ပိုကြီးပိုမိုက်လာတဲ့ ရုပ်မြင်သံကြားစက်တွေ

အပြည်ပြည်ဆိုင်ရာ အိမ်သုံးလျှပ်စစ်ပစ္စည်းပြပွဲတွင် ၀င်ရောက်ပြသခဲ့သည့် နောက်ဆုံးပေါ် ရုပ်မြင်သံကြားစက်တစ်လုံး။ ဓာတ်ပုံ - အေအက်ဖ်ပီအပြည်ပြည်ဆိုင်ရာ အိမ်သုံးလျှပ်စစ်ပစ္စည်းပြပွဲတွင် ၀င်ရောက်ပြသခဲ့သည့် နောက်ဆုံးပေါ် ရုပ်မြင်သံကြားစက်တစ်လုံး။ ဓာတ်ပုံ - အေအက်ဖ်ပီ

ရုပ်မြင်သံကြားကို 'မာလ်တီ စကရင် တစ်ခု'အဖြစ် အသုံးပြုချင်ကြတဲ့သုံးစွဲသူ တွေအတွက် ရုပ်မြင်
သံကြားကုမ္ပဏီတွေဟာ ပိုကြီးတဲ့၊ ရုပ်ထွက်ပိုကောင်းတဲ့၊ ခေတ်မီနည်းပညာတွေပါဝင်တဲ့ ရုပ်မြင်
သံကြားမျိုးတွေကို ကုန်စည်ပြပွဲကြီး တွေမှာ ပွဲထုတ်ပြသပြီး သုံးစွဲသူတွေရဲ့ အာရုံကို ဆွဲဆောင်နိုင်
အောင်ကြိုးပမ်း နေကြပါတယ်။

လာ့စ်ဗေးဂတ်စ်မှာ ပြီးခဲ့တဲ့လက ကျင်းပခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ အိမ်သုံးလျှပ်စစ်ပစ္စည်းပြပွဲမှာ
ထုတ်ကုန်သစ် တွေကို ပြသခဲ့တဲ့ ဆမ်ဆောင်း၊ ဆိုနီ၊ အယ်လ်ဂျီ၊ ရှပ် (Sharp)နဲ့ ပင်နာဆိုးနစ် တို့လို
ကုမ္ပဏီတွေဟာ ဈေးကြီးပေမယ့် ပုံရိပ်တွေကို အံ့ဩဖွယ်ကောင်းလောက်အောင် ပြင်ပလောက
အတိုင်း ခံစား ကြည့်ရှုနိုင်စေမယ့် ultra HD အမျိုးအစား ရုပ်မြင်သံကြားတွေကို ပွဲထုတ် ပြသခဲ့ပါ
တယ်။

သုံးစွဲသူတော်တော်များများ အထူး သဖြင့် အမေရိကန်နိုင်ငံသားတွေဟာ စကရင် လက်မ ၆၀
(၁၅၂ စင်တီမီတာ) ရှိတဲ့ ရုပ်မြင်သံကြားတွေကို အခုအချိန်မှာ ကြည့်နေကြတဲ့အတွက်သုံးစွဲသူတွေ
ဟာ စကရင် ကြီးကြီးတွေ ကြိုက်လာ တယ်လို့ ရုပ်မြင်သံကြားအသိုင်းအ၀ိုင်း က ပြောပါတယ်။

"အမေရိကန်ကသုံးစွဲသူတွေအတွက်ကတော့ စကရင်ပိုကြီးလေ ပိုကောင်းလေပါပဲ" လို့ အမေရိကန်
ဈေးကွက် အတွင်းက စကရင်အကြီးစား ရုပ်မြင်သံကြားတွေကို ရောင်းချပေးရာ ကုမ္ပဏီကြီးတစ်ခု
ဖြစ်တဲ့ ဂျပန်ကုမ္ပဏီ ရှပ်ရဲ့ အမေရိကန်ရုံးခွဲက ဂျွန်ဟယ်ရင်တန်က ပြောပါတယ်။

ရှပ်ကုမ္ပဏီဟာ အိုင်ဂျီဇက်အိုလို့ခေါ်တဲ့ ရုပ်ပုံကြည်လင်ပြတ်သားမှုကောင်း စေတဲ့ နည်းပညာနဲ့
တည်ဆောက်ထား တဲ့ ၈၄ လက်မ (၂၁၃ စင်တီမီတာ) ရုပ်မြင်သံကြားတွေပါ ရောင်းချပေးနေပါ
တယ်။

တောင်ကိုရီးယားဆမ်ဆောင်း ကုမ္ပဏီကလည်း အစီအစဉ်နှစ်မျိုးကို လူနှစ်ဦး တစ်ပြိုင်တည်းကြည့်
နိုင်မယ့် ရုပ်မြင်သံကြားကို ပွဲထုတ်ခဲ့ပါတယ်။ 

F9500 ရုပ်မြင်သံကြားကတော့ multi view လို့ခေါ်တဲ့ မြင်ကွင်းစုံ လုပ်ဆောင်ချက်ကို ကမ္ဘာပေါ်မှာ
ပထမဦး ဆုံးပေးနိုင်တဲ့ အမျိုးအစားပါ။

ဒီရုပ်မြင်သံကြားရဲ့ စကရင်ကို (organic light-emitting diode) အိုအယ်လ်အီးဒီလို့ ခေါ်တဲ့ နည်း
ပညာကို အသုံးပြုထားပါတယ်။

ဒီရုပ်မြင်သံကြားကို ကြည့်မယ့်သူတွေဟာ အထူးသရီးဒီမျက်မှန်ကို တပ်ဆင် ကြည့်ရှုရမှာဖြစ်ပါ
တယ်။

ဒီမျက်မှန်မှာ အော်ဒီယိုနဲ့ စတီရီယို စနစ်နှစ်မျိုးစလုံး ပါဝင်တဲ့ စပီကာလည်း ပါဝင်ပါတယ်။ ဒါပေမဲ့
ultra HD ရုပ်မြင်သံကြားနဲ့ အသစ်ထွက်လာတဲ့ တခြားရုပ်မြင်သံကြားတွေရဲ့ တန်ဖိုးဟာ ဒေါ်လာ
၁၀,၀၀၀ အထက်ရှိတဲ့အတွက် ဈေးကွက်ထဲနေရာရဖို့ နှေးကွေးနေ သေးတယ်လို့ အိမ်သုံးလျှပ်စစ်
ပစ္စည်း အသင်းရဲ့ ခန့်မှန်းချက်တွေအရ သိရပါတယ်။

အဆင့်မြင့် မြင်ကွင်းကျယ် ရုပ်မြင်သံကြားတွေဟာ ၂၀၁၆ ခုနှစ် ရောက်တဲ့အခါ အမေရိကန်
ဈေးကွက် မှာ ငါးရာခိုင်နှုန်းလောက် နေရာရလာ လိမ့်မယ်လို့လည်း ခန့်မှန်းထားပါတယ်။

ရုပ်မြင်သံကြား ပုံစံသစ်တွေမှာ ရှိရမယ့် လုပ်ငန်းစဉ်တွေ မပါလာတာမျိုးကို ဖြေရှင်းပေးတာမျိုး အပါ
အ၀င် ရုပ်မြင်သံကြားကုမ္ပဏီတွေဟာ အသစ်ထပ်ထုတ်လိုက်တဲ့ ရုပ်မြင်သံကြားတွေကို စားသုံးသူ
တွေအသုံးပြုချင်လာကြအောင် တက်တက်ကြွကြ ကြိုးပမ်းနေကြပါတယ်။

ဥပမာ- ဆိုနီဟာ ဒီနှစ်မှာ အမေရိကန် ဈေးကွက်ထဲ 4K ဗီဒီယို ၀န်ဆောင်မှုပေးမယ့် အစီအစဉ်ကို
ကြေငြာခဲ့ပါတယ်။

ဒါ့ပြင် ၈၄ လက်မ ရုပ်မြင်သံကြားအပြင် ဈေးပိုချိုတဲ့ ၅၅ နဲ့ ၆၅ လက်မ ( ၁၄၀ နဲ့ ၁၆၅ စင်တီ မီတာ)
ရုပ်မြင်သံကြားတွေ ထုတ်လုပ်ဖို့ အစီအစဉ်ရှိကြောင်းကိုလည်း အသိ ပေးထားပါတယ်။

အိုအယ်လ်အီးဒီရုပ်မြင်သံကြားကို စတင်ပွဲထုတ်ပေးတာ ပထမဦးဆုံး အကြိမ်ဖြစ်ပြီး ၅၅ လက်မ
မော်ဒယ် ရုပ်မြင်သံကြားတစ်လုံးကို လက်လီဈေး တစ်လုံးဒေါ်လာ ၁၂,၀၀၀ နဲ့ အမေရိကန်ဈေးကွက်
အတွင်းမှာ ရောင်းချ ပေးမယ်လို့ အယ်လ်ဂျီက သတင်းထုတ်ပြန်ထားပါတယ်။

"အိုအယ်လ်အီးဒီ ရုပ်မြင်သံကြား တွေဟာ အိမ်တွင်းဖျော်ဖြေမှုရဲ့ ခေတ်သစ်ကို လမ်းပြပေးပါလိမ့်
မယ်" လို့ LG ELectronic USA ရဲ့ ဒုတိယဥက္ကဋ္ဌ ဂျေးဗန်ဒန်ဘရီးက ပြောပါတယ်။

"ဒီရုပ်မြင်သံကြားရဲ့ အသက်ဝင်တဲ့အရောင်၊ လုံးဝမတူညီတဲ့အရွယ်အစား နဲ့ ပါးလွှာမှုတွေရှိတာ
ကြောင့် ရုပ်ပုံတွေ ကို ပြင်ပလောကအတိုင်း ထူးထူးခြား ခြားတွေ့ရမှာ ဖြစ်ပါတယ်။ အရည်အသွေး
အကောင်းဆုံး ဖြစ်တဲ့အတွက် ဈေးကြီးပေးရတာ တန်ပါတယ်" ဆမ်ဆောင်းကတော့ ကမ္ဘာ့ပထမဦး
ဆုံးမျက်နှာပြင်ကွေ့ဝိုက်နေတဲ့ အိုအယ်လ် အီးဒီရုပ်မြင်သံကြားကို အင်္ဂါနေ့က ပြသခဲ့ပါတယ်။

ရုပ်မြင်သံကြားဖန်သား ပြင်က ကွေးနေတဲ့အတွက် ကြည့်ရှုသူ စိတ်ထဲမှာ ပတ်ဝန်းကျင် အ၀န်း
အ၀ိုင်းတစ်ခုကို ကြည့်ရတဲ့ ခံစားမှုမျိုးကို ရရှိစေပါတယ်။

Haier နဲ့ တီစီအယ်လ်လို တရုတ် ရုပ်မြင်သံကြား ကုမ္ပဏီတွေကလည်း အဆင်မြင့်ရုပ်မြင်သံကြား
ဈေးကွက်ထဲ ကို သားနားခေတ်မီတဲ့ ရုပ်မြင်သံကြား တွေ ဖန်တီးယူဆောင်လာပေးပါတယ်။

သူတို့ပြသထားတဲ့ ရုပ်မြင်သံကြား ကတော့ ဂူးဂဲလ်သရီးပလက်ဖောင်းသုံး လို့ရတဲ့ စမတ်တီဗီဖြစ်ပြီး
နောက်နှစ် ကျရင် အမေရိကန်မှာရောင်းချပေးမယ် လို့ သိရပါတယ်။

ဒါပေမဲ့ အသစ်ပေါ်လာတဲ့ ရုပ်မြင်သံကြားတွေမှာ ဆောင်ရွက်နိုင်တာတွေ နဲ့ ပတ်သက်ပြီး သုံးစွဲသူ
တွေ စိတ်ဝင်စားကြတဲ့တခြားအချက်တွေလည်းရှိပါသေးတယ်။

သူတို့ မိုဘိုင်းပစ္စည်းက အချက်အလက်တွေကို စကရင်ကြီးကြီးမှာ ပြောင်းကြည့်လို့ရတာမျိုး၊ ဒါမှ
မဟုတ် ရုပ်မြင်သံကြားက အစီအစဉ်တွေကို မိုဘိုင်းပစ္စည်းတွေမှာ ထည့်ပြီး ပြန်ကြည့်လို့ ရတာမျိုး
တွေကိုလည်း စိတ်ဝင်စားကြပါတယ်။

"အက်ပလီကေးရှင်းတွေ လွှမ်းမိုးထားတဲ့ကမ္ဘာမှာ ကျွန်တော်တို့ နေနေကြတာပါ။ ကျွန်တော်တို့ရဲ့
စမတ်ဖုန်း အတွက်၊ ဒါမှမဟုတ် တက်ဘလက် ဖြစ်စေ၊ ရုပ်မြင်သံကြားအတွက်ဖြစ်စေ အက်ပလီ
ကေးရှင်းတွေအများကြီးရှိပါတယ်"လို့ စီအီးအေရဲ့ ၀ါရင့်ဈေးကွက် သုတေသနကျွမ်းကျင်သူ
ကယ်ဗင် တစ်လ်မင်းန်က ပြောပါတယ်။

"သုံးစွဲသူတွေဟာ သူတို့ဘာပစ္စည်းသုံးသုံး သူတို့ရဲ့အက်ပလီကေးရှင်းတွေကို တစ်ချိန်လုံး အသုံးပြု
လို့ရတာမျိုးပဲ လိုချင်နေကြပါတယ်။ ရုပ်မြင်သံကြားမှာလည်း အပါအ၀င်ပေါ့။ အက်ပလီကေးရှင်း
တွေက သူတို့ကို အကောင်းဆုံးနဲ့ အဆင်အပြေဆုံး ဖြစ်စေပါတယ်" အမေရိကန်က အရွယ်ရောက်
သူ ငါးဦးမှာ တစ်ဦးကျော်ကျော်ဟာ အက်ပလီကေးရှင်းအထောက်အကူပါ HDTV ပိုင်ဆိုင်ကြပြီး
၉၀ ရာခိုင်နှုန်းဟာ သူတို့ရဲ့ ရုပ်မြင်သံကြားမှာ ရနိုင်တဲ့ အက်ပလီကေးရှင်းတွေကို အသုံးပြုကြတာ
ကို စီအီးအေက သိရှိခဲ့ပါတယ်။

"ကျွန်မအတွက်ကတော့ ပစ္စည်းအားလုံးကို တစ်ပြိုင်တည်းသုံးလို့ရတာဟာ ပဉ္စလက်ဆန်သလိုပါပဲ။
လူတွေဟာ ပျမ်းမျှ ပစ္စည်းငါးမျိုး၊ ခြောက်မျိုးလောက် အသုံးပြုကြပါတယ်။ အခုတော့ ဒါတွေကို
တစ်ခုကနေ တစ်ခုကို ပြောင်းပြီး အသုံးပြုနိုင်ပါပြီ"လို့ အိုင်ဒီစီမှ စားသုံးသူနည်းပညာကျွမ်းကျင်သူ
ဒယ်နီရယ်လ် လက်ဗစ်တပ်စ်က ပြောပါတယ်။

ကေဘယ်ကုမ္ပဏီတွေက ဖန်တီး ပေးလာတာကတော့ "ဘယ်နေရာ ရောက်ရောက် ရုပ်မြင်သံကြား
ကြည့်လို့ ရတယ်"ဆိုတဲ့အနေအထားပါလို့ လက်ဗစ်တပ်စ် ကပြောပါတယ်။

သုံးစွဲသူတွေဟာ သူတို့ နှစ်စဉ်ကြေးပေးထားတဲ့ ရုပ်သံအစီအစဉ်တွေကို ရုပ်မြင်သံကြားမဟုတ်တဲ့
တခြားပစ္စည်းတွေနဲ့ ကြည့်လို့ရသလို လမ်းပေါ်မှာတောင်ကြည့်လို့ရပါတယ်။

"သူတို့လိုင်စင်ယူထားတဲ့ အစီအစဉ် တွေကို အိမ်မှာပဲသုံးလို့ရတဲ့အတွက် လူတွေဟာ ဒီအစီအစဉ်
တွေကို ကိုယ့်အိမ်ကနေ အဝေးတစ်နေရာရောက်နေတဲ့အချိန်၊ ဒါမှမဟုတ် ဟိုတယ်ခန်း တစ်ခုခုက
နေ သူတို့ရဲ့တက်ဘလက် ပစ္စည်းကိုသုံးပြီး ကြည့်ချင်ကြပါတယ်" လို့ သူကပြောပြပါတယ်။

သုံးစွဲသူတွေဟာ တက်ဘလက်ပစ္စည်းတွေကို ပိုအာရုံစိုက်လာကြပြီး ရုပ်မြင်သံကြား အကြီးကြီးတွေ
ကို ၀ယ်ယူဖို့ အသင့်ဖြစ်နေကြတယ်လို့ ဖော်ရက်စတာ ကုမ္ပဏီက ဂျိမ်းစ်မက်ကီဗေးက ပြောပါ
တယ်။

အများစုမှာ HD ရုပ်မြင်သံကြားတွေပိုင်ဆိုင်ထားပြီး ultra HD ရုပ်မြင်သံကြားတွေရဲ့ ထူးခြားမှုကို
သိပ်သိကြဦးမှာ မဟုတ်ဘူးလို့ သူက ပြောပါတယ်။

(အေအက်ဖ်ပီ)

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - နည်းပညာသတင်း