခိုတင်သွင်းခါနီးထုတ်ကုန်တွေကို နယ်စပ်မှာ ဖမ်းမိတာတွေကို တွေ့ရပါတယ်။
အဲဒီအတွက် သုံးစွဲသူတွေ မှားပြီး ဝယ်မိတယ်ဆိုရင် အရည်အသွေးမမီတာတွေ၊ ရသင့်တဲ့
အာမခံချက်၊ ဝန်ဆောင်မှုမရတာတွေ စတဲ့နစ်နာမှုတွေ ကြုံတွေ့နိုင်ပါတယ်။ ဒါကြောင့်
ဟွာဝေးသုံးစွဲသူတွေအတွက် အဲဒီလိုမျိုးတွေမဖြစ်စေဖို့ စစ်ဆေးနိုင်တဲ့ နည်းလမ်းတွေကို
ပြုလုပ်ပေးထားပါတယ်'' ဟု Huawei Device Myanmar ၏ ဈေးကွက်ဒါရိုက်တာ
ဦးအောင်မိုးသူက ပြောသည်။

စစ်ဆေးသော နည်းလမ်းမှာ ဖုန်းနံပါတ် *#06# ကို နှိပ်လျှင် IMEI ထွက်လာမည်ဖြစ်ပြီး
ထိုကုတ်နှင့် ဟန်းဆက်ဘူးခွံတွင်ပါဝင်သော IMEI Code တိုက်ကြည့်၍ တူနေလျှင်
တရားဝင်အလုံးဖြစ်သည်။

ထို့ပြင် ဘူးခွံပေါ်ရှိ QR Code ကို WeChat (သို့မဟုတ်) Viber တို့နှင့် Scan ဖတ်၍
လည်းကောင်း၊ ဟွာဝေးဝက်ဘ်ဆိုက်၏ IMEI စစ်ဆေးသောနေရာသို့ ဝင်ရောက်ကာ
''စုံစမ်းမေးမြန်းလိုပါက IMEI/MEID/MAC/SC နံပါတ်များကို ရိုက်ထည့်ပါ'' ဟူသော နေရာတွင်
IMEI Code ကို ရိုက်ထည့် စစ်ဆေးပါက တရားဝင်အလုံးမဟုတ်ပါလျှင်'' ဝမ်းနည်းပါတယ်။
မိတ်ဆွေစုံစမ်းလိုသောပစ္စည်းမှာ Huawei မှ တရားဝင်တင်သွင်းသော ပစ္စည်းမဟုတ်ပါ'' ဟု
ပေါ်လာမည်ဖြစ်သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - နည်းပညာသတင်း