သုံးပြည်ထောင် ပရိသတ်တွေအတွက် အကောင်းဆုံးမိုဘိုင်းဂိမ်း Revengers : Super Heroes of Sanguo

သုံးပြည်ထောင် သို့မဟုတ် Romance of Three Kingdoms ဟာ တရုတ်ပြည် ဟန်မင်းဆက်
ပြိုကွဲအပြီးမှာ စစ်ဘုရင်တွေက နိုင်ငံကို တစ်ခါပြန်ပြီးစည်းလုံးနိုင်ဖို့ အပြိုင်အဆိုင်တိုက်ခိုက်ကြတဲ့
ကာလဖြစ်ပြီး အေဒီ ၁၆၉ ခုနှစ်ခန့်က ဖြစ်ပါတယ်။ ဒါကိုအခြေခံပြီး ယခင်ကရုပ်ရှင်ဇာတ်လမ်းတွေ၊
ရုပ်သံစီးရီးတွေအမျိုးမျိုး ပြန်ရိုက်ကူးကြသလို ဂိမ်းစက်တွေ ပေါ်လာတဲ့အခါမှာလည်း Romance of
Three Kingdoms startegy ဂိမ်းစီးရီးနဲ့ Musou Warrior စီးရီးaတွကြောင့် လူကြိုက်များမှု
ပိုလို့သာ တိုးမြင့်လာခဲ့တယ်။

မိုဘိုင်းပလက်ဖောင်းaပ်ါမှာတော့ သုံးပြည်ထောင် (အတိုကောက် RoTK) ဂိမ်းaကာင်းတွေကို
ရှာဖို့မလွယ်ပါဘူး။ များသောအားဖြင့် ကစားသူတွေဆီက ပိုက်ဆံထွက်လာaအာင် Pay to win
ပုံစံတွေသာ များတယ်။ ဒါပေမှဲ့Siam Games ထုတ်လိုက်တွဲ့Revengers - Super Heroes of
Sanguo ကတော့ ရှားရှားပါးပါးဂိမ်းကောင်းတစ်ခုပါ။

ဒီဂိမ်းမှာ ကစားသူဟာ ကျဆုံးစပြုနေတဲ့ ဟန်ဘုရင်မင်းဆက်ကို ကာကွယ်ရင်း စစ်ပွဲaတွထဲ
တဖြည်းဖြည်းပါဝင်လာရတဲ့ ကျေးလက်က လူငယ်သူရဲကောင်း စစ်ဗိုလ်တစ်ဦးအနေနဲ့ ကစားရမှာ
ဖြစ်ပါတယ်။ အလွန်ရှည်လျားတှဲ့Story mode လည်းပါဝင်ပြီး ကစားသူကို တကယ်လို့ ဟန်မင်း
ဆက်မကျဆုံးခဲ့ဘဲ စစ်ဘုရင်တွေအားလုံးကို တော်လှန်နိုင်ခဲ့ရင်ဆိုတဲ့ အမြင်ဘက်ကနေ ဆော့
ကစားခိုင်းမှာပါ။

အစောပိုင်းမှာ ကျူတိုရီယယ်ပါဝင်ပြီး ကစားပုံကို အသေးစိတ်ရှင်းပြထားတယ်။ှStrategy ဂိမ်း
ကောင်းတို့ရဲ့ ထုံးစံအတိုင်း သာမာန်ဂိမ်းတွေထက်တော့ လုပ်ဆောင်ရတာတွေ အများကြီးပို
ပါတယ်။ ကစားသူက နေ့စဉ် ဂိမ်းထဲ login ဝင်ရင်၊ လယ်ဗယ်အသစ်တွေနိုင်ရင် အဲဒီနည်းလမ်း
တွေကရလာတဲ့ ရွှေဒင်္ဂါးပြားတွေအသုံးပြုပြီး သုံးပြည်ထောင်ဇာတ်လမ်းထဲက နာမည်ကြီး စစ်ဘုရင်တွေနဲ့ သေနာပတိတွေကို ခေါ်ယူရမှာပါ။ ခေါ်တဲ့နေရာမှာလည်း လေးကတ်ထဲက
တစ်ကတ်ကို ရွေးချယ်ရတဲ့ပုံနဲ့မို့ လိုချင်တဲ့စစ်ဘုရင်ကို ချက်ချင်းတန်းရဖို့ ခက်ပါတယ်။

ကစားပုံက တစ်ယောက်ကို စစ်သူကြီးငါးဦးအထိ ခန့်ထားရမှာပါ။ စစ်သူကြီးတစ်ဦးစီမှာ
တိုက်ခိုက်စွမ်းအား၊ ဥာဏစွမ်းအားနဲ့ စစ်တပ်အင်အားဆိုပြီး သုံးမျိုးရှိပါတယ်။ အသုံးပြုတဲ့လက်နက်၊
လက်ထောက်စစ်ဗိုလ်ချုပ်တွေဆီကလည်း သူ့ရဲ့စွမ်းအားကို တိုးမြှင့်ပေးမှာပါ။ ကြယ်တစ်ပွင့်က
လေးပွင့်အထိ အဆင့်ခွဲထားတဲ့ စစ်သူကြီးတွေကို ရွှေဒင်္ဂါးနဲ့ ငွေဒင်္ဂါး Draw တွေက ရရှိမှာဖြစ်ပြီး
ကြယ်ငါးပွင့်အဆင့်ကိုရောက်ဖို့ ငွေနဲ့ဝယ်လို့မရဘဲ သတ်မှတ်ထားတဲ့ challenge တွေ ဆော့ကို
ဆော့ပေးရအောင် ပြုလုပ်ထားပါတယ်။

ဂိမ်းဟာ 3D အမျိုးအစားဖြစ်ပေမဲ့ ကစားသူရဲ့  avatar ဟာ MMORPG ကမ္ဘာထဲမှာ သွားလာပြုမူ
ရမှာဖြစ်ပြီး စစ်သူကြီးတွေကိုစီမံခန့်ခွဲဖို့ကိုတော့ Card Game အဖြစ် ဖန်တီးထားပါတယ်။
တိုက်ခိုက်တဲ့အချိန်မှာတော့ ကိုယ့်ရဲ့တပ်ငါးတပ်ကို ကြိုတင်ဗျူဟာခင်းကျင်းထားဖို့လိုအပ်ပြီး
Heroes of Might & Magic နာမည်ကျော်စီးရီးလိုပဲ နေရာချပေးရမှာပါ။

လှံတပ်၊ မြင်းတပ်နဲ့မြားတပ်ဆိုပြီး သုံးမျိုးရှိပြီးတော့ အပြန်အလှန် အားနည်းအားသာချက်တွေ
ရှိပါတယ်။ တိုက်ခိုက်နေတဲ့အချိန်မှာလည်း စစ်သူကြီးတွေရဲ့ မတူညီတဲ့ ability တွေကို စနစ်တကျ
အသုံးပြုနိုင်မှ ပြိုင်ဘက်တွေကို အနိုင်ရမှာဖြစ်လို့ RTS (Real-Time Strategy) အနည်းငယ်
ဆန်ပါတယ်။

ဒီဂိမ်းမှာ သုံးပြည်ထောင်ခေတ်က စစ်သူကြီးတွေကို စုံစုံလင်လင်ထည့်သွင်းထားပြီး ဆွဲဆောင်မှု
ရှိသလောက် ရှည်လျားလှတှဲ့Story mode၊ မိုဘိုင်းဂိမ်းအများစုနဲ့ ကွဲပြားတဲ့ ဆာဗာတွေအားလုံး
စစ်ပွဲကြီးတစ်ခုထဲမှာ တပျော်တပါးကြီး တိုက်ခိုက်ကြရတဲ့ Nation War၊ နေ့စဉ် အပတ်စဉ် လစဉ်
log in  ဝင်ရုံနဲ့ ရရှိတဲ့ဘောနပ်စ်တွေအပြင် ကစားရတာ Balance ဖြစ်အောင် ပြုလုပ်ထားတဲ့
ကစားပုံတွေကြောင့် အကောင်းဆုံွးRoTK မိုဘိုင်းဂိမ်း တစ်ခုလို့ပြောရင် မလွန်ပါဘူး။

မိမိအသုံးပြုတဲ့ စစ်သူကြီးတွေအပေါ် မူတည်ပြီး စစ်တုရင်ထိုးသလို တစ်ဖက်ပြိုင်ဘက်ကို
နည်းလမ်းပေါင်းစုံနဲ့ ယှဉ်ပြိုင်ရတာတွေ၊ မိမိဆာဗာသာမကဘဲ တခြားဆာဗာက အတော်ဆုံး
ကစားသမားတွေနဲ့ ယှဉ်ပြိုင်နိုင်တာတွေကလည်း ကစားသူတွေကို လပေါင်းများစွာ စွဲလမ်း
စေမှာပါ။ 

Revengers ဂိမ်းကို Android, iOS ပလက်ဖောင်းတွေမှာ ရရှိနိုင်ပြီး ကစားဖို့ အင်တာနက်
ကွန်နက်ရှင်လိုပါတယ်။ မိုဘိုင်းပလက်ဖောင်းပေါ်မှာ လူကြိုက်များတဲ့ဂိမ်းဖြစ်ပြီး သုံးပြည်ထောင်
အခြေခံဂိမ်းတွေကြိုက်တဲ့ ပရိသတ်အတွက် အသင့်တော်ဆုံးဂိမ်းတစ်ခုဖြစ်ပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - နည်းပညာသတင်း