စမတ်ဖုန်းအတွက် သရီးဒီ ဖန်သားပြင် ဖန်တီးနေတဲ့ အမ်မဇုန်ကုမ္ပဏီ

စမတ်ဖုန်းထုတ်တော့မယ်လို့ ကောလာ ဟလတွေ ထွက်နေတာ ကြာပြီဖြစ်တဲ့ Amazon ဟာ
စမတ်ဖုန်းတွေမှာ သရီးဒီ ဇာတ်ကားကို မျက်မှန်မပါဘဲ ကြည့် နိုင်အောင် ဖန်သားပြင်နည်းပညာ
သစ် တစ်မျိုးကို ဖန်တီးပြုလုပ်နေတယ်လို့ မေ ၉ ရက်ထုတ် ဝေါလ်စထရိဂျာနယ်မှာ ဖော်ပြထား
ပါတယ်။

အင်တာနက်စတိုးကုမ္ပဏီကြီးဖြစ်တဲ့ Amazonဟာ သူ့ရဲ့ Kindle တက် ဘလက်နဲ့ e-reader ကို
gadgets တချို့မှာ ထပ်တိုးချဲ့ပေးဖို့ ဆောင်ရွက် နေတယ်လို့လည်း ဂျာနယ်မှာ ဖော်ပြထားပါတယ်။

အဲဒီပစ္စည်းတွေထဲမှာ စမတ်ဖုန်း နှစ်ခုနဲ့ အင်တာနက်ကနေ သီချင်း တိုက်ရိုက်နားထောင်လို့ရစေ
တဲ့ ပစ္စည်း တစ်ခုလည်း အပါအ၀င်ဖြစ်တယ်လို့ Amazon ရဲ့ စီမံကိန်းတွေနဲ့ ပတ် သက်ပြီး အတွင်း
သိဖြစ်တဲ့သူတွေ ပြော တာကို ကိုးကားပြီး ဂျာနယ်မှာ ဖော်ပြ ထားပါတယ်။

သရီးဒီဖန်သားပြင်မှာ မျက်စိ အာရုံခံ လွှာ ခြေရာခံတဲ့ နည်းပညာကို အသုံး ပြုမှာဖြစ်ပါတယ်။
ဒီနည်းပညာဟာ စမတ်ဖုန်း ဖန်သားပြင်ပေါ်မှာ ရုပ်ပုံတွေကို သုံးဖက် မြင်လို ဖန်သားပြင်ထက်မှာ
ကြွနေ တယ်လို့ ထင်ရစေပါတယ်။ Amazon စမတ်ဖုန်းထွက်တော့မယ် ဆိုတဲ့ ကောလာဟလ
တွေ ၂၀၁၁ ခုနှစ် ကတည်းက ထွက်နေတာပါ။ ဒါပေမဲ့ Amazon စမတ်ဖုန်းဟာ နောက်နှစ်အတွက်
စီစဉ်ဆဲကိစ္စအဖြစ် ယူဆရတယ်လို့ Citygroup ရဲ့ သုတေ သန အစီရင်ခံစာထဲမှာ အဲဒီအချိန် တုန်း
က ဖော်ပြထားပါတယ်။

Amazon ဟာ ဟာ့ဒ်ဝဲပိုင်းလောက အတွင်း ကျယ်ကျယ်ပြန့်ပြန့် ၀င်လာဖို့ ကြိုးစားနေပေမယ့်
သူ့ရဲ့ စီမံကိန်းကို ငွေကြေး ဒါမှမဟုတ် စွမ်းဆောင်နိုင်မှု အကြောင်းပြချက်နဲ့ ဆက်ပြီး ရွှေ့ဆိုင်း
ထားဆဲပါလို့ ဝေါလ်စထရိဂျာနယ်မှာ ဖော်ပြထားပါတယ်။

(အေအက်ဖ်ပီ)

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - နည်းပညာသတင်း