မြဝတီမြို့သို့ တယ်လီနော 4G ကွန်ရက်တိုးချဲ့

မြဝတီတွင်ကျင်းပသော တယ်လီနော 4G ဝန်ဆောင်မှုမိတ်ဆက်ပွဲကို တွေ့ရစဉ်။ ဓာတ်ပုံ – ပေးပို့မြဝတီတွင်ကျင်းပသော တယ်လီနော 4G ဝန်ဆောင်မှုမိတ်ဆက်ပွဲကို တွေ့ရစဉ်။ ဓာတ်ပုံ – ပေးပို့

ထိုင်း–မြန်မာနယ်စပ်ရှိ မြဝတီမြို့တွင် တယ်လီနောမြန်မာက 4G ကွန်ရက်ကို ယခုလ ၃ 
ရက်၌ စတင်ဝန်ဆောင်မှုပေးနေပြီဖြစ်ကြောင်း တယ်လီနောမြန်မာထံမှ သိရသည်။

''4G LTE ဝန်ဆောင်မှုတွေကြောင့် စီးပွားရေးလုပ်ငန်းတွေပိုမိုအဆင်ပြေလွယ်ကူလာနိုင်ပြီး
ပိုမိုကောင်းမွန်တဲ့အတွေ့အကြုံသစ်တွေကို ရလာနိုင်မှာဖြစ်ပါတယ်''ဟု တယ်လီနော
မြန်မာဈေးကွက်ဖော်ဆောင်ရေးအရာရှိချုပ် Joslin Myrthong က ပြောသည်။

မြဝတီမြို့အပါအဝင် ကရင်ပြည်နယ်ရှိ မြို့နယ်ခုနစ်ခုလုံးတွင် တာဝါတိုင်အရေအတွက်
၂၄ဝ နီးပါးဖြင့် ဝန်ဆောင်မှုပေးလျက်ရှိပြီး ၄င်းတို့အနက် ဘားအံနှင့် မြဝတီမြို့တွင် 4G
ဝန်ဆောင်မှုကို ၁,၈ဝဝ မဂ္ဂါဟတ်နှင့် ၂,၁ဝဝ မဂ္ဂါဟတ်လှိုင်းနှုန်းစဉ်များကို အသုံးပြုကာ
ပေးအပ်လျက်ရှိသည်။

တယ်လီနောမြန်မာသည် ပြီးခဲ့သည့် ၁၂ လအတွင်းကယားနှင့် ချင်းပြည်နယ်မှလွဲ၍
နေပြည်တော်အပါအဝင် အခြားပြည်နယ်နှင့် တိုင်းဒေသကြီးအားလုံးရှိ မြို့ကြီး ၂၆ မြို့ကို
4G ကွန်ရက် ဝန်ဆောင်မှုပေးနေပြီဖြစ်သည်။

တယ်လီနောမြန်မာသည် လက်ရှိတွင် သုံးစွဲသူ ၁၉ သန်းခန့်ကို ပိုင်ဆိုင်ထားပြီး အဆိုပါ
သုံးစွဲသူအရေအတွက်မှ ၆၅ ရာခိုင်နှုန်းသည် ဒေတာအသုံးပြုသူများဖြစ်ကြောင်း တယ်လီ
နောမြန်မာ ပြန်ကြားရေးတာဝန်ခံ ဦးအဲလက်စ်ညီညီအောင်က ပြောသည်။

ယခုနှစ်အတွင်း အခြားသော မြို့ကြီးများသို့လည်း ဆက်လက်တိုးချဲ့သွားမည်ဖြစ်ကြောင်း
တယ်လီနောမြန်မာက ဆိုသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - နည်းပညာသတင်း