မိုဘိုင်းပေါ်ရောက် တတိယမြောက် ပိုကီမွန်ဂိမ်း Pokemon Duel

မနှစ်က Pokemon GO အကြီးအကျယ်ပေါက်သွားပြီးနောက်မှာ နင်တန်းဒိုးဂိမ်းကုမ္ပဏီရဲ့ မိုဘိုင်း
ဈေးကွက်ထဲကို ဝင်ရောက်မှုက ပိုပြီးစိပ်လာပါတယ်။

၂ဝ၁၆ နှစ်မကုန်ခင် iOS ပေါ်မှာ သူတို့ရဲ့ နာမည်ကြီးဂိမ်း ဇာတ်ကောင်မာရီယိုကို Mario Run
အဖြစ်အသက်သွင်းပေးခဲ့ပြီး အန်းဒရွိုက်ပလက်ဖောင်းပေါ်ကိုလည်း လာမယ့်မတ်လမှာ ရောင်းချ
သွားဦးမှာပါ။

၂ဝ၁၇ ခုနှစ်ရဲ့ ဇန်နဝါရီလကုန်ပိုင်းမှာတော့ Pokemon Duel ဆိုတဲ့ဂိမ်းတစ်ခုကို ထပ်ပြီးထုတ်လုပ်
လာပြန်ပါတယ်။ ဒီဂိမ်းကို Pokemon GO ထုတ်လုပ်ခဲ့တဲ့ Niantic စတူဒီယိုကနေဖန်တီးထားတာ
မဟုတ်ပါဘူး။ နင်တန်းဒိုးနဲ့ ဂျပန်အခြေစိုက်ကုမ္ပဏီတစ်ခုလည်းဖြစ်တဲ့ Heroz တို့ ပူးတွဲဖန်တီးထား
တာဖြစ်ပါတယ်။

ကစားသူက ပိုကီမွန် figure တွေကို စစ်တုရင်ထိုးသလိုမျိုး virtual board ပေါ်မှာနေရာချပြီးတော့
တစ်ဖက်လူရဲ့ ဂိုးပေါက်နေရာကို ရောက်အောင်သွားရမှာပါ။ turn-based strategy ပုံစံပဲဖြစ်ပြီး
တော့ ဘုတ်ရဲ့ တစ်ဖက်ကို ရောက်အောင်တိုက်ခိုက်ပြီး သွားရမှာဖြစ်ပါတယ်။

အဓိက feature ကတော့ အွန်လိုင်းမာလ်တီပလေယာဆော့ကစားနိုင်ဖို့နဲ့ တစ်ချိန်က နာမည်ကြီး
ခဲ့တဲ့ ပိုကီမွန်ကတ်ဂိမ်းကို ဒစ်ဂျစ်တယ်ပုံစံအသက်သွင်းဖို့ပါ။ ဒါပေမဲ့ ဒီဂိမ်းဟာ မူလပိုကီမွန်ကတ်
ဂိမ်းရူးသွပ်သူတွေကိုတော့ ဆွဲဆောင်နိုင်မယ်မထင်ပါဘူး။ Clash Royale ပုံစံ ဆုပေးစနစ်အသုံးပြု
ထားတဲ့အတွက် နိုင်ပွဲရရင် pokemon chest တစ်ခုရရှိမှာဖြစ်ပြီး တစ်ခုပွင့်ဖို့ နာရီနဲ့ချီပြီးစောင့်ဆိုင်း
ရမှာပါ။ ဒီစနစ်ကို နောက်ပိုင်းဂိမ်းတွေမှာ တော်တော်များများ အသုံးပြုလာပြီး  Star Wars: The
Force Arena ဂိမ်းမှာလည်း တွေ့ရပါတယ်။

ကစားသူက ပိုကီမွန်လေ့ကျင့်သူတစ်ဦးဖြစ်ပြီး သီးသန့်ကျွန်းငယ်လေးတစ်ခုပေါ်က ပိုကီမွန်တိုက်ပွဲ
တွေအတွက် သီးသန့်ဖန်တီးပေးထားတဲ့ မိုးမျှော်တိုက်ကြီးမှာ အမှတ်ပေးလိဂ်ပြိုင်ပွဲတွေအဆင့်ဆင့်
ကစားပြီး အပေါ်ဆုံးရောက်အောင် တက်ရမှာဖြစ်တယ်။ ထုံးစံအတိုင်း ရှားပါးပိုကီမွန်တွေကို ပြင်ပ
ငွေကြေးနဲ့ ဝယ်ယူကံစမ်းနိုင်တဲ့ in-game app purchase စနစ်လည်း ပါဝင်တယ်။

Pokemon Duel ဟာ တစ်ချိန်က အောင်မြင်ခဲ့တဲ့ ပိုကီမွန်ကတ်ဂိမ်းဆန်ဆန် ဘုတ်ဂိမ်းကစားပုံနဲ့
လိုချင်စရာ ပိုကီမွန် figure လေးတွေကို စုစည်းထားပေမဲ့ ကစားပုံ gameplay က သိပ်ပြီးဆွဲ
ဆောင်မှုမရှိပါဘူး။ ပိုကီမွန်တွေ မျက်နှာချင်းဆိုင်မိလို့ တိုက်ခိုက်ရတဲ့အခါမှာလည်း ကံစမ်း draw
ပုံစံနဲ့ ယခင်က ဒင်္ဂါးပြားလှန်ပြီး အဆုံးအဖြတ်ပေးတဲ့ပုံကိုအတုခိုးထားတယ်။ ဒါပေမဲ့ မူလကတ်ဂိမ်း
မဆော့ဖူးတဲ့သူတွေကိုသာ အသစ်အဆန်းတစ်ခုလို ဆွဲဆောင်နိုင်မှာဖြစ်ပြီး ပိုကီမွန်ကတ်ဂိမ်းနဲ့
ပိုကီမွန်မူရင်း စီးရီးပရိသတ်ကိုတော့ ဆွဲဆောင်နိုင်ဖို့ သံသယရှိပါတယ်။

ဒေတာပမာဏက 400MB ဝန်းကျင်ဆွဲရမယ့်အပြင် ဆော့ကစားဖို့ အင်တာနက်လည်း လိုအပ်ပါ
တယ်။ ဒီတော့ Pokemon တရားဝင်ဝက်ဘ်ဆိုက်က TCG ကတ်ဂိမ်းကမှ မူရင်းကတ်ဂိမ်းအရသာ
ကို တကယ်ရရှိစေမယ့်အပြင် ပရိသတ်တွေကိုလည်း ကျေနပ်စေမယ်လို့ မြင်မိပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar@mmtimes.com သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - နည်းပညာသတင်း