အွန်လိုင်းရှော့ပင် ဝက်ဘ်ဆိုက်ကို ZALO အက်ပလီကေးရှင်း၌ ကြည့်ရှုနိုင်

ZALO မိုဘိုင်းအက်ပလီကေးရှင်း အသုံးပြုနေပုံကို တွေ့ရစဉ်။ အောင်ကျော်ညွန့် / မြန်မာတိုင်း(မ်)ZALO မိုဘိုင်းအက်ပလီကေးရှင်း အသုံးပြုနေပုံကို တွေ့ရစဉ်။ အောင်ကျော်ညွန့် / မြန်မာတိုင်း(မ်)

ပြည်တွင်း၌ အသုံးပြုသူနှစ်သန်းကျော် ပိုင်ဆိုင်ထားသော ဗီယက်နမ်အခြေစိုက် Zalo လူမှု
ဆက်သွယ်ရေး အက်ပလီကေးရှင်းတွငှ့်Shop.com.mm အွန်လိုင်းရှော့ပင်ဝက်ဘ်ဆိုက်ကို
ဇန်နဝါရီလဆန်းမှစ၍ ဝင်ရောက်ကြည့်ရှုနိုင်ပြီဖြစ်သည်။ Zalo အက်ပလီကေးရှင်းကို အသုံးပြုကာ
ဖက်ရှင်အကြောင်းအရာများ၊ ဖျော်ဖြေရေးအစီအစဉ်များနှင့် ကျောင်းစာဆွေးနွေးရန် အသုံးပြု နိုင်မည်
ဖြစ်သည်။

အထက်ပါ အွန်လိုင်းရှော့ပင်ဝက်ဘ်ဆိုက်တွင် လူသုံးကုန်လျှပ်စစ်ပစ္စည်းများ၊ ဖက်ရှင်ပစ္စည်းများ၊
အိမ်သုံးပစ္စည်းများနှင့် အလှအပဆိုင်ရာပစ္စည်းများ အစရှိသည့် ပြည်တွင်း၌ နာမည်ကြီးသော
အမှတ်တံဆိပ်များကို ဝယ်ယူနိုင်မည့်အပြင် ဝယ်ယူမှုစနစ်တွင် အိမ်အရောက်ဝန်ဆောင်မှုစနစ်
ဖြစ်ပြီး အော်ဒါမှာယူထားသောပစ္စည်းများ လက်ခံရရှိမှသာ ငွေပေးချေရမည်ဖြစ်ရာ ဝယ်ယူသူများ
အဆင်ပြေစေရန် ဝယ်ယူပြီးပစ္စည်းများကို စိတ်ကျေနပ်မှုမရှိပါက ခုနှစ်ရက်အတွင်း လဲလှယ်နိုင်ရန်
စီစဉ်ပေးထားသည်။

ထို့ပြင် Zalo အက်ပလီကေးရှင်းဖြင့် အလွယ်တကူ ဆက်သွယ်နိုင်ခြင်း၊ Group chat ဖွဲ့ပြီး ပညာ
ရေး၊ ဖျော်ဖြေရေး၊ သတင်းအချက်အလက်များ ဝေမျှပြောဆိုခြင်း၊ ရယ်မောဖွယ်ရာ စတစ်ကာများ
အပြန်အလှန်ပေးပို့နိုင်မည်ဖြစ်သည်။ ယင်းအက်ပလီကေးရှင်းကွိုGoogle Play Store နှင့်
Apple  Store တွင် ဒေါင်းလုတ်ရယူနိုင်သည့်အပြင် www.zalo.com.mm တွင် APK ဖိုင်ဖြင့်
အခမဲ့ရယူ နိုင်မည်ဖြစ်သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - နည်းပညာသတင်း