တောင်ကိုရီးယားကုမ္ပဏီ အယ်လ်ဂျီ အိုအယ်လ်အီးဒီ ရုပ်မြင်သံကြားများ စတင်ရောင်းချပေးတော့မည်

ရုပ်မြင်သံကြားစက်သစ်အား မော်ဒယ်တစ်ဦးကပြသနေစဉ်။ ဓာတ်ပုံ-အေအက်ဖ်ပီရုပ်မြင်သံကြားစက်သစ်အား မော်ဒယ်တစ်ဦးကပြသနေစဉ်။ ဓာတ်ပုံ-အေအက်ဖ်ပီ

တောင်ကိုရီးယားကုမ္ပဏီ အယ်လ်ဂျီ အီလက်ထရွန်းနစ်ဟာ ပြိုင်ဘက် ဆမ်ဆောင်းကုမ္ပဏီကြီးကို
ယှဉ်ပြိုင်နိုင်မယ့် သူ့ရဲ့ မျှော်လင့်ချက်ကို ပိုမိုခိုင်မာစေမယ့် နောက်ဆုံးပေါ် ပုံထွက်စနစ်သုံး ရုပ်မြင်
သံကြားတွေ ရောင်းချပေးတော့မယ့် အစီအစဉ်ကို ဇန်န၀ါရီလ ၂ ရက်နေ့ က အသိပေးခဲ့ပါတယ်။

အယ်လ်ဂျီအီလက်ထရွန်းနစ်ကုမ္ပဏီဟာ အိုအယ်လ်အီးဒီ (organic light-emitting diode) စနစ်
သုံး ရုပ်မြင်သံကြားတွေအတွက် အမှာအော်ဒါတွေ စတင်လက်ခံနေပါပြီ။

ဒါကတော့ အိုအယ်လ်အီးဒီစနစ်သုံး ရုပ်မြင်သံကြားတွေကို ကမ္ဘာမှာ ပထမဦးဆုံးအကြိမ် စီးပွားဖြစ်
ရောင်းချတာပဲ ဖြစ်ပါတယ်။

အိုအယ်လ်အီးဒီစနစ်သုံး ရုပ်မြင်သံကြားတွေမှာ သီးခြား နောက်ခံမီးလုံး မလိုတဲ့အတွက် လက်ရှိ
ရုပ်မြင်သံကြားတွေထက် ပိုပြီးပါးလွှာပါတယ်။

ဒါ့ပြင် မီးအားအသုံးပြုမှု ၂၀ ရာခိုင်နှုန်း သက်သာပြီး သမားရိုးကျ flat TV တွေထက်လည်း ရုပ်ပုံပို
ကြည်လင်ပြတ်သားပါတယ်။

၅၅ လက်မကျယ်ပြီး သုည ဒသမ ၁၆ လက်မ (လေးမီလီမီတာ) အထူရှိတဲ့ အယ်လ်ဂျီကုမ္ပဏီထုတ်
အိုအယ်လ်အီးဒီ ရုပ်မြင်သံကြားဟာ လာ့စ်ဗေးဂတ်စ်မှာ ပြီးခဲ့တဲ့နှစ်က ကျင်းပခဲ့တဲ့ Consumer
Electronics Show မှာ အရွယ်အစားတူတဲ့ ဆမ်ဆောင်းထုတ် ရုပ်မြင်သံကြားထက် တစ်ပန်းသာ
သွားပြီး အကောင်းဆုံး ပစ္စည်းဆုကို ရရှိခဲ့ပါတယ်။

"လာမယ့်မျိုးဆက်သစ်ရုပ်မြင်သံကြား ဈေးကွက်တွင်းမှာ နေရာအခိုင်အမာ ရရှိစေဖို့အတွက် လာ
မယ့်ပထမသုံးလပတ်အတွင်းမှာ ကျွန်တော်တို့ရဲ့အိုအယ်လ်အီးဒီ ရုပ်မြင်သံကြားတွေကို မြောက်
အမေရိက၊ ဥရောပနဲ့ အာရှက တခြားနေရာ တွေမှာလည်း မိတ်ဆက်ပေးသွားမှာပါ" လို့ ကုမ္ပဏီရဲ့
သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အလုံးအရင်းနဲ့ ထုတ်လုပ်နေတဲ့ အနုစိတ်လှတဲ့ အိုအယ်လ်အီးဒီ ရုပ်မြင်သံကြားတွေရဲ့ကုန်ကျစရိတ်
ကို လျှော့ချနိုင်ဖို့ ထုတ်လုပ်သူတွေက ကြိုးပမ်းနေဆဲဖြစ်တဲ့အတွက် အခုအချိန်မှာတော့ ဒီရုပ်မြင်
သံကြားတစ်လုံးရဲ့ ရောင်းဈေး ကို ၀မ် ၁၁ သန်း (ဒေါ်လာ ၁၀,၃၅၇) သတ်မှတ်ထားပါတယ်။

ဆမ်ဆောင်းဟာ သူ့ရဲ့လူကြိုက်များ ပစ္စည်းဖြစ်တဲ့ Galaxy S နဲ့ နုတ်စမတ် ဖုန်းတွေမှာ အိုအယ်လ်
အီးဒီဖန်သားပြင်စနစ်ကို အသုံးပြုထားပြီးဖြစ်ပေမယ့် အိုအယ်လ်အီးဒီစနစ်သုံး ရုပ်မြင်သံကြားတွေ
ကိုတော့ ဒီနှစ်နှောင်းပိုင်းမှာ စတင်ရောင်းချဖို့ ရည်မှန်းထားပါတယ်။

ဈေးကွက်တွင်း ရပ်တည်နိုင်ရေး အပြင်းအထန်ကြိုးပမ်းနေရတဲ့ ဂျပန်ရုပ်မြင်သံကြားကုမ္ပဏီကြီးဆိုနီ
နဲ့ ပန်နာဆိုးနစ်တို့ဟာ တောင်ကိုရီးယားကုမ္ပဏီကို အမီလိုက်နိုင်ရေး ကြိုးပမ်းမှုတစ်ရပ် အနေနဲ့
အိုအယ်လ်အီးဒီရုပ်မြင်သံကြား တွေ အပြိုင်ထုတ်လုပ်နိုင်ဖို့အတွက် ပြီးခဲ့တဲ့နှစ်မှာ ပူးပေါင်းခဲ့ကြပါ
တယ်။

အိုအယ်လ်အီးဒီရုပ်မြင်သံကြားတွေ ရဲ့ ရောင်းအားဟာ ၂၀၁၃ ခုနှစ်မှာ ၅၀,၀၀၀ ယူနစ်ရှိနိုင်ပြီး
၂၀၁၆ ခုနှစ်မှာ တော့ ခုနစ်သန်းကျော်လောက်အထိရှိ လာမယ်လို့ ဈေးကွက်သုတေသန ကုမ္ပဏီ
ဒစ္စပလေးဆာ့ခ်ျက ခန့်မှန်းထား ပါတယ်။

(အေအက်ဖ်ပီ)

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - နည်းပညာသတင်း