ကွန်ပျူတာနှင့် မိုဘိုင်းပြပွဲ ကျင်းပမည်

Yangon ICT Fair (Computer & Mobile)(March 2013)ပြပွဲကို မတ်လ ၂၂ ရက်နေ့မှ ၂၄ ရက်
နေ့အထိ ရန်ကုန်မြို့ ဦးဝိစာရလမ်းရှိ တပ်မတော် ပြခန်း၌နံနက် ၉ နာရီမှ ညနေ ၅ နာရီ အတွင်း
ကျင်းပသွားမည်ဖြစ်သည်။

ထိုပွဲတွင် ကုမ္ပဏီပေါင်း ၆၃ ခုက ပြခန်းပေါင်း ၁၈၀ ခင်းကျင်းပြသမည် ဖြစ်သည်။

"ဒီပြပွဲကို ကျွန်တော်တို့ ပြုလုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ ကျွန်တော်တို့ ရန်ကုန်တိုင်းဒေသကြီး
အတွင်းမှာရှိတဲ့ Mobile နဲ့ IT ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ ယင်းကဏ္ဍတွေကို အထူးစိတ်ဝင်စား
သော နိုင်ငံ့ဝန်ထမ်းတွေ၊ စီးပွားရေး လုပ်ငန်းရှင်တွေ၊ မန်နေဂျာတွေ၊ ကျောင်းသားကျောင်းသူတွေ၊
လူငယ် တွေနဲ့ ပြည်သူလူထုကို ကွန်ပျူတာ ပစ္စည်းတွေ၊ ကွန်ပျူတာ ဆက်စပ်အပို ပစ္စည်းတွေ၊
နောက်ဆုံးပေါ် အီလက်ထရွန်းနစ်ပစ္စည်းတွေ၊ ဆက်သွယ်ရေး ကိရိယာတွေ၊ Mobile နည်းပညာနဲ့
ပစ္စည်းတွေ၊ ကွန်ပျူတာ အသုံးချဆော့ဖ်ဝဲလ်နည်းပညာတွေကို တစ်နေရာတည်းမှာ ကြည်ရှု
လေ့လာ နိုင်ဖို့ ရည်ရွယ်ပြီးတော့ ပြုလုပ်ပေးတာဖြစ်ပါတယ်"ဟု ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာ
လုပ်ငန်းရှင်အသင်း ၏ Exhibition ,Seminar & Training နှင့် ICT Award ဆိုင်ရာ Sub
Committee  ဥက္ကဋ္ဌ ဖြစ်သူ ကိုမျိုးမင်းဦး ကပြောသည်။

"ပြပွဲလာတဲ့ပြည်သူတွေပြပွဲမှာ ငွေကြေးတွေကို သယ်ဆောင်လာစရာမလိုဘဲနဲ့ ပြပွဲမှာတစ်ခါတည်း
ဝယ်ယူနိုင်ဖို့အတွက် ကျွန်တော်တို့  ATM Corner ဆိုပြီးတော့ KBZ Bank ရယ်၊ CB Bank ရယ်၊
Ayeyawaddy Bank ရယ် ဘဏ်သုံးခုကို ထည့်သွင်းပေးထားပါတယ်။ အဲဒီ ATM Corner မှာ
ငွေထုတ်ပြီး တော့ လိုချင်တဲ့ ပစ္စည်းကို ၀ယ်လိုက်ရုံ ပါပဲ"ဟု ၎င်းကပြောသည်။

ယခုပြပွဲကို ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်းနှင့် ရန်ကုန်တိုင်းဒေသကြီး
ကွန်ပျူတာ လုပ်ငန်းရှင်အသင်းတို့ ယခုနှစ်အတွက် ပထမဆုံးအကြိမ် ပူးပေါင်းကျင်းပခြင်းဖြစ်သည်။

Yangon ICT Fair ကို ယခုနှစ်တွင် ငါးကြိမ်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - နည်းပညာသတင်း