မြင်ကွင်းနှစ်ဆရိုက်ကူးနိုင်သော Group Selfie ကင်မရာပါဝင်သည့် oppo F3 စမတ်ဖုန်း

oppo F3 စမတ်ဖုန်းကို ပြသနေသော မော်ဒယ်နှစ်ဦးကို တွေ့ရစဉ်။ နိုင်ဝင်းထွန်း / မြန်မာတိုင်း(မ်)oppo F3 စမတ်ဖုန်းကို ပြသနေသော မော်ဒယ်နှစ်ဦးကို တွေ့ရစဉ်။ နိုင်ဝင်းထွန်း / မြန်မာတိုင်း(မ်)

တရုတ်နိုင်ငံအခြေစိုက် စမတ်ဖုန်းထုတ်လုပ်ရေးကုမ္ပဏီတစ်ခုဖြစ်သည့် အော်ပို (oppo) 
သည် မြင်ကွင်းကျယ်အတွင်း အဖွဲ့လိုက်ဆဲလ်ဖီရိုက်ကူးနိုင်သည့် (Double View Group 
Selfie) ကင်မရာ ပါဝင်လာသော oppo F3 စမတ်ဖုန်းကို ပြည်တွင်းဈေးကွက်အတွက် 
မေ ၄ ရက်က မိတ်ဆက်ခဲ့သည်။

အဆိုပါဖုန်းတွင် ရှေ့ကင်မရာ ၁၆ မဂ္ဂါပစ်ဇယ်နှင့် ရှစ်မဂ္ဂါပစ်ဇယ် ကင်မရာနှစ်ခုပါဝင်သည့်
အတွက် ဆဲလ်ဖီရိုက်ရာတွင် အဖွဲ့လိုက်မြင်ကွင်းကျယ်အတွင်း ဆဲလ်ဖီဓာတ်ပုံများ ရိုက်နိုင်
သည့်အပြင် နောက်ကင်မရာ ၁၃မဂ္ဂါပစ်ဇယ်ကိုလည်း အသုံးပြုထားသည်။

စမတ်ဖုန်းမျက်နှာပြင် အရွယ်အစား ၅ ဒသမ ၅ လက်မရှိပြီး RAM 4GB နှင့် Internal
memory 64 GB ပါဝင်ကာ မန်မိုရီ 128 GB အထိ ထပ်တိုးအသုံးပြုနိုင်ပြီး အန်းဒရွိုက်
6.0 (Marshmallow) ဖြစ်သည်။

ထို့ပြင် 4G ဂျီအက်စ်အမ်ဆင်းကတ် နှစ်ကတ်တစ်ပြိုင်တည်း အသုံးပြုနိုင်သည့်အပြင်
microSD ကတ်အသုံးပြုနိုင်သည့် Slot တစ်ခုပါဝင်သည်။ ယင်းဖုန်းကို မေ ၉ ရက်မှ
စ၍ ပြည်တွင်းဈေးကွက်တွင် ကြိုတင်မှာယူစနစ်ဖြင့် ဝယ်ယူနိုင်ပြီး ရွှေရောင်တစ်မျိုး
သာဝင်ရောက်မည်ဖြစ်ရာ ကျပ် ၄၁၉,ဝဝဝ ဖြင့် ရောင်းချမည်ဖြစ်သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - နည်းပညာသတင်း