ယာဉ်စည်းကမ်းဖောက်ဖျက်ကျူးလွန်သူများကို စည်ပင်သာယာ ဥပဒေအရ ဒဏ်ကြေးထပ်မံတိုးမြှင့်

မန္တလေးမြို့တွင်း တစ်နေရာ မိန်းလမ်းပေါ်တွင်ဆိုင်ကယ်ချင်းတိုက် ခိုက်မှု ဖြစ်ပွားနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - စည်သူလွင်မန္တလေးမြို့တွင်း တစ်နေရာ မိန်းလမ်းပေါ်တွင်ဆိုင်ကယ်ချင်းတိုက် ခိုက်မှု ဖြစ်ပွားနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - စည်သူလွင်

မန္တလေးမြို့တော် စည်ပင်သာယာ နယ်နိမိတ်နှင့် အခြားမြို့နယ်စည်ပင် သာယာနယ်နမိတ်အတွင်း
တွင် ယာဉ် စည်းကမ်း၊ လမ်းစည်းဖောက်ဖျက် ကျူး လွန်သူများအား စည်ပင်သာယာရေး ဥပဒေ
အရ ဒဏ်ကြေးများ ထပ်မံတိုးမြှင့် လိုက်ကြောင်းသိရသည်။

မန္တလေးမြို့တော်စည်ပင်သာယာရေး ၀န်ကြီးဌာနမှ မေလ ၇ ရက်နေ့ ရက်စွဲ ပါ အစာမှတ် ၂၈/၂၀၁၃
ဖြင့် မြို့နယ် စည်ပင်သာယာရေးရုံးသို့ ထုတ်ပြန် ထား ကြောင်းသိရသည်။ "အခုလ ၇ ရက်နေ့က
စပြီး စာထုတ် လိုက်တယ်။

ယာဉ်စည်းကမ်း၊ လမ်း စည်းကမ်းမလိုက်နာတဲ့သူတွေကို စည် ပင်သာယာရေးအဖွဲ့များဥပဒေ
ပုဒ်မ ၉၁ နဲ့ ဒဏ်ငွေ အနည်းဆုံး သုံးသောင်း ကနေ တစ်သိန်းထိတိုးပြီး အရေးယူ တော့မယ်"ဟု
တိုင်းဒေသကြီးရဲ တပ်ဖွဲ့ မှူးရုံးမှ ရဲမှူး စိုးညိမ်းက ယခုလ ၈ ရက် နေ့ကပြောသည်။

စည်ပင်သာယာရေးဝန်ကြီးဌာနမှ စာအမှတ် ၁၉/၂၀၁၃ ဖြင့် မတ်လပိုင်း အတွင်းကလည်း
မြို့တော်စည်ပင်သာ ယာနယ်နမိတ်အတွင်းတွင် ယာဉ်စည်း ကမ်း၊ လမ်းစည်းကမ်းဖောက်ဖျက်သူ
များအား စည်ပင်ဥပဒေအရ ဒဏ်ငွေ နှစ်သောင်းမှ တစ်သိန်းထိ အရေးယူရန် ထုတ်ပြန်ကြေညာခဲ့
ပြီး ယခုထပ်မံ တိုးမြှင့် ခဲ့ခြင်းဖြစ်သည်။

စည်ပင်သာယာဥပေဒဖြင့် အရေးယူ မှုများအား ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၇ ရက်နေ့မှ စတင်အရေး
ယူခဲ့ရာ ၂၀၁၃ ခုနှစ် ဧပြီလအတွင်း စည်ပင်ဥပဒေ ပုဒ်မ ၂၆ ဖြင့် စစ်ဆေးအရေးယူခဲ့သော စာရင်း
များမှာ မော်တော်ယာဉ်စီးပေါင်း ၂,၈၃၅ စီး၊ အမှုပေါင်း ၃,၀၀၃ မှု၊ မော်တော် ဆိုင်ကယ်စီးရေ
၆,၉၅၃ စီး၊ အမှုပေါင်း ၇,၁၃၉ မှု၊ စုစုပေါင်းအရေးယူမှုမှာ ယာဉ်စီးရေ ၉,၇၈၈ စီးနှင့် အမှုပေါင်း
၁၀,၁၄၂ မှုတို့ထိ အရေးယူဆောင်ရွက် နိုင်ခဲ့ကြောင်း တိုင်းဒေသကြီး အစိုးရရုံးမှ သိရသည်။

"စည်းကမ်းလိုက်နာမှု အရမ်းအား နည်းတဲ့အတွက် ယာဉ်တိုက်မှုတွေက အဖြစ်များလာတယ်။
ဝန်ကြီးချုပ်က လည်း ဒီလထဲမှာ စည်းကမ်းတွေကို တင်းကြပ်ဖို့ လမ်းညွှန်ထားပါတယ်" ဟု
မန္တလေးတိုင်းဒေသကြီး လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးကျော်ဆန်းက ယခုလ ၇ ရက်နေ့က
၎င်း၏ရုံးခန်းတွင် ပြောသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - နည်းပညာသတင်း