၂ဝ၁၆ ခုနှစ်အတွင်း လူကြိုက်အများဆုံး App များ

 မဟာဗန္ဓုလပန်းခြံအတွင်း မိုးရွာထဲတွင် သဲသဲမဲမဲ ပိုကီမွန်ဂိုးဂိမ်း ကစားနေသူများကို တွေ့ရစဉ်။ ဓာတ်ပုံ - မြန်မာတိုင်း(မ်)မဟာဗန္ဓုလပန်းခြံအတွင်း မိုးရွာထဲတွင် သဲသဲမဲမဲ ပိုကီမွန်ဂိုးဂိမ်း ကစားနေသူများကို တွေ့ရစဉ်။ ဓာတ်ပုံ - မြန်မာတိုင်း(မ်)

Pokemon GO

၂ဝ၁၆ မှာ စံချိန်ပေါင်းများစွာ အသစ်တင်ပြီး အောင်မြင်မှုရခဲ့တာကတော့ Pokemon GO ပါ။ Augmented
Reality အမျိုးအစား ဂိမ်းတွေရဲ့ ကဏ္ဍအသစ်ကိုလည်း ဖွင့်လှစ်ပေးနိုင်ခဲ့ပါတယ်။ လူသုံးအများဆုံး မိုဘိုင်း
စနစ်နှစ်ခုဖြစ်တဲ့ Android နဲ့ iOS နှစ်မျိုးစလုံးမှာ ၂ဝ၁၆ ခုနှစ်အတွက် အကောင်းဆုံး မိုဘိုင်းဂိမ်း
အဖြစ်လည်း ရွေးချယ်ခံခဲ့ရပါတယ်။

Pokemon GO ကို ဂျပန်ဂိမ်းကုမ္ပဏီ နင်တန်းဒိုးက သူတို့ရဲ့ ဆယ်စုနှစ်နဲ့ချီပြီးအောင်မြင်မှုရထားတဲ့
ပိုကီမွန်ဂိမ်းစီးရီးအပေါ် အခြေခံကာ တည်နေရာပြနည်းပညာနဲ့ပတ်သက်လို့ အတွေ့အကြုံရှိတဲ့
Niantic ကို ဖန်တီးစေခဲ့တာဖြစ်တယ်။ မူရင်း ပိုကီမွန်စီးရီးဟာ နင်တန်းဒိုးကထုတ်လုပ်တဲ့
ဂိမ်းစက်တွေပေါ်မှာ ဆော့ကစားလို့ရပြီး ဂိမ်းသာမက အန်နီမေးရှင်းရုပ်ရှင်တွေ၊ ကာတွန်းရုပ်သံ
စီးရီးတွေနဲ့ ရုပ်ပြတွေအထိ ထုတ်လုပ်ခဲ့တဲ့ ပရိသတ် အခိုင်အမာရှိပြီးသား အမှတ်တံဆိပ်ဖြစ်နေတာ
ကလည်း Pokemon GO ရဲ့အောင်မြင်မှုကို အထောက်အပံ့ဖြစ်စေခဲ့ပါတယ်။

ဂိမ်းကစားသူတွေရဲ့ တစ်နေရာတည်းမှာ ငြိမ်ငြိမ်လေးထိုင်ပြီး ဆော့ကစားရတဲ့ အခြေခံအယူအဆကို
ချိုးဖောက်လိုက်ပြီး သူ့ရဲ့စီးရီးထဲက ဇာတ်ကောင်တွေလို အပြင်လောကမှာ သွားလာ
ဆော့ကစားရတာကလည်း ပုံစံသစ်တစ်ခု ဖြစ်သွားခဲ့တာပါ။

Pokemon GO ကို ၂ဝ၁၆ ခုနှစ် ဇူလိုင်လ ၆ ရက်မှာ သတ်မှတ်ထားတဲ့ နိုင်ငံအနည်းငယ်မှာ
စတင်ထုတ်လွှင့်ပေးခဲ့တယ်။ ထုတ်လွှင့်စမှာ တခြားနိုင်ငံတွေက တရားမဝင်ရယူဆော့ကစားတာတွေ၊
တည်နေရာကို ပြောင်းလဲစေတဲ့ အက်ပလီကေးရှင်းတွေအသုံးပြုပြီး cheat လုပ်တဲ့သူတွေကြောင့်
ပြဿနာတက်ခဲ့ပြီး မြန်မာနိုင်ငံအပါအဝင် တချို့နိုင်ငံတွေကို လုံးဝဖြတ်တောက်လိုက်တယ်။

ဒါပေမဲ့ သြဂုတ်လဝန်းကျင်ကစပြီး အိမ်နီးချင်း ထိုင်းနဲ့ အာဆီယံနိုင်ငံတွေကို Pokemon GO
ဆော့ကစားနိုင်အောင် ပြုလုပ်လိုက်တဲ့အခါ မြန်မာနိုင်ငံမှာပါ ဆော့ကစားလို့ ရလာခဲ့ပါတယ်။
ထို့နောက်မှာတော့ ပြည်တွင်းကုမ္ပဏီတွေ၊ စားသောက်ဆိုင်တွေက သူတို့ထုတ်ကုန်တွေကို ပိုကီမွန်ဂိုး
အသုံးချပြီး ကြော်ငြာတာတွေတောင် ပြုလုပ်လာခဲ့တယ်။

Pokemon GO ထွက်ရှိပြီး တစ်ပတ်အတွင်းမှာ Download ဆွဲယူမှုကြိမ်ရေ ၁ဝ သန်းကျော်သွားခဲ့ပြီး
စံချိန်သစ်တင်နိုင်ခဲ့သလို လက်ရှိအချိန်မှာလည်း တစ်ကမ္ဘာလုံးမှာ Pokemon GO download
ဆွဲယူမှုအကြိမ် သန်း ၅ဝဝ ကျော်ရှိနေပါတယ်။ အမေရိကန်နိုင်ငံမှာ တစ်လအတွင်း ဆော့ကစားသူဦးရေ
၂၁ သန်းနဲ့ စံချိန်သစ်တင်နိုင်တဲ့ မိုဘိုင်းဂိမ်းဖြစ်လာပြီး Candy Crush ဂိမ်းတင်ထားခဲ့တဲ့
စံချိန်ဟောင်းကို လပိုင်းအတွင်း ချိုးခဲ့တာပါ။

ဒီဂိမ်းဟာ အခမဲ့ကစားနိုင်တဲ့ Free to Play ဂိမ်းဖြစ်ပေမဲ့ သူ့ရဲ့ ingame item purchase
ဝယ်ယူမှုကလည်း Clash of Clans နဲ့ Candy Crush ကို ကျော်လွန်ပြီး စံချိန်သစ် တင်ခဲ့ပြန်တယ်။
ပထမဆုံးလမှာတင် အမေရိကန်ဒေါ်လာ သန်း ၂ဝဝ ထိ ဝင်ငွေရခဲ့ပြီး ကစားသူတွေဟာ တစ်နေ့ကို
စုစုပေါင်း ဒေါ်လာ ၁ဝ သန်းဝန်းကျင် သုံးစွဲဝယ်ယူခဲ့ပါတယ်။ ဂိမ်းသတင်းဝက်ဘ်ဆိုက်တစ်ခုဖြစ်တဲ့
Gamespot ကတော့ Pokemon GO ဟာ ဈေးကွက်ထဲရောက်ရှိပြီး ရက် ၉ဝ အကြာမှာ ဝင်ငွေ
ဒေါ်လာသန်း ၆ဝဝရရှိတဲ့ ပထမဆုံး မိုဘိုင်းဂိမ်းဖြစ်တယ်လို့အစီရင်ခံခဲ့တယ်။

ဂရင်းနစ်ကမ္ဘာ့စံချိန် ငါးခုကို ၂ဝ၁၆ သြဂုတ်လမှာ တင်ခဲ့ပြီး အဲတာတွေကတော့ ပထမဆုံးလမှာ
ဝင်ငွေအများဆုံးရတဲ့ အက်ပလီကေးရှင်း (အမေရိကန်ဒေါ်လာ ၂ဝ၆ ဒသမ ၅ သန်း)၊
ပထမဆုံးလမှာ Download အများဆုံးဆွဲယူခံရတဲ့ မိုဘိုင်းဂိမ်း (ကြိမ်ရေသန်း ၁၃ဝ)၊
ပထမလအတွင်း နိုင်ငံတကာ မိုဘိုင်းဂိမ်းဈေးကွက်အများဆုံးမှာ ထိပ်ဆုံးအဆင့်ရပ်တည်နိုင်မှု
(နိုင်ငံပေါင်း ၇ဝ)၊ပထမဆုံးလအတွင်း နိုင်ငံတကာဈေးကွက်အများဆုံးမှာ ဝင်ငွေအများဆုံး
မိုဘိုင်းဂိမ်း (နိုင်ငံပေါင်း ၅၅)၊ ဝင်ငွေ ဒေါ်လာသန်း ၁ဝဝ အမြန်ဆုံးရတဲ့ မိုဘိုင်းဂိမ်း (ရက် ၂ဝ
အကြာ ဇူလိုင် ၂၆ မှာ ပြည့်မီခဲ့) တို့ ဖြစ်ပါတယ်။

၂ဝ၁၆ ဒီဇင်ဘာမှာတော့ နင်တန်းဒိုးက သူတို့ရဲ့ နောက်ထပ်အအောင်မြင်ဆုံး အမှတ်တံဆိပ်တစ်ခု
ဖြစ်တဲ့ မာရီယိုဇာတ်ကောင်ကို Super Mario Run မိုဘိုင်းဂိမ်းနဲ့ ထပ်မံထိုးဖောက်လာသလို
၂ဝ၁၇ ခုနှစ်မှာလည်းနောက်ထပ် နာမည်ကြီး ဂိမ်းစီးရီးတွေအခြေခံထားတဲ့ မိုဘိုင်းဂိမ်းလေးခု
ထုတ်လုပ်သွားမယ်လို့ ကြေညာထားပါတယ်။

 

Prisma

မိုဘိုင်းဖုန်းသုံးစွဲမှု များပြားလာတာနဲ့အမျှ လူသုံးများလာတာက ဓာတ်ပုံပြုပြင်တဲ့ အက်ပလီကေးရှင်းတွေပါ။
၂ဝ၁၆ မှာတော့ ပုံမှန်ဓာတ်ပုံပြုပြင် အက်ပလီကေးရှင်းတွေထက် ပိုပြီး စိတ်ဝင်စားမှုရရှိခဲ့တာကတော့
Prisma ပဲ ဖြစ်ပါတယ်။

Prisma ကို ဖန်တီးခဲ့သူကတော့ ရုရှားနည်းပညာရှင် Alexey Moiseenkov ဆိုသူပါ။ သူဟာ Mail.RU က
အလုပ်ကိုထွက်ပြီး ဒီ စေစ ကို ဖန်တီးခဲ့တာပါ။ ဖန်တီးချိန် တစ်လခွဲသာကြာခဲ့ပြီး ဘာပရိုမိုးရှင်းမှ
မလုပ်ခဲ့ပါဘူး။

ဒါပေမဲ့ ပုံမှန်ဓာတ်ပုံတွေကို အနုပညာဆန်ဆန် ပန်းချီကားတစ်ချပ်အလား ပြောင်းလဲသွားစေတဲ့
Prisma app ကတော့ ထွက်ရှိပြီး တစ်ပတ်အကြာမှာပဲ Download ဆွဲယူမှု၇ ဒသမ ၅ သန်းကျော်
ရှိခဲ့ပါတယ်။ ၂ဝ၁၆ ဇွန် ၁၁ ရက်က ငဥှ ပလက်ဖောင်းပေါ်မှာ စတင်ထွက်ရှိခဲ့ပြီး ဇူလိုင်လထဲမှာတော့
အန်းဒရွိုက်ပလက်ဖောင်းပေါ် ရောက်ရှိခဲ့တဲ့အတွက် အကြိမ် ၇ ဒသမ ၅ သန်းဆွဲယူခံရခြင်းဟာလည်း
အိုင်ဖုန်းသုံးစွဲသူတွေ သီးသန့်ပါ။ အန်းဒရွိုက်ပေါ်ရောက်တဲ့အခါမှာတော့ ပထမဆုံး ၂၄ နာရီအတွင်း
ဆွဲယူမှု ၁ ဒသမ ၇ သန်းနဲ့ Prisma app နဲ့ပြုပြင်တဲ့ ဓာတ်ပုံ သန်း ၅ဝ ထိ ရှိခဲ့ပါတယ်။

Prisma ရဲ့ virtual reality ဗားရှင်းအက်ပလီကေးရှင်းကိုတော့ အခုချိန်မှာ ထုတ်လုပ်နေဆဲ
ဖြစ်ပါတယ်။

 

Clash Royale

မိုဘိုင်းခေတ်ဦးကာလမှာ မိုဘိုင်းဂိမ်းဆိုရင် Clash of Clans နဲ့ Candy Crush ကိုအများဆုံး
တွေ့ခဲ့ကြတယ်။ COC လို့ သိကြတဲ့ Clash of Clans ဟာ အောင်မြင်မှုကြာရှည်ခဲ့သလို
အကျိုးအမြတ်လည်း အရဆုံးမိုဘိုင်းဂိမ်းဖြစ်ခဲ့တယ်။

ဒီလိုအောင်မြင်မှုမျိုးကို ထပ်လိုချင်နေတဲ့ ထုတ်လုပ်သူ Supercellဟာ ၂ဝ၁၆ မှာတော့ သူတို့ရဲ့
နောက်ထပ်ကျည်ဆန်ကို မိုဘိုင်းဈေးကွက် ပစ်မှတ်တည့်တည့် ပစ်ချလိုက်တယ်။ ဒါကတော့
Clash Royale ပါပဲ။

Clash Royale ကို ၂ဝ၁၆ ခုနှစ် မတ်လမှာ iOS, Android နှစ်ခုလုံးအတွက် ထုတ်လွှင့်ခဲ့တယ်။
စထွက်လာတဲ့အချိန်ကနေ Pokemon GO ထွက်မလာခင်ထိတော့ အမေရိကန်နဲ့အချို့ဈေးကွက်တွေမှာ
ဝင်ငွေအရဆုံး မိုဘိုင်းဂိမ်းအဖြစ် လပေါင်းများစွာ ရပ်တည်ခဲ့တာပါ။

Clash of Clans မှာလို ကိုယ့်ရဲ့စခန်းကိုချဲ့ထွင်စရာမလိုဘဲ ကစားသူတစ်ဦးနဲ့တစ်ဦး ယှဉ်ပြိုင်
တိုက်ခိုက်ရတဲ့ Collectible Card Game, Strategy, RTS အမျိုးအစားဖြစ်တဲ့အတွက်
Clash Royaleဟာ eSports တွေလို ပြိုင်ပွဲတွေလည်း ကျင်းပလာနိုင်ခဲ့တယ်။ အမေရိကန်ဒေါ်လာ
ထောင်ဂဏန်း ဆုကြေးငွေပေးတဲ့ Clash Royale ပြိုင်ပွဲတွေကို ကိုရီးယား၊ တရုတ် စတဲ့နိုင်ငံတွေမှာ
အကြိမ်များစွာ ကျင်းပခဲ့ပါတယ်။

ကစားသူတွေဟာ ကွန်ပျူတာက တွဲဖက်ပေးတဲ့ ပြိုင်ဘက်နဲ့ ယှဉ်ပြိုင်ကစားကာ အနိုင်ရတဲ့အခါ
ဆုကြေးအဖြစ် chest တွေရရှိပြီး နောက်ထပ် ကတ်အသစ်တွေ ရနိုင်မှာဖြစ်ပါတယ်။ ဒါပေမဲ့
အဲဒီကတ်တွေကို စိတ်မရှည်သူတွေက ပိုက်ဆံပေးပြီး ဝယ်ယူကာ ဆော့ကစားနေကြတဲ့အတွက်လည်း
Top Grossing ဝင်ငွေအရဆုံးစာရင်းမှာ အမြဲ ထိပ်ဆုံးက ပါနေတာဖြစ်ပါတယ်။

 

ပြည်တွင်း Apps များ

၂ဝ၁၅ ခုနှစ်ကနေစပြီး တိုးတက်လာတဲ့ မိုဘိုင်းသုံးစွဲမှုအားကြောင့် ပြည်တွင်းမှာလည်း
မိုဘိုင်းအက်ပလီကေးရှင်း ဖန်တီးမှုကို စိတ်ပါဝင်စားသူ များလာပါတယ်။ ဒါ့ပြင်နည်းပညာတက္ကသိုလ်
တွေမှာလည်း မိုဘိုင်းအက်ပလီကေးရှင်းတွေကို ပရောဂျက်အဖြစ်ရော၊ ဝါသနာအရပါ
ဖန်တီးလာခဲ့ကြတာ၊ သင်ကြားပို့ချလာတာတွေ ပေါ်ပေါက်လာခဲ့ပါပြီ။

၂ဝ၁၆ ခုနှစ်အတွင်းမှာ မိုဘိုင်းအော်ပရေတာနဲ့ ဘဏ်လုပ်ငန်းတွေသာမကဘဲ ဖျော်ဖြေရေး၊
စိုက်ပျိုးရေး၊ စီးပွားရေး၊ စာကြည့်တိုက် Apps တွေနဲ့ ပြည်တွင်းဖြစ် မိုဘိုင်းဂိမ်းတွေ ထွက်လာခဲ့ပါတယ်။

ပြည်တွင်းမိုဘိုင်းဂိမ်းကုမ္ပဏီ MyPlay Studios က ၂ဝ၁၆ ခုနှစ်အတွင်းမှာ အိုးပုတ်ပုံပြင်
(O'Poke Saga) နဲ့ Rage of Rama အမည်ရ မိုဘိုင်းဂိမ်းနှစ်ခုကို ထုတ်လုပ်ခဲ့ပါတယ်။ ဒါ့ပြင်
လာမယ့် ၂ဝ၁၇ ခုနှစ်မှာလည်း လမ်းမတော်ဖိုးတုတ် နဲ့ Age of Bayint Naung ဂိမ်းတွေ
ထုတ်လုပ်ဦးမယ်လို့ ပြောကြားခဲ့ပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - နည်းပညာသတင်း