၂၁ ရာစုသင်ကြားရေးလောကနဲ့ တက်ဘလက် နည်းပညာ

အမ်မာမက်ကလပ်စကီရဲ့ စာသင်ခန်းဟာ တခြားစာသင်ခန်းတွေနဲ့ သိပ်မကွာ လှပါဘူး။ နံရံပေါ်မှာ
ကြိယာပုံစံတွေကို ဖော်ပြထားတဲ့ကားချပ်၊ ပိုစတာတွေနဲ့ ကျောင်းသားတွေရဲ့ စာသင်ချိန်စာရင်း
စတာ တွေကို ကပ်ထားပါတယ်။

ခုနစ်နှစ်၊ ရှစ် နှစ်အရွယ်ကလေးတွေဟာ သူတို့ စားပွဲခုံပေါ်ကို မျက်မှောင်ကုတ် အာရုံစိုက်ပြီး ကြည့်
နေကြပါတယ်။ ရှိတ်စပီးယားတို့လက်ထက်က စာသင်ခန်းရဲ့ အသွင်အပြင်ကလည်း ဒီပုံစံမျိုး ဖြစ်
ကောင်းဖြစ်နိုင်ပါတယ်။

စာသင်ခန်း အနေအထားက အရင်အတိုင်း ပုံစံမပြောင်းပေမယ့် ကျောင်းသားတွေ အာရုံစိုက်ကြည့်
နေတာက ပုံနှိပ်စာအုပ်တွေမဟုတ်ဘဲ ၀ိုင်ယာလက်စ် ဘရော့ဒ်ဘန်ကွန်ရက်နဲ့ ချိတ်ဆက်ထားတဲ့
တက်ဘလက်ကွန်ပျူတာ တွေပဲ ဖြစ်ပါတယ်။

သူတို့ရဲ့လက်ထဲမှာတော့အရင်ကလို ခဲတံတော့ ကိုင်ထားကြပါသေးတယ်။ ဒါပေမယ့် ခဲတံကိုင်တဲ့
အလေ့အထလည်း ဘယ်အချိန်ထိခံမလဲ မသိသေးပါဘူး။

တော့တီးတော့တနဲ့ လမ်းစလျှောက်တတ်ခါစကလေးတွေ စကားမပြောတတ်ခင်မှာ တပ်ခ်ျစကရင်
အသုံးပြုနည်း သင်ယူကြတဲ့ခေတ်မှာ တက်ဘလက်နည်းပညာတွေဟာ သင်ကြားရေးကို ကမ္ဘာသစ်
တစ်ခုဆီ ခေါ်ဆောင် သွားတော့မှာ ဖြစ်ပါတယ်။

မက်ကလပ်စကီရဲ့ စာသင်ခန်းရှိရာ British School of Paris (ဘီအက်စ်ပီ) ဟာ ကျောင်းသားတွေ
ရဲ့ဘ၀နဲ့ ခွဲခြားလို့မရတဲ့ နည်းပညာကို သင်ကြားရေးမှာ အသုံးပြုဖို့ ဆုံးဖြတ်ခဲ့ကြတဲ့ ဥရောပ
တစ်လွှားက ကျောင်းလေးငါးကျောင်း ထဲက တစ်ကျောင်းအဖြစ် စက်တင်ဘာလကတည်းက စတင်
ပါဝင်လာခဲ့ပါတယ်။

ပါရီမြို့ရဲ့ ဆင်ခြေဖုံးဒေသက နိုင်ငံတကာကျောင်းဖြစ်တဲ့ ဘီအက်စ်ပီဟာ ဆောင်းဦးရာသီ စာသင်
နှစ်အစမှာ ကျောင်းက လေးနှစ်သားကနေ ၁၈ နှစ် သားအရွယ်ရှိတဲ့ ကျောင်းသားတိုင်းနဲ့ ကျောင်း
က ၀န်ထမ်းတိုင်းကို အိုင်ပက် တစ်လုံးစီ ထုတ်ပေးထားပါတယ်။

အစကတော့ ဒီအစီအစဉ်ကို လူတိုင်း လက်မခံကြပါဘူး။ ကလေးတွေကို အိုင်ပက်ကိုင်ခွင့်ပေးထား
လိုက်ရင် ဆရာ လစ်တာနဲ့ ဖေ့စ်ဘွတ်ခ်ပဲ သုံးနေကြမှာ ကို မိဘတွေက စိုးရိမ်ပူပန်သလို ကျောင်း
သားတွေရဲ့ အိုင်ပက်ကို လိုချင်လို့ တိုက်ခိုက် လုယက်တာမျိုးတွေ ရှိလာမှာကိုလည်း စိုးရိမ်ကြပါ
တယ်။

သုံးလလောက်ကြာတဲ့အခါမှာတော့ လူတိုင်းက လက်ခံလာကြတဲ့အတွက် ဒီစနစ်ကို စမ်းသပ်ကျင့်
သုံးရာမှာလည်း အခက်တွေ့တာမျိုးတွေမရှိတော့ပါဘူး။

ကျောင်းသားသုံးလေးယောက်လောက် ခလုတ်တိုက် လဲကျတာမျိုး ဖြစ်ခဲ့တဲ့အတွက် အားလပ်ချိန်
မှာ လမ်းသွားရင်းနဲ့ အင်တာနက်အသုံးပြုတာကို တော့ တားမြစ်ထားလိုက်ရပါတယ်။

ဒါပေမယ့် ခြုံပြီးပြောရမယ်ဆိုရင် ဒီစမ်းသပ်မှုအပေါ် ကျောင်းသားတွေနဲ့ ၀န်ထမ်းတွေရဲ့ထင်မြင်ချက်
က အကောင်းမြင်ယုံကြည်မှုရှိကြတာကို တွေ့ရပါတယ်။

"ပုံမှန်ကတော့ ဒီအကြောင်းအရာက ငြီးငွေ့ဖွယ်ကောင်းပါတယ်။ ဒါပေမယ့် အခု စိတ်ဝင်စားစရာ
ကောင်းလာပါပြီ" လို့ မက်ကလပ်စကီက ပြောပါတယ်။

"အခုတော့ ကျောင်းကို အပေါ်စီးမြင်ကွင်းက မြင်ရတဲ့ပုံတွေ ရိုက်ယူဖို့ ရှိပါ တယ်။ နောက်ဆိုရင်
ကျောင်းဝင်းထဲ အင်တာနက်ကနေ လည်ပတ်ကြည့်ကြမှာပါ"လို့ သူက ပြောပါတယ်။

ဥရောပကျောင်းတော်တော်များများလိုပဲ ဘီအက်စ်ပီဟာလည်း အင်တာနက်ကနေ ချိတ်ဆက်ရရှိ
တဲ့ အချက်အလက် တွေနဲ့ interactive  whiteboard (ကွန်ပျူတာနဲ့ ပရော်ဂျက်တာ ပေါင်းပြီး
ပုံရိပ်တွေကို ၀ှိုက်ဘုတ်မှာ ပေါ်စေတဲ့ စနစ်) ကိုသုံးပြီး virtual learning အွန်လိုင်းပညာရေးစနစ်ကို
အသုံးပြုနေပါတယ်။

ဒါပေမယ့် ထုံးတမ်းစဉ်လာ ကွန်ပျူတာခန်းစနစ်ဆိုတာကတော့ ဘီအက်စ်ပီလို ငွေအင်အားတောင့်
တင်းတဲ့ ကျောင်းမှာတောင် ကျောင်းသားတွေကို အွန်လိုင်း စာသင်ခန်းအတွက် တစ်ပတ်မှာ နှစ်
နာရီပဲ သင်ကြားပေး နိုင်ပါတယ်။

ဒီအခြေအနေမှာ ရနိုင်တဲ့ အရင်းအမြစ်တွေကို သူတို့အတိုင်းအအထွာနဲ့ သူတို့ ချိတ်ဆက်နိုင်ဖို့
နည်းလမ်းတွေ ကျောင်းသားတိုင်းကို ပေးဖို့ကိစ္စကတော့ ကျောင်းအုပ်ဆရာကြီးစတီဖင်န် ဆော့မား
အတွက် အပန်းမကြီးပါဘူး။

"ကျွန်တော်တို့လို လူကြီးတွေနဲ့ မတူတာက ခုခေတ်ကလေးတွေဟာ ဒီ နည်းပညာနဲ့ ရင်းနှီးနေကြ
ပြီးသား ဖြစ်တာပါ။ တခြားတစ်နေရာနဲ့ ဆက်သွယ် ပြောဆိုဖို့ဆန္ဒတွေ၊ သုတေသနလုပ်ဖို့ ဆန္ဒတွေ
သူတို့မှာ ရှိပါတယ်" လို့ သူက ပြောပါတယ်။

"အခုခေတ် ပညာရေးကလည်း အရင်နဲ့မတူတော့ပါဘူး။ မတူညီတဲ့ ခေတ်တစ်ခေတ်မှာ ကြီးပြင်း
လာကြတာဖြစ်တဲ့အတွက် သူတို့တွေကို ၂၀ ရာစုက ပုံစံမျိုးနဲ့ ပညာသင်ကြား စေတာကတော့
မသင့်လျော်ပါဘူး" တက်ဘလက်တွေကို ဈေးကြီးပေးပြီး ၀ယ်နေရတာပါ။

ဒါပေမယ့် ဒါတွေဟာ နှစ်နှစ်သုံးနှစ်လောက်နေတဲ့အခါ ဟောင်းနွမ်းပျက်စီးသွားမှာ ဖြစ်သလို အစဉ်
အမြဲ တိုးတက်ပြောင်းလဲနေတဲ့ နည်းပညာကြောင့် ဒိတ်အောက်သွားမှာပါ။

ဘီအက်စ်ပီကျောင်းဟာ ကျောင်းသားတွေအတွက်သင့်တော်တဲ့ ၀က်ဘ်ဆိုက်တွေပဲ အသုံးပြုနိုင်
အောင် သူ့ရဲ့ ကြိုးမဲ့ကွန်ရက်ကို အဆင့်မြှင့်ဖို့အတွက် ယူရို ၂၀၀,၀၀၀ အသုံးပြုခဲ့ရပါတယ်။

ဒါပေမယ့် တစ်နှစ်ကို ယူရို ၁၀၀,၀၀၀ လောက် ကုန်ကျနေတဲ့ စာရွက်ဖိုးနဲ့ မင် ဖိုးအတွက်ကုန်ကျ
စရာမလိုတော့ပါဘူး။

ပြီးတော့ e-textbooks တွေရဲ့ ကုန်ကျစရိတ်ကလည်း ပိုနည်းပါတယ်။ ဒါကြောင့် နည်းပညာသစ်
တွေဟာ ငွေကုန်ကြေးကျ ပိုသက်သာသလို သဘာဝပတ်ဝန်းကျင်ကိုလည်း မထိခိုက်စေတဲ့
ကောင်းကျိုးတွေ ရှိပါတယ်။

မက်လပ်စကီဟာ ကျောင်းသား တစ်ဦးချင်းစီနဲ့ အရည်အသွေးနဲ့ ကိုက်ညီတဲ့ အွန်လိုင်းသင်္ချာ
လေ့ကျင့်ခန်းတွေကို ပေးထားတဲ့အတွက် သူ့ရဲ့ စာသင်ခန်းထဲမှာ ကျောင်းသားတွေဟာ သူတို့ရဲ့
တက်ဘလက်တွေနဲ့ ကျောင်းစာလေ့ကျင့်ခန်းတွေကို လုပ်နေကြပါတယ်။

သူ့ရဲ့စာသင်ခန်းက ကျောင်းသား တွေဟာ နိုင်ငံတကာကလာကြတာဖြစ် တဲ့အတွက် တချို့
ကျောင်းသားတွေဟာ အင်္ဂလိပ်စာကို နဂိုက မတတ်ကြပါဘူး။

ဒါကြောင့် သင်ယူမှုအပိုင်းမှာ ကျောင်းသားတချို့ အခက်တွေ့ကြရ ပါတယ်။ အခုလို နည်းပညာနဲ့
သင်ကြား ပေးတဲ့အခါမှာ သူတို့ပိုပြီး စာလိုက်လာ နိုင်ကြပါတယ်လို့ သူက ပြောပါတယ်။

"အိုင်ပက်နဲ့ လေ့ကျင့်ခန်းတွေ လုပ်ရတဲ့အခါ အစပျိုးဖို့ အချိန်ပေးနေစရာ မလိုတော့ပါဘူး။ တကယ်
လို့ သင်ခန်းစာ လေ့ကျင့်ခန်းတွေကို သူတို့စာအုပ်ထဲမှာ လုပ်ရမယ်ဆိုရင် ရက်စွဲရေးဖို့ကိုတောင်
အချိန် ၁၀ မိနစ်လောက် ကုန်ပါတယ်" လို့ သူကပြောပြပါတယ်။

ဒါ့ပြင် ကျောင်းသားကြီးတွေဟာ စာသင်ချိန်ပြင်ပမှာ သူတို့စက်တွေနဲ့ ဂိမ်းကစားကြသလို လူမှုရေး
ကွန်ရက် တွေသုံးကြပါတယ်။

ဆက်လက်ဖော်ပြပါမည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - နည်းပညာသတင်း