တကယ်လိုအပ်မယ့် မိုဘိုင်းကြော်ငြာ ပို့ပေးနိုင်ဖို့ ဂူးဂဲလ်က ကြော်ငြာဝန်ဆောင်မှုကို အဆင့်မြှင့်ထား

စမတ်ဖုန်းအသုံးပြုသူတွေ ဆိုင်နဲ့ ဘယ်လောက်အကွာအဝေးမှာ ရှိနေတယ်ဆိုတဲ့ အချက်တွေနဲ့
နေ့တစ်နေ့ရဲ့အချိန် တစ်ချိန်မှာ သူတို့ အရမ်းလိုချင်တဲ့အရာ ဖြစ်ကောင်းဖြစ်နိုင်တဲ့အချက်တွေကို
အခြေခံပြီး စားသုံးသူတွေဆီ မိုဘိုင်း ကြော်ငြာတွေပေးနိုင်အောင် ဂူးဂဲလ်က ဖေဖော်ဝါရီလ ၆ ရက်
နေ့မှာ စတင် ၀န်ဆောင်ပေးထားပါတယ်။

စမတ်ဖုန်း၊ ဒါမှမဟုတ် တက်ဘလက် ကွန်ပျူတာတွေနဲ့ အင်တာနက်သုံးလာကြတဲ့ စားသုံးသူတွေနဲ့
ပိုကောင်းတဲ့ ဆက်သွယ်မှုမျိုး ရရှိနိုင်ဖို့ ကြိုးစားနေတဲ့ ကြော်ငြာရှင်တွေအတွက် ဂူးဂဲလ်ဟာ သူ့ရဲ့
AdWords ၀န်ဆောင်မှုကို enhanced campaigns နဲ့ အဆင့်မြှင့် ပေးထားပါတယ်။

"အခုအချိန်မှာ သုံးစွဲသူတွေဟာ အင်တာနက်ကို အဆက်မပြတ် ချိတ်ဆက် အသုံးပြုနေကြပြီး
အချင်းချင်း ဆက်သွယ်ဖို့၊ ဆိုင်တွေကနေ ပစ္စည်းဝယ်ယူဖို့နဲ့ ရုပ်ရှင်၊ သီချင်း စတဲ့ ဖျော်ဖြေမှု တစ်မျိုး
မျိုးကို ကြည့်ရှုနားဆင်ဖို့အတွက် ပစ္စည်းတစ်မျိုးမဟုတ် တစ်မျိုးကို အသုံးပြုနေကြပါတယ်" လို့
ဂူးဂဲလ် အင်ဂျင်နီယာဌာနရဲ့ ဒုတိယဥက္ကဋ္ဌ Sridhar  Ramaswamy က ဘလော့ မှာ ရေးတင်ထား
ပါတယ်။

"enhanced campaigns ဟာ သုံးစွဲသူ တည်ရှိရာနေရာ၊ အချိန်ကာလနဲ့ အသုံးပြုနေတဲ့ ပစ္စည်း
အမျိုးအစား စတာ တွေကို အခြေခံပြီး တကယ်လိုအပ်တဲ့ ကြော်ငြာတွေ သုံးစွဲသူတွေဆီရောက်ရှိ
အောင် ကူညီပေးပါတယ်"

ဥပမာ - ကော်ဖီသောက်ဖို့ ဆိုင်ရှာနေတဲ့သူဆီ သူ့ဆိုင်ကြော်ငြာရောက်စေချင်တဲ့ ကော်ဖီဆိုင်
အတွက် ဆိုင်ရဲ့ အနီးဆုံးပတ်ဝန်းကျင်မှာရှိနေတဲ့သူ စာရင်းတွေ စီစဉ်ပေးတာမျိုးပါ။ ဘယ်ကြော်ငြာ
ကို ပို့ပေးသင့်တယ်ဆိုတာ ဆုံးဖြတ်ပေးနိုင်ဖို့ AdWords မှာ bidding process အသုံးပြုထားပါ
တယ်။

တခြားကြော်ငြာရှင်တွေက သူတို့ ကြော်ငြာအတွက် ဒက်စ်တော့ပ် ကွန်ပျူတာကနေ အွန်လိုင်းသုံး
နေတဲ့ သုံးစွဲသူတွေကိုပဲ ဆိုင်ရဲ့ဝက်ဘ်ဆိုက်လင့်ခ်ပေး နိုင်တဲ့အချိန်မှာ ဒီဝန်ဆောင်မှုနဲ့ ကြော်ငြာတဲ့
သူတွေဟာ စမတ်ဖုန်း အသုံးပြုတဲ့သူတွေဆီကိုပါ ကြော်ငြာတွေကို one-touch calling option
အပြင် map direction နဲ့လည်း သုံးစွဲသူအကြိုက် ပို့ပေးနိုင်ပါတယ်။

(အေအက်ဖ်ပီ)

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - နည်းပညာသတင်း