Galaxy Star 2017 ပြိုင်ပွဲဝင်များကို စာတိုမဲပေးခြင်းမှရရှိသော အကျိုးအမြတ်များ လူမှုအကျိုးပြုလုပ်ငန်းအတွက် သုံးမည်

Galaxy Star 2017 ပြိုင်ပွဲဝင်များကို တွေ့ရစဉ်။ ဓာတ်ပုံ – ပေးပို့Galaxy Star 2017 ပြိုင်ပွဲဝင်များကို တွေ့ရစဉ်။ ဓာတ်ပုံ – ပေးပို့

အူရီဒူးမြန်မာသည် Galaxy Star 2017 ပြိုင်ပွဲဝင်များကို စာတိုပေးပို့ မဲပေးခြင်းမှရရှိလာ
သော အကျိုးအမြတ်များကို လူမှုအကျိုးပြုလုပ်ငန်းအတွက် အသုံးပြုသွားမည်ဖြစ်ကြောင်း 
အူရီဒူးမြန်မာက သြဂုတ် ၇ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

''အူရီဒူးသုံးစွဲသူတွေက ကိုယ်အားပေးတဲ့ ပြိုင်ပွဲဝင်ကို အနိုင်ရဖို့အတွက် မက်ဆေ့ခ်ျကနေ
မဲပေးရမယ့်အချိန်ဖြစ်ပါတယ်။ ဒီလို မဲပေးခြင်းကရလာတဲ့ အကျိုးအမြတ်တွေကို လူမှုဖွံ့ဖြိုး
ရေးလုပ်ငန်းအတွက် လှူဒါန်းပေးသွားမှာ ဖြစ်ပါတယ်''ဟု အူရီဒူးမြန်မာ၏
Chief Marketing Officer ? Ms. Charity Safford က ပြောသည်။

အူရီဒူးသုံးစွဲသူများသည် ပြိုင်ပွဲဝင်တစ်ဦးချင်းစီ၏ ကိုယ်စားပြုနံပါတ်များကိုရိုက်ပြီး စာတို
နံပါတ် ၉၉ဝဝ သို့ အပတ်စဉ် ည ၉ နာရီ ၁၅ မိနစ်နှင့် ၁ဝ နာရီ ၄၅ မိနစ်ကြားတွင် စာတို
တစ်စောင်ကို ၁၅ ကျပ်နှုန်းဖြင့် အကန့်အသတ်မရှိ မဲပေးနိုင်မည်ဖြစ်သည်။

စာတိုပေးပို့ မဲပေးခြင်းမှ ရရှိလာသော အကျိုးအမြတ်များကို ပြိုင်ပွဲနောက်ဆုံးအဆင့် ပြီးဆုံး
ပြီးနောက် အများပြည်သူသိရှိစေရန် တရားဝင်ကြေညာပေးသွားမည်ဖြစ်ပြီး Galaxy Star 
ဆုရှင်၏ မွေးရပ်ဒေသတွင် လူမှုဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်ရန် အသုံးပြုမည်
ဖြစ်သည်။

အဆိုပါ Galaxy Star 2017 ပြိုင်ပွဲဝင် ရွေးချယ်မှုကို မြန်မာနိုင်ငံတစ်ဝန်းရှိ မြို့ကြီး ၁၅ မြို့
တွင် ကျင်းပခဲ့ခြင်းဖြစ်သည်။

ပြိုင်ပွဲဝင်အားလုံးသည် Local Premier Challenge မှတစ်ဆင့် အသံပိုင်းဆိုင်ရာ
ကျွမ်းကျင်မှုစစ်ဆေးချက်များကို အောင်မြင်ပြီးနောက် Galaxy Camp နှင့် ကိုရီးယားတွင်
လေ့ကျင့်သင်ကြားခြင်း အဆင့်များကို ဆက်လက်ဆောင်ရွက်ခဲ့ရခြင်းဖြစ်သည်။

နောက်ဆုံးအဆင့် ရွေးချယ်ခံထားရသူ ပြိုင်ပွဲဝင် ၁ဝ ဦးမှာ Galaxy Camp အဆင့်ကို
ယှဉ်ပြိုင်ရမည်ဖြစ်သည်။ အဆိုပါအစီအစဉ်ကို MRTV 4 ရုပ်သံလိုင်းတွင် သောကြာနေ့
ည ၉ နာရီ ၁၅ မိနစ်တွင် တိုက်ရိုက်ထုတ်လွှင့်ပြသမည်ဖြစ်သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - နည်းပညာသတင်း