အသေးစိတ်ပြသပေးနေသည့် အွန်လိုင်းတည်နေရာပြ ၀န်ဆောင်မှုလုပ်ငန်းတွေက စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အရှိန်မြှင့်ပေးတယ်လို့ ဂူးဂဲလ်က ပြောကြား

ဂူးဂဲလ်တည်နေရာပြစနစ်ကို အသုံးပြုနေသူတစ်ဦး။ဂူးဂဲလ်တည်နေရာပြစနစ်ကို အသုံးပြုနေသူတစ်ဦး။

မြောက်ကိုရီးယားနိုင်ငံရဲ့ မြေပုံအသေးစိတ်ကို မကြာသေးခင်က ဖော်ပြနိုင်ခဲ့တဲ့ ဂူးဂဲလ်က အွန်လိုင်း
တည်နေရာပြ ၀န်ဆောင်မှုလုပ်ငန်းတွေဟာ နိုင်ငံတွေရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ပိုပြီးအရှိန်
မြှင့်ပေးတယ်လို့ အစီရင်ခံစာတွေနဲ့ ကိုးကားပြီး ဇန်န၀ါရီလ ၃၀ ရက်နေ့မှာ အမွှမ်းတင်ပြောကြားခဲ့
ပါတယ်။

တစ်ကမ္ဘာလုံးက နေရာတွေကို အသေးစိတ်ပြသပေးနေတဲ့ အွန်လိုင်း တည်နေရာပြ ၀န်ဆောင်မှုလုပ်ငန်းတွေ ဟာ နှစ်စဉ်ဝင်ငွေ ဒေါ်လာဘီလျံ ၂၇၀ ရရှိနေပြီး တစ်နှစ်ကို လုပ်အားခဒေါ်လာ ဘီလျံ ၉၀ ကျော် အသုံးပြုနေကြတယ်လို့ စီးပွားရေးအကြံပေးကုမ္ပဏီ ဥထနမေ ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဒါ့ပြင် ဂြိုဟ်တုကတစ်ဆင့် တည် နေရာပြ ၀န်ဆောင်မှုပေးရာ လုပ်ငန်း တွေ၊ ဒစ်ဂျစ်တယ်မြေပုံတွေနဲ့ လမ်း ကြောင်း ပြစနစ်တွေ ၀န်ဆောင်မှုပေးနေ တဲ့ ကုမ္ပဏီတွေဟာ အခုအချိန်မှာ စီးပွားဖြစ်နေပြီး နှစ်စဉ် ၃၀ ရာခိုင်နှုန်း လောက် တိုးတက်မှုတွေ ထပ်ရှိလာ ဦးမယ်လို့လည်း ဖော်ပြထားပါတယ်။ "လွှတ်တော်အမတ်တွေ၊ ပုဂ္ဂလိက ကုမ္ပဏီတွေ၊ သုတေသီတွေနဲ့ စားသုံး သူတွေဟာ အကျိုးအမြတ်တွေ ရှိလာတဲ့ ဒီလုပ်ငန်းနယ်ပယ်မှာ ဆက်လက်အား ပေးရင်းနှီးမြှုပ်နှံလာကြမယ်ဆိုရင် ဒီ နည်းပညာဟာ ကမ္ဘာ့စီးပွားရေးမှာ တိုး တက်မှုတွေ ထပ်ပြီးဖြစ်လာစေလိမ့်မယ် ဆိုတာ ကျွန်တော်တို့ ခန့်မှန်းနိုင်ပါ တယ်"လို့ အစီရင်ခံစာမှာ ရေးသားထား ပါတယ်။ ဒီနည်းပညာရဲ့ အကျိုးကျေးဇူးတွေ ကတော့ စမတ်ဖုန်းကိုင်ထားသူတစ်ဦး ဟာ အနီးဆုံးကဖေးဆိုင်ကို ရှာနိုင်တာ မျိုးကနေ ဆိုင်ဖွင့်ဖို့၊ ဒါမှမဟုတ် ကြော်ငြာ ဘုတ်တင်ဖို့ အကောင်းဆုံးနေရာကို ရှာနိုင်တာမျိုးအထိ အမျိုးမျိုးရှိပါ တယ်။ လမ်းကြောင်းပြ နည်းပညာကို အသုံး ပြုခြင်းအားဖြင့် ကမ္ဘာတစ်ဝန်းက စီးပွား ရေးလုပ်ငန်းတွေမှာ အချိန်ကုန် သက်သာ သွားပြီး ဒေါ်လာ ၁၇ ဒသမ ၃ ဘီလျံ ဖိုးလောက် အကုန်အကျသက်သာသွား ကြောင်းနဲ့ ခရီးသွားရမယ့်အချိန် စုစု ပေါင်း ၁ ဒသမ ၁ ဘီလျံနာရီလောက် သက်သာခဲ့တယ်လို့ ဥထနမေ ရဲ့ အစီရင် ခံစာမှာ ခန့်မှန်းဖော်ပြထားပါတယ်။ ၀န်ထမ်းအင်အား ငါးသိန်းလောက်ရှိ တဲ့ အမေရိကန် ပစ္စည်းပို့ဆောင်ရေး ကုမ္ပဏီကြီး ယူပီအက်စ်ဟာ နှစ်စဉ် ၀င်ငွေ ဒေါ်လာ ၇၃ ဘီလျံရရှိနေပြီး ဒီကုမ္ပဏီဟာ ရာသီဥတုအခြေအနေ၊ ပင်လယ်ရေမျက်နှာပြင်အမြင့်၊ ကား လမ်း အနေအထားတွေနဲ့ တခြားအချက် အလက်ပေါင်းများစွာနဲ့ ပတ်သက်ပြီး ခေတ်မီ လမ်းကြောင်းပြနည်းပညာကို အကျိုးရှိရှိ အသုံးချကာ ပစ္စည်း ပို့ဆောင်ရေးလုပ်ငန်းကို ဆောင်ရွက်နေ တယ်လိွု့သသါူန ရဲ့ မူဝါဒရေးရာ ကျွမ်းကျင်သူ ချာလီဟေးလ်က ကမ္ဘာ့ တည်နေရာပြ၀န်ဆောင်မှု လုပ်ငန်းရဲ့ အကျိုးကျေးဇူးနဲ့ ပတ်သက်ပြီး အစီရင် ခံစာပါ အချက်အလက်တွေ ကိုးကားပြီး ပြောကြားခဲ့ပါတယ်။ အစိုးရတော်တော်များများကလည်း တည်နေရာပြနည်းပညာတွေကို သဘာဝ ဘေးဆိုင်ရာ တုံ့ပြန်မှုတွေကနေ မြို့ပြ စီမံကိန်းဖော်ထုတ်ရေးနဲ့ လမ်းပန်း ဆက်သွယ်ရေးစနစ် အဆင့်မြှင့်တင်ရေး အထိ အကျိုးရှိရှိအသုံးချနေကြပါတယ် လို့ သူကပြောပါတယ်။ "အဓိကအချက်ကတော့ ဒီနည်းပညာ ကို အရေးမထားတာမျိုး မလုပ်သင့်ပါ ဘူး။ မြေပုံအချက်အလက်တွေကို ၀န်ဆောင်မှုပေးနိုင်အောင် ဆောင်ရွက် ရာမှာ မူဝါဒချမှတ်သူတွေက ကူညီပေးဖို့ လိုအပ်ပြီး ကျွန်တော်တို့လို ပုဂ္ဂလိက ကုမ္ပဏီတွေကလည်း ဒီလုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံသင့်ပါတယ်" လို့ ဟေးလ်က ပြောပါတယ်။ ခေတ်မီတည်နေရာပြနည်းပညာနဲ့ အချက်အလက်တွေကို အသုံးပြုတဲ့ ကုမ္ပဏီတွေနဲ့ နိုင်ငံတွေမှာ စီးပွားရေး အရ အကျိုးများသလို တခြားသူတွေနဲ့ ယှဉ်လိုက်ရင်လည်း သာတယ်လို့ ဥထနမေ ရဲ့ အစီရင်ခံစာနဲ့ သျြအသည ဃသညျကူအငညွါမသကစ ရဲ့ အစီရင်ခံစာပါ အချက်အလက်တွေကိုးကားပြီး ဟေးလ် က ပြောကြားခဲ့ပါတယ်။ "ဒါကတော့ နည်းပညာ အပြောင်း အလဲတိုင်းမှာ တွေ့ရတဲ့ အခြေအနေမျိုး နဲ့ တူပါတယ်။ ပြီးခဲ့တဲ့ နှစ် ၅၀ က ဆိုရင် လုပ်ငန်းငယ်လေးကို လုပ်နေတဲ့သူ တစ်ဦးဟာ တယ်လီဖုန်း လမ်းညွှန် စာအုပ်မှာ သူ့လုပ်ငန်းကို ကြော်ငြာမှာ ဖြစ်ပြီး ရုပ်မြင်သံကြားမှာ ကြော်ငြာတဲ့ လုပ်ငန်းတွေက သူ့ထက် ပိုပြီးအခွင့် အလမ်းသာနေမှာပါ"လို့ ဟေးလ်က ပြောပါတယ်။ အခုခေတ်မှာတော့ အွန်လိုင်း မြေပုံ မှာ အလွယ်တကူရှာနိုင်တဲ့ လုပ်ငန်းတွေ က တခြားလုပ်ငန်းတွေထက် နှာတစ်ဖျား သာနေပြီး ဒစ်ဂျစ်တယ်မြေပုံတွေနဲ့ လမ်းကြောင်းပြနည်းပညာကို ကျွမ်းကျင် တဲ့သူတွေဟာ တခြားသူတွေထက် ၀င်ငွေပိုရနေတယ်လို့ အွန်လိုင်းတည် နေရာပြ၀န်ဆောင်မှုလုပ်ငန်းရဲ့ ကောင်း ကျိုးတွေကို ဟေးလ်က သက်သေထူ ပြောကြားထားပါတယ်။ (အေအက်ဖ်ပီ)

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - နည်းပညာသတင်း