၂၀၁၂ ခုနှစ် နိုင်ငံတကာ မိုဘိုင်းဖုန်းဈေးကွက်မှာ ဈေးကွက် ရှယ်ယာအများဆုံးရပြီး ထိပ်တန်းရောက်လာတဲ့ ဆမ်ဆောင်း

 

ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ အရောင်းဆိုင်တစ်ဆိုင်၌ ဆမ်ဆောင်းဖုန်းများကို ကြေညာထားစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ အရောင်းဆိုင်တစ်ဆိုင်၌ ဆမ်ဆောင်းဖုန်းများကို ကြေညာထားစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီ

ဆမ်ဆောင်းဟာ ၂၀၁၂ ခုနှစ်ရဲ့ ဈေးကွက် ထိပ်တန်းနေရာရ မိုဘိုင်းဖုန်း အမျိုးအစားတစ်ခုအဖြစ်
နိုကီယာ ကို ကျော်တက်သွားသလို စမတ်ဖုန်း ဈေးကွက်အတွင်းမှာလည်း အက်ပဲလ် ထက်ကျော်
လွန်ပြီး ဈေးကွက် ရှယ်ယာအများဆုံးရနေတဲ့ ကုမ္ပဏီတစ်ခုအဖြစ် ဆက်လက်ရပ်တည်နေတယ်လို့
သုတေသနကုမ္ပဏီတစ်ခုက ဒီဇင်ဘာ လ ၁၈ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

ဒီအခြေအနေဟာ ဖင်လန်နိုင်ငံ အခြေစိုက် နိုကီယာ ကုမ္ပဏီကြီး ၁၄ နှစ် အတွင်း ပထမဦးဆုံး
အကြိမ်အဖြစ် ကမ္ဘာ့မိုဘိုင်းဖုန်းဈေးကွက်ရဲ့ ထိပ်တန်းနေရာ ကနေ ဖယ်ပေးလိုက်ရခြင်းပဲဖြစ်ပါတယ်
လို့ IHS iSuppli ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဆမ်ဆောင်းရဲ့ ဈေးကွက်ဝေစုဟာ ၂၀၁၁ ခုနှစ်မှာ ကမ္ဘာတစ်လွှား ဆဲလ်ဖုန်း တင်ပို့ရောင်းချမှုရဲ့ ၂၄
ရာခိုင်နှုန်း ရှိခဲ့ပြီး ဒီနှစ်မှာတော့ ၂၉ ရာခိုင်နှုန်း အထိ တက်လာနိုင်ကြောင်းနဲ့ နိုကီယာ ရဲ့ ဈေးကွက်
ရှယ်ယာတွေ ၃၀ ရာခိုင် နှုန်းကနေ ၂၄ ရာခိုင်နှုန်းကို ကျဆင်းသွားနိုင်တယ်လို့ IHS က ခန့်မှန်း
ထားပါတယ်။

နှစ်အလိုက်စာရင်းမှာ တောင်ကိုရီးယား အီလက်ထရွန်းနစ်ကုမ္ပဏီကြီး ကမ္ဘာ့ဈေးကွက်ထဲ ထိပ်ဆုံး
က ရပ်တည် နိုင်ခြင်းဟာ ပထမဦးဆုံးအကြိမ်ပဲ ဖြစ် တယ်လို့ IHS ရဲ့ သတင်းထုတ်ပြန်ချက် မှာ
ရေးထားပါတယ်။

ဒါ့ပြင် ဆမ်ဆောင်းဟာ ကမ္ဘာ့စမတ်ဖုန်းဈေးကွက်မှာလည်း အက်ပဲလ် ထက်သာလွန်ပြီး ဈေးကွက်
ဝေစုတွေ အများဆုံးရရှိထားတဲ့ ကုမ္ပဏီအဖြစ် ဆက်လက်ရပ်တည်နေကြောင်း၊ ဆမ်ဆောင်းရဲ့ ဈေး
ကွက်ဝေစုဟာ ၂၀၁၁ ခုနှစ်မှာ ၂၀ ရာခိုင်နှုန်း ရှိခဲ့ပြီး ဒီနှစ်မှာတော့ ဈေးကွက်ရဲ့ ၂၈ ရာခိုင်နှုန်း ရှိလာ
လိမ့်မယ်လို့ ခန့်မှန်းထားပြီး အက်ပဲလ် ကတော့ ၁၉ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်းကို မြင့်တက်လာ
လိမ့်မယ်လို့ ဈေးကွက်သုတေသနအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

"၂၀၁၂ ခုနှစ် ဆဲလ်ဖုန်းဈေးကွက်ရဲ့ အခြေအနေဟာ စမတ်ဖုန်းကြောင့်ပဲ ရှင်သန်လာသလို စမတ်
ဖုန်းကြောင့်ပဲ ပျက်စီးသွားတယ်"လို့ IHS ရဲ့ ၀ါရင့် ကျွမ်းကျင်သူ Wayne Lam က ပြော ပါတယ်။

"စမတ်ဖုန်းတွေဟာ ဆဲလ်ဖုန်းဈေးကွက်ရဲ့ အလျင်အမြန်တိုးတက်နေတဲ့ ကဏ္ဍတစ်ရပ်အဖြစ် ကိုယ်
စားပြုနေသလို ၂၀၁၂ ခုနှစ်ရဲ့ ကြိုးမဲ့ဟန်းဆက် တင်ပို့ရောင်းချမှုအားလုံးရဲ့ ထက်ဝက်နီးပါးလောက်
ဟာ စမတ်ဖုန်းတွေပဲ ဖြစ်မှာပါ။ ဒီနှစ်ရဲ့ ဆဲလ်ဖုန်း ဈေးကွက်အတွင်း ဆမ်ဆောင်းရဲ့ အောင်မြင်မှုနဲ့
နိုကီယာရဲ့ ရုန်းကန်ရမှုတွေဟာ စမတ်ဖုန်းကဏ္ဍအတွင်း ကုမ္ပဏီကြီး နှစ်ခုရဲ့ ကွဲပြားတဲ့ ကံကြမ္မာကို
လုံးလုံး လျားလျား အဆုံးအဖြတ် ပေးထားတာပဲ ဖြစ်ပါတယ်" ကမ္ဘာ့စမတ်ဖုန်းတင်ပို့ရောင်းချမှုဟာ
ဒီနှစ်မှာ ၃၅ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက် နိုင်ပြီး ဆဲလ်ဖုန်းအမျိုးအစား အားလုံး တင်ပို့မှုကတော့
တစ်ရာခိုင်နှုန်းပဲ မြင့် တက်နိုင်လိမ့်မယ်လို့ IHS က ခန့်မှန်း ထားပါတယ်။

ဒီနှုန်းထားဟာ ၂၀၁၁ ခုနှစ်မှာ စမတ်ဖုန်းဈေးကွက်တွင်းနေရာ ရရှိမှု နှုန်းထား ၃၅ ရာခိုင်နှုန်းရှိရာက
နေ ဒီနှစ် မှာ ၄၇ ရာခိုင်နှုန်းအထိ တိုးလာစေမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဆမ်ဆောင်းဟာ စမတ်ဖုန်း မော်ဒယ် အမျိုးမျိုးကို နှစ်စဉ် အမြောက်အမြား ထုတ်လုပ်ပေးထားတဲ့
အတွက် တန်ဖိုးကြီးအဆင့်မြင့်အမျိုးအစားကနေ တန်ဖိုး အနည်းဆုံး အဆင့်အထိ ဈေးကွက်ရဲ့
ကဏ္ဍအားလုံးကို ကိုင်ထားနိုင်ပါတယ်။

နိုကီယာကတော့သူ့ရဲ့ စမတ်ဖုန်းကို ၀င်းဒိုးအိုအက်စ်လိုင်းဖက် ပြောင်းနေတဲ့အတွက် ကုမ္ပဏီရဲ့
ကုန်ပစ္စည်း တင်ပို့ရောင်းချမှုကို ကျဆင်းသွားစေပါတယ်လို့ IHS က သုံးသပ်ပါတယ်။

နိုကီယာရဲ့ စနစ်ဟောင်း Symbian အခြေခံဖုန်းတွေရဲ့ရောင်းအားကျဆင်းနေချိန်မှာ သူ့ရဲ့ စနစ်သစ်
မိုက်ခရိုဆော့ဖ် အခြေခံ ဟန်းဆက်တွေကလည်း အခု အချိန်အထိ အရောင်းပါးနေပါသေးတယ်။

၂၀၁၁ ခုနှစ်မှာ အက်ပဲလ်နဲ့ အကြိတ်အနယ် ငြင်းခုံခဲ့ရတဲ့ ဆမ်ဆောင်းဟာ အန်းဒရိုက်စမတ်ဖုန်း
အမျိုးအစား အမျိုးမျိုးကို ထုတ်လုပ်ရောင်းချနေပြီး ကယ်လီဖိုးနီးယားကုမ္ပဏီကြီးဖြစ်တဲ့ အက်ပဲလ်
ထက် ဈေးကွက်ဝေစု အပြတ်အသတ် အသာရနေပါတယ်။

အက်ပဲလ်ကတော့ သူ့ရဲ့စမတ်ဖုန်းထုတ်လုပ်မှုကို ဈေးအရမ်းကြီးတဲ့ အရည်အသွေးမြင့် အိုင်ဖုန်း
တစ်မျိုးကိုပဲထုတ်လုပ် ရောင်းချနေပါတယ်လို့ IHS က သုံးသပ် ထားပါတယ်။

BlackBerry ကို ထုတ်လုပ်တဲ့ Research in Motion ရဲ့ ဈေးကွက် ဝေစုဟာ ၂၀၁၁ ခုနှစ်မှာ ၁၁
ရာခိုင် နှုန်း ရှိရာကနေ ၂၀၁၂ ခုနှစ်မှာ တော့ ၅ ရာခိုင်နှုန်းကို ကျဆင်းသွား နိုင်တယ်လို့ IHS ရဲ့
အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

စမတ်ဖုန်းတွေရဲ့ ရောင်းအားတွေဟာ ၂၀၁၃ ခုနှစ်မှာလည်း ဆက်လက်မြင့်တက်နေနိုင်ပြီး မိုဘိုင်း
ဖုန်းဈေးကွက်ရဲ့ ၅၆ ရာခိုင်နှုန်း ရှိလာလိမ့်မယ်လို့ IHS က ခန့်မှန်းထားပါတယ်။

(အေအက်ဖ်ပီ)

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - နည်းပညာသတင်း