ဆမ်ဆောင်း Galaxy J5 Pro နှင့် J7 Pro စမတ်ဖုန်းသစ် ဈေးကွက်ထဲရောက်ရှိ

Samsung Galaxy J Pro (2017) မိတ်ဆက်ပွဲသို့ တက်ရောက်လာသူများကို တွေ့ရစဉ်။ ဓာတ်ပုံ – ပေးပို့Samsung Galaxy J Pro (2017) မိတ်ဆက်ပွဲသို့ တက်ရောက်လာသူများကို တွေ့ရစဉ်။ ဓာတ်ပုံ – ပေးပို့

တောင်ကိုရီယားအခြေစိုက် ဆမ်ဆောင်းကုမ္ပဏီက အသစ်ထပ်မံထုတ်လုပ်လိုက်သည့်
Galaxy J5 Pro (2017) နှင့် J7 Pro (2017) စမတ်ဖုန်းကို ဇွန် ၁၆ ရက်က ရန်ကုန်မြို့ရှိ 
ဂျန်းရှင်းစီးတီးတွင် မိတ်ဆက်ခဲ့သည်။

အဆိုပါ Galaxy J7 Pro (2017) မျက်နှာပြင်သည် ၅ ဒသမ ၅ လက်မအရွယ်အစားရှိပြီး
J5 Pro (2017) မှာမူ ၅ ဒသမ ၂ လက်မအရွယ်အစားရှိကာ ထိုစမတ်ဖုန်းများတွင် 1.6GHz
octa-core processor ပါဝင်ပြီး ၁၃ မဂ္ဂါပစ်ဇယ် အရည်အသွေးရှိ ရှေ့နောက်ကင်မရာကို
သုံးထားသည်။

ထို့ပြင် 3GB RAM နှင့်အတူ Memory 32GB ပါဝင်ကာ Android 7.0 Nougat ဖြစ်သည်။

အဆိုပါ Galaxy J Pro series တွင် ထူးခြားသည့် Dual Messenger Solutions လုပ်ဆောင်
ချက်အသစ်ကို ထည့်သွင်းထားသည့်အတွက် သုံးစွဲသူများသည် Social Media အကောင့်
နှင့် Chatting Application တို့ကို အကောင့်နှစ်ခုခွဲကာ ဖုန်းတစ်လုံးတည်းတွင်
ရှုပ်ထွေးခြင်းမရှိအောင် တစ်ပြိုင်နက်တည်း အသုံးပြုနိုင်မည်ဖြစ်သည်။

အဆိုပါ Galaxy J Pro (2017) စမတ်ဖုန်းများကို အနက်ရောင်၊ ရွှေရောင်၊ ပန်းရောင်နှင့်
ငွေပြာရောင်တို့ဖြင့် ထုတ်လုပ်ထားပြီး ဈေးကွက်တွင် Galaxy J7 Pro (2017) ကို ကျပ်
၄၂၅,ဝဝဝ ဖြင့်လည်းကောင်း J5 Pro ကို ကျပ် ၃၅၉,ဝဝဝ ဖြင့်လည်းကောင်း ဝယ်ယူနိုင်
မည်ဖြစ်သည်။ 

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - နည်းပညာသတင်း