အထူးအစီအစဉ်များဖြင့် Lenovo ထုတ်ကုန်များနှင့် Moto Z စမတ်ဖုန်းများ ရောင်းချ

၂ဝ၁၆ ဒီဇင်ဘာတွင် မိတ်ဆက်ခဲ့သော ကျောဘက်တွင် ကင်မရာတပ်ဆင်ထားသည့် Moto Z စမတ်ဖုန်းကို တွေ့ရစဉ်။ အောင်ကျော်ညွန့် / မြန်မာတိုင်း(မ်)၂ဝ၁၆ ဒီဇင်ဘာတွင် မိတ်ဆက်ခဲ့သော ကျောဘက်တွင် ကင်မရာတပ်ဆင်ထားသည့် Moto Z စမတ်ဖုန်းကို တွေ့ရစဉ်။ အောင်ကျော်ညွန့် / မြန်မာတိုင်း(မ်)

ထိုင်ဝမ်အခြေစိုက် လီနိုဗို (Lenovo) ကုမ္ပဏီမှထုတ်လုပ်သော Lenovo Notebook နှင့် Desktop
များအပြင် အမေရိကန်အမှတ်တံဆိပ်ဖြစ်သည့် Motorola ၏ Moto Z စမတ်ဖုန်းများကို ချစ်သူများ
နေ့အထူးအစီအစဉ်ဖြင့် ဈေးကွက်တွင်ရောင်းချလျက်ရှိသည်။

အဆိုပါလီနိုဗို Notebook များဖြစ်သည့် Ideapad 300 i7 Notebook ကို ဒေါ်လာ ၇ဝ Cashback၊
Ideapad 110 i7 Notebook ကို ဒေါ်လာ ၆ဝ၊ Ideapad 310 i5 Notebook ကို ဒေါ်လာ ၅ဝ၊
Ideapad 100 and 110 i5 Notebook ကို ဒေါ်လာ ၂ဝ၊ Ideapad 310 i3  and B 40-80 i3
Notebook ကို ၁၅ ဒေါ်လာ၊ Ideapad 110 Celeron Notebook ကို ဒေါ်လာ ၁ဝ  Cashback
အသီးသီးဖြင့် ဖေဖော်ဝါရီ ၁၆ ရက်အထိ ရောင်းချပေးမည်ဖြစ်သည်။

ထို့ပြင် Lenovo Core i5 Desktop ကို ၄၅ ဒေါ်လာ Cashback ဖြင့်လည်းကောင်း၊ Core i3
Desktop ကို ဒေါ်လာ ၄ဝ Cashback ဖြင့်လည်းကောင်း ရောင်းချပေးလျက်ရှိသည်။

ဒီဇင်ဘာ ၄ ရက်၌ ဈေးကွက်တွင် မိတ်ဆက်ပေးခဲ့သည့် ကျောဘက်တွင် အထောက်အပံ့ပစ္စည်း
များကို သံလိုက်စနစ်ဖြင့် ပြောင်းလဲတပ်ဆင်အသုံးပြုနိုင်သော Magnetic Device နည်းပညာ
ပါဝင်သည့် Moto Z စမတ်ဖုန်းကိုလည်း ဖေဖော်ဝါရီ ၁၇ ရက်အထိ အထူးအစီအစဉ်ဖြင့် ရောင်းချ
ပေးလျက်ရှိသည်။

ယင်း Moto Z စမတ်ဖုန်း နှစ်လုံးဝယ်ယူမည်ဆိုပါက ကျပ်သိန်း ၁၃၉,ဝဝဝ တန်ဖိုးရှိ Lenovo
Phab 1 တက်ဘလက်နှင့်အတူ နှစ်သောင်းတန်ဖိုးရှိ လီနိုဗို Power bank နှစ်ခုကို လက်ဆောင်
ရရှိမည်ဖြစ်သည်။

ထိုနည်းတူ Moto Z စမတ်ဖုန်းတစ်လုံးဝယ်ယူမည်ဆိုလျှင် နှစ်သောင်းတန် Power bank နှစ်ခုရရှိ
မည်ဖြစ်ပြီး Moto Z စမတ်ဖုန်းကို ဈေးကွက်တွင် ၈၉ဝ,ဝဝဝ ကျပ်ဖြင့် ရောင်းချပေးလျက်ရှိသည်။

အဆိုပါ အထူးအစီအစဉ်ဖြင့်ရောင်းချသော Lenovo ထုတ်ကုန်များနှင့် Moto Z စမတ်ဖုန်းများကို
KMD IT and Mobile Sales Centre တွင် ဝယ်ယူနိုင်မည်ဖြစ်သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - နည်းပညာသတင်း