ဟွာဝေးက 5G အခြေခံကားကို မောင်းနှင်မှုသရုပ်ပြ

Mobile World Congress Shanghai 2017 တွင် ဟွာဝေး 5G အခြေခံကားကို မောင်းနှင်ပြနေပုံ။ ဓာတ်ပုံ – ပေးပို့Mobile World Congress Shanghai 2017 တွင် ဟွာဝေး 5G အခြေခံကားကို မောင်းနှင်ပြနေပုံ။ ဓာတ်ပုံ – ပေးပို့

တရုတ်နိုင်ငံအခြေစိုက် နည်းပညာကုမ္ပဏီဖြစ်သည့် ဟွာဝေး (Huawei) သည် 
China Mobile ၊ SAIC Motor တို့နှင့်ပူးပေါင်းကာ ကမ္ဘာ့ပထမဦးဆုံး 5G အခြေခံဖြင့်
ကားကို အဝေးက မောင်းနှင်ပြသခြင်းကို ဇွန် ၂၈ ရက်က ရှန်ဟိုင်းတွင် ပြုလုပ်ခဲ့သည့် 
Mobile World Congress Shanghai 2017 တွင် သရုပ်ပြခဲ့ကြောင်း ဇူလိုင် ၆ ရက်တွင် 
သတင်းထုတ်ပြန်ထားသည်။

ယင်းပြသမှုတွင် ဟွာဝေးသည် SAIC Motor ၏ connected smart concept ကားကို
5G Wireless solution ဖြစ်သည့် iGS ကို ပံ့ပိုးပေးခဲ့ပြီး China Mobile က ချိတ်ဆက်
aဆာင်ရွက်မှုကို ပံ့ပိုးခဲ့ကြောင်း ဟွာဝေးက ဆိုသည်။

မောင်းနှင်ရာတွင် ယာဉ်မောင်းကို မော်တော်ယာဉ်နှင့် ၃ဝ ကီလိုမီတာကျော် အကွာအဝေး
တွင်ရှိစေကာ ယာဉ်၌တပ်ဆင်ထားသော High-definition ဗီဒီယိုကင်မရာများက
Bandwidth 5G ကွန်ရက်ဖြင့် ယာဉ်ပတ်ပတ်လည် ၂၄ဝ ဒီဂရီမြင်ကွင်းကို
real-time HD video ဖြင့် ယာဉ်မောင်းသူထံ အဆက်မပျက် ပို့ပေးသည်။

ထို့ပြင် လူတစ်ဦး ဦးခေါင်းလှည့်စရာမလိုဘဲ ၁၈ဝ-၁၉ဝဒီဂရီဝန်းကျင်ခန့် မြင်ရသည့်
Binocular visual field ပါရှိပြီး မတူညီသော လမ်းဘေးအနေအထားကို ချက်ချင်းတုံ့ပြန်
နိုင်အောင် အထောက်အကူပေးနိုင်သည့် ultra-low latency ပံ့ပိုးထားသော 5G 
ကွန်ရက်က ထိန်းချုပ်မှုအမှတ်အသားများဖြစ်သည့် စတီယာရင်၊ လီဗာနှင့် ဘရိတ်တို့ကို
ပို့လွှတ်ပေးသည့်အတွက် ယာဉ်မောင်များသည် ဝေးကွာသောနေရာ၌နေကာ ယာဉ်ကို
ထိန်းချုပ်ထားနိုင်ခြင်းကိုလည်း ပြသခဲ့သည်။

အထူးသဖြင့် ယင်းနည်းပညာကို သတ္တုတူးဖော်ရေး၊ အမှိုက်စွန့်ပစ်ခြင်းကဲ့သို့ ကြမ်းတမ်း
သည့်လုပ်ငန်းများအပြင်၊ ဘေးအန္တရာယ်များပြားသည့် လုပ်ငန်းခွင်များတွင် အဝေးထိန်းချုပ်
စနစ်ဖြင့် မောင်းနှင်ရသော လမ်းကြိတ်စက်ကြီးများဖြင့် မြေထုကို သိပ်သည်းကျစ်လျစ်
အောင် ဆောင်ရွက်ခြင်း အစရှိသည့်လုပ်ငန်းများတွင် အသုံးဝင်သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - နည်းပညာသတင်း