သင်္ကြန်တွင်း မိုဘိုင်းဖုန်း ဟန်းဆက်များ အပျက်နည်း

ယခုနှစ်သင်္ကြန်အပြီးတွင် ဖုန်းများ ရေစိုပျက်စီးသဖြင့် ဆိုင်သို့ လာရောက် ပြင်ဆင်ကြမှုများ
အနည်းငယ်သာရှိ သည်ကို တွေ့ရသည်ဟု မိုဘိုင်းဖုန်း ဆိုင်များက ပြောကြားကြသည်။

"ဒီနှစ်တော့ သင်္ကြန်အတွင်း ဖုန်း ပျက်စီးတာကတော့ လျော့သွားပြီ။ နောက်ပြီး ရေစိုခံအိတ်
တွေထဲ ဖုန်းတွေ ထည့်ပြီး လည်းပင်မှာ ချိတ်ဆော့ကျ တော့ ရေ၀င်ပျက်စီးတာတော့မရှိတော့
ဘူး။ တချို့ ပျက်စီးမှုတွေကတော့ ရေ၀င်တာထက် ကြမ်းကြမ်းတမ်းတမ်း ရေကစားတဲ့အတွက်
ကြောင့် ဖုန်းတွေ ကျကွဲတာတို့တော့ရှိတယ်"ဟု ဩဘငူနုငညါ ဆိုင်မှ တာဝန်ရှိသူက ပြောသည်။

AM Phone and accessories မှ ကိုမျိုးမင်းထွန်းက"အပျက်များတာ ကတော့ Touch တွေ
အပျက်များတယ်။ Software ပိုင်းတွေအနေနဲ့ အပျက်များ တယ်။ ရေ၀င်ပျက်စီးတာတော့
နည်းပါ တယ်။ ကျကွဲသွားလို့ ပြင်ရတာတွေလည်း ရှိတယ်။ Touch မှန်တွေလည်း ပျက်စီး
သွားတာတွေလည်းရှိတယ်။ ရေ၀င်ပျက် စီးမှုကတော့ ရှိသေးတယ်။ ဒါပေမဲ့ အရင် နှစ်က
လောက်တော့ မရှိတော့ဘူး။ ရေ ၀င်လို့ Touch တွေမလာတာတို့၊ တချို့ တွေကလည်း
ရေ၀င်ပြီး service တိုင် တွေ မတက်ဘူး။ အဲလိုလေးတွေတော့ ရှိတာပေါ့။ ဒါပေမဲ့နည်း
သွားပါပြီ"ဟု ပြောကြားသည်။

မိုဘိုင်းဖုန်းသုံးစွဲသူ ကိုကျော်ဝင်းလှိုင် က"ဒီနှစ်ဖုန်းတွေ ရေ၀င်တာတွေတော့ မရှိလောက်တော့
ဘူးလို့တော့ ထင်ပါ တယ်။ ရေစိုခံအိတ်တွေကလည်း ရေလုံ တော့ ဖုန်းတွေထဲကို ရေ၀င်စရာမရှိ
တော့ ပါဘူး။ တကယ်လို့ ဖုန်းတွေပျက်ရင် လည်း မတော်တဆကြောင့်ပျက်တာ တွေပဲရှိမယ်လို့
ထင်ပါတယ်။ ကျကွဲ တာတို့၊ တတ်နင်းမိတာတို့တွေပေါ့" ဟု ပြောသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - နည်းပညာသတင်း